Saturday, August 3, 2013

မြန်မာ့တပ်မတော် ခေတ်မီရေး အမေရိကန် ကူညီမည်

မြန်မာ့တပ်မတော်ကို ခေတ်မီကျွမ်းကျင် တပ်မတော် ဖြစ်
လာစေရေးအတွက်အမေရိကန်အစိုးရကစစ်ရေးအရပူးပေါင်းေ
ဆာင် ရွက်မှုများ ပြုလုပ်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံ အမတ်ကြီး မစ္စတာဒဲရစ်မစ်ချဲလ် က ပြောကြား သည်။ မြန်မာနိုင်ငံသို့ သုံးရက်ကြာ ရောက် ရှိနေသော အမေရိကန် ပြည်ထောင်စု အမျိုးသားလုံခြုံရေး ဒုတိယအကြံပေး အရာရှိ Ben Rhodes နှင့် သတင်းမီဒီယာအချို့ တွေ့ဆုံပွဲတွင် ၄င်းက ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။ 
အမေရိကန်အစိုးရ၏ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုဆိုရာ၌ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များ၊ လူ့အခွင့် အရေးကိစ္စရပ်များနှင့်ပတ်သက်၍ မြန်မာ့တပ်မတော်အနေနှင့်
 ခေတ်မီကျွမ်း ကျင်သော တပ်မတော်အဖြစ် ရပ်တည်နိုင်စေရန် ရည်ရွယ်ကြောင်း ၄င်းက ရှင်းပြသည်။ အဆိုပါ နှစ်နိုင်ငံ ပူးပေါင်းဆောင် ရွက် မှုများကို အမေရိကန် ပြည်ထောင်စု ကာ ကွယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ အပြည်ပြည် ဆိုင်ရာ ကာကွယ်ရေးနှင့် ပတ်သက်သည့် ဥပဒေပညာဆိုင်ရာ အဖွဲ့အစည်းမှတစ် ဆင့် ဆောင် ရွက် သွားမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။ “အမေရိကန် ပြည်ထောင် စုက မြန်မာ့ တပ်မတော် ကို ခေတ်မီကျွမ်းကျင်ဖြစ်ရေးကို အားပေး သလို မြန်မာ့တပ်မတော်သား ၂၅ ရာခိုင်နှုန်း လွှတ်တော်ထဲ မှာ နေရာယူထားတာ ကိုလည်း စွန့်လွှတ်စေချင်ပါတယ်” ဟု အမေရိကန်ပြည်ထောင်စု အမျိုးသားလုံခြုံရေး ဒုတိယ အကြံပေး အရာရှိ Ben Rhodes က ပြောကြားသည်။ 
ယင်းသို့ နှစ်နိုင်ငံ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတွင် အမေရိကန် အစိုးရက မြန်မာနိုင်ငံသို့ လက်နက်ရောင်း ချခြင်းနှင့် စစ်ရေးလေ့ကျင့်မှုများ လုံးဝပြုလုပ်မည် မဟုတ်ကြောင်း အမေရိကန် သံ အမတ်ကြီးက ငြင်းဆိုပြောကြားသွားသည်။ အလားတူပင် ဗြိတိန်အစိုးရက လည်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၏ ဗြိတိန်ခရီးစဉ်အတွင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီး Philip Hmmond နှင့် တွေ့ ဆုံရာတွင်သဘောတူညီခဲ့ကြသည့်အတိုင်း မြန်မာ့တပ်မတော်အတွက်လူ့အခွင့်အရေး လေးစားလိုက် နာမှုဆိုင်ရာ သင်တန်းကို ပေးအပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးထံမှ သိရ သည်ဟု ၂၀၁၃ ခုနှစ် သြဂုတ်လ ၃ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထား ပါသည်။
From:ခေတ်လူငယ်

No comments:

Post a Comment