Saturday, August 10, 2013
၈၈ ငွေရတုတွင် ၈၈ ကျောင်းသားများမှ မ၀င်းမော်ဦးမိသားစုအား ပိုက်ဆံမရှိ၍ မဖိတ်ခဲ့ဟုဆို
၈၈ မျိုးဆက်သူရဲကောင်းကြီးများခင်ဗျာ...
၈၈အရးအခင်းမှာ ဘ၀နဲ့ ရင်းပြီးပေးဆပ်သွားတဲ့ မ၀င်းမော်ဦး
ဆိုတာ ရှိပါတယ်။ခင်ဗျားတို့ မှတ်မိလောက်
အုံးမယ်လို့ ထင်ပါတယ်။အခုအချိန်မှာ ခင်ဗျားတို့ တစ်တွေကသာ ပွဲတွေမျိုးစုံကျင်းပပြီး စားလိုက်သောက်
လိုက်၊ သုံးလိုက်ဖြုန်းလိုက်နေနေကြတာ။ တကယ်တမ်းအသက်ပေးသွားတဲ့ သူတွေရဲ့ 
မင်းကိုနိုင်၊ မိုးသီးဇွန်တို့လို ၈၈ခေါင်းစဉ်ဖြင့် ပြည်ပအထောက်အပံ့နဲ့ ကြီးပွားနေကြသူတွေ ၈၈ ငွေရတုပွဲကို မ၀င်းမော်ဦးတို့မိသားစုကိုတော့တက်ရောက်ဖို့မဖိတ်ခဲ့ဘူး။ဘာလိုလဲ? ကြီးပွား သွားကြလို့ အတိတ်မေ့ရောဂါစွဲသွားကြတာလား? ၈၈ချင်းအတူတူ အဲ့ဒါမျိုးတော့မလုပ်ပါနဲ့ ။ ကျနော်သိရသလောက်တော့ ၈၈မျိုးဆက်ဆိုတဲ့ သူတွေနဲ့နိုင်ငံရေးဒေါ်လာစား ဘလော့ဂါတွေ ကတော့ပွဲတွေခဏခဏလုပ်ရင်သူတို့ အတွက် ထောက်ပံ့ကြေးရတယ်လို့ ကြားဖူးပါတယ်။အဲ့ဒီလိုပွဲတွေကျင်းပလို့ ရတဲ့ ထောက်ပံ့ကြေးတွေကိုလဲ
ပြည်သူတွေအတွက်လိုအပ်တဲ့ နေရာတွေမှာ လှူမယ်၊တန်းမယ်မရှိဘူး။ကျဆုံးသွားသူမိသားစု
တွေကိုလဲထောက်ပံ့မယ်မရှိဘူး။သူတို့ ဟာသူတို့ပဲ သူဌေးကြီးတွေပုံစံနဲ့ သုံးဖြုန်းနေကြတာ။
မြန်မာနိုင်ငံမှာ အလုပ်မလုပ်ဘဲထမင်းစား၊သုံးဖြုန်းနိုင်နေတာ ၈၈ မျိုးဆက်ကျောင်းသားဆိုသူတွေ
ပဲတွေ့ ဖူးပါတယ်။
တကယ်တမ်းဘ၀နဲ့ရင်းသွားရတဲ့သူတစ်ဦးရဲ့မိသားစုကိုတော့လျစ်လျူရှုထားပြီး မိမိတို့သာ
သူရဲကောင်းပမာမီဒီယာရှေ့တွင်မားမားမတ်မတ်ကြီးသူတော်ကောင်းယောင်ဆောင်နေတာကတော့
အမှန်တကယ်ပင် စိတ်ထဲ ဘ၀င်မကျဖြစ်မိပါသည်။
By Zaw Linn Myat
No comments:
Post a Comment