Thursday, August 1, 2013

နာဆာ ဂြိုလ်တုမှ လေ့လာတွေ့ရှိရပုံ

Photo: မိုးဆက်တိုက် ရွာသွန်းလာသဖြင့် ချင်းတွင်းမြစ်ဝှမ်းတွင်လည်း မြစ်ရေကြီးသည့်အခြေအနေများဖြစ်ပေါ် လာနိုင်ကြောင်းမိုးလေ၀သပညာရှင်ဒေါက်တာထွန်းလွင်က ဇူလိုင်လ ၃၁ ရက်တွင်ပြောကြားသည်။

"ချင်းတွင်းမြစ်အထက်ပိုင်းဖြစ်တဲ့ ခန္တီးတို ဟုမ္မလင်းတို့ ကတော့အနီရောင်...အဆင့်ဖြစ်နေပြီ အနီရောင်အဆင့် ဆိုတာ ရေကြီးမူ့ အန္တရယ်မြင့်မားနေပြီ မုံရွာကတော့ သတိထားရမဲ့အနေအထားဖြစ်နေပြီ နောက် ၃ ရက်လောက်ဆိုမုံရွာလဲကြီးနိုင်တယ်" ဟုဒေါက်တာထွန်း လွင်ကပြောသည်။

မိုးလေ၀သသတင်းများထုတ်ပြန်ပေးနေသော အမေရိကန်အာကာသသိပ္ပံ ( နာဆာ) ၏ တိုင်းထွာချက်များအရ ဘင်္ဂလားအော်တွင်မုတ်သုန်လေအားကောင်းနေပြီးတောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းမှာလည်း ဗီယက်နမ်ကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်နိုင်သဖြင့်မြန်မာနိုင်ငံတွင်နောက် ၂ ရက်မှ ၃ ရက်ထိ မိုးများနေဦးမည်ဖြစ်သည်။

နာဆာမှတိုင်းထွာရရှိသော ရေဖုံးလွှမ်းခံနေရသောဒေသများမှာ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ကချင်ပြည်နယ်အနောက်အလယ်ပိုင်း၊ရခိုင်ပြည်နယ်၊ဧရာဝတီတိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်းတောင်ပိုင်း၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နှင့်တနင်္သာရီတိုင်းမြောက်ပိုင်းတို့ ဖြစ်သည်။

7Day News Journal
မိုးဆက်တိုက် ရွာသွန်းလာသဖြင့် ချင်းတွင်းမြစ်ဝှမ်း တွင် လည်း မြစ်ရေကြီးသည့်အခြေအနေများဖြစ်ပေါ် လာနိုင်
 ကြောင်းမိုးလေ၀သပညာရှင်ဒေါက်တာထွန်းလွင်က ဇူ လိုင်လ ၃၁ ရက်တွင်ပြောကြားသည်။
"ချင်းတွင်းမြစ်အထက်ပိုင်းဖြစ်တဲ့ ခန္တီးတို ဟုမ္မလင်း တို့ ကတော့ အနီရောင်...အဆင့်ဖြစ်နေပြီ အနီရောင် အဆင့် ဆိုတာ ရေကြီး မူ့ အန္တရယ်မြင့်မားနေပြီ မုံရွာ ကတော့ သတိထားရမဲ့အနေ အထားဖြစ်နေပြီ နောက် ၃ ရက်လောက်ဆိုမုံရွာလဲကြီးနိုင် တယ်" ဟုဒေါက်တာထွန်း လွင်ကပြောသည်။
မိုးလေ၀သသတင်းများထုတ်ပြန်ပေးနေသော အမေရိကန်အာကာသသိပ္ပံ (နာဆာ)၏ တိုင်းထွာချက်များ အရ ဘင်္ဂလားအော်တွင်မုတ်သုန်လေ အားကောင်းနေ ပြီးတောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသော အပူပိုင်း မုန်တိုင်းမှာလည်း ဗီယက်နမ်ကမ်းခြေ ကိုဖြတ်ကျော် ၀င်ရောက်နိုင်သဖြင့်မြန်မာနိုင်ငံတွင်နောက် ၂ ရက်မှ ၃ ရက်ထိ မိုးများနေဦးမည်ဖြစ်သည်။
နာဆာမှတိုင်းထွာရရှိသော ရေဖုံးလွှမ်းခံနေရသောဒေသများမှာ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကချင်ပြည် နယ် အနောက်အလယ်ပိုင်း၊ ရခိုင်ပြည်နယ်၊ဧရာဝတီတိုင်း၊ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတောင်ပိုင်း၊ ကရင်ပြည် နယ်၊ မွန်ပြည်နယ်နှင့်တနင်္သာရီတိုင်းမြောက်ပိုင်းတို့ ဖြစ်သည်။

No comments:

Post a Comment