Saturday, August 10, 2013

အိမ်ရှင်က အဓမ္မကျင့်သည်ဟုဆိုကာ အိမ်အကူအမှုဖွင့်

အိမ်ရှင်အမျိုးသား၏ အဓမ္မကျင့်မှုကို ခံရသည်ဟုဆိုကာ အိမ်အကူအမျိုးသမီးတစ်ဦးကအမှုဖွင့် တိုင် တန်းမှု တစ်ခုကို မှော်ဘီရဲစခန်းက သြဂုတ် ၇ ရက်တွင် အမှုဖွင့်စစ်ဆေးလျှက်ရှိကြောင်း ရန်ကုန် တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန်သည်။
အဆိုပါ အိမ်အကူအမျိုးသမီးသည် အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်ပြီး သူအလုပ်လုပ်ရာ အိမ်နောက် ဖက်ရှိထင်းတဲအတွင်းမှသူ့အိပ်ယာတွင် နေမကောင်းသဖြင့် အိပ်စက်နေစဉ် အဓမ္မကျင့်ခံ ရခြင်းဖြစ် သည်ဟု ရဲကို ထွက်ဆိုထားသည်။
သြဂုတ်၎ရက်က အိမ်ရှင်ဖြစ်သည့် အသက် ၄၀ အရွယ်အမျိုးသားက နေမကောင်းသည့် သူ့ထံ ဆေး လာပေး လိုကြောင်း ပြောသဖြင့် တံခါးဖွင့်ပေးခဲ့သည်ဟု သူမကရဲကို တိုင်တန်းရာတွင် ထွက်ဆို သည်။ ထို့နောက် အိမ်ရှင် အမျိုးသားက တဲအတွင်း ၀င်ရောက်ကာ အတင်းလုံးထွေးချုပ်နှောင်၊ ပါးစပ်ပိတ်၍ ကုတင်ပေါ်သို့ တွန်းလှဲကာ အဓမ္မနှစ်ကြိမ်ကျင့်ခဲ့ကြောင်းလည်း ရဲကိုတိုင်တန်းရာတွင် စွပ်စွဲထွက်ဆို ထားသည်။
အိမ်ရှင်အမျိုးသားက အဓမ္မပြုကျင့်နေစဉ် အော်လျှင်သတ်ပစ်မည်ဟုပြောသဖြင့် မအော်ရဲခဲ့ဘဲ ၎င်း အ မျိုးသား လစ်တွင် ရုန်းကန်၍ အစ်မဖြစ်သူနေထိုင်ရာ ကျေးရွာတစ်ခုသို့ ထွက်ပြေးခဲ့ကြောင်း အမှုဖွင့် ရာတွင် ကာယကံရှင် အိမ်အကူအမျိုးသမီးက ထွက်ဆိုသည်။
အဓမ္မကျင့်ခံရသည်မှာ သြဂုတ် ၄ ရက် ကတည်းကဖြစ်သော်လည်း ကာယကံရှင်သည် အမဖြစ် သူနှင့် တိုင်ပင်ကာ သုံးရက်အကြာတွင်မှ ရဲစခန်း၌ လာရောက်တိုင်တန်းရခြင်းဖြစ်ကြောင်း ရဲမှတ် တမ်း တွင်တွေ့ ရသည်။ ယင်းအမှုကိုမှော်ဘီရဲစခန်းက အမှုအမှတ်(ပ)၂၅၁/၂၀၁၃ဖြင့် အမှုဖွင့် ထားပြီး ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇၆ အဓမ္မပြုကျင့်မှုဖြင့် စွပ်စွဲခံရသူ အိမ်ရှင်အမျိုးသားကို တရားစွဲဆိုရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
Mizzima - News in Burmese

No comments:

Post a Comment