Wednesday, August 14, 2013

ပြန်လမ်းမရှိ အင်္ဂြါ၈ိုဟ် ခရီးစဉ် ထပ်မံ လျှောက်ထားသူ ၁ဝဝဝဝဝ ကျော်ရှိ

နာဆာအဖွဲ့က ၂ဝ၂၂ခုနှစ်တွင် စတင်မည့် အင်္ဂါဂြိုဟ်၌ နယ်မြေသစ် ရှာဖွေမည့် Mars One စီမံကိန်းတွင် ပါဝင်နိုင်ရေး အတွက် အဆိုပါ ဂြိုဟ်သို့ ပြန်လမ်းမရှိ သွားရောက်ရန် စိတ်အား ထက်သန်စွာ ထပ်မံ ဆက်သွယ် ထားသော လူပေါင်း ၁ဝဝဝဝဝ ကျော် ရှိကြောင်း ယင်းအဖွဲ့က ထုတ်ပြန် ကြေညာ ထား သည်။
ထိုသို့ ထပ်မံဆက်သွယ်ထားသူများသည် အင်္ဂါဂြိုလ်သို့ အသွားသာ ရှိပြီး အပြန်ခရီးမရှိသည့် ခရီးစဉ်တွင် ပါဝင်ရန် ဆန္ဒ ပြင်းပြလျက် ရှိကြောင်း၊ ၎င်းတို့သည် ကျန်ရှိနေသော ၎င်းတို့၏ ဘဝကို အဆိုပါ ဂြိုဟ်ပေါ်တွင်သာ ကုန်ဆုံးရန် မျှော်မှန်း ထားသူများ ဖြစ်ကြောင်း CNN သတင်းဌာန ၏ ကြေညာချက် အရ သိရှိရသည်။
အဆိုပါ တစ်လမ်းသွား ပြန်လမ်းမရှိ ခရီးစဉ်အတွက် လာရောက်လျှောက်ထားသူ မြောက်မြားစွာ ရှိကြောင်း Mars One ၏ ပူးတွဲ တည်ထောင်သူနှင့် အမှုဆောင် အရာရှိချုပ် ဘတ်စ်လန်းစ်ဒဒေါ့ က ပြောကြားထားသည်။
ယခုနှစ် မေလ အတွင်းကလည်း အင်္ဂါဂြိုဟ်ပေါ် သို့ သွားရောက် နေ ထိုင်ရန် လူပေါင်း ၇၈ဝဝဝကျော်က Mars One ကုမ္ပဏီသို့ လျှောက် ထားခဲ့ကြကြောင်း သိရ သည်။
FROM-MYAWADDY NEWS

No comments:

Post a Comment