
တယ်လီနောက ပြည်တွင်းတွင် ထူထောင် လုပ်ကိုင်မည့် တယ်လီနောမြန်မာကုမ္ပဏီတွင်တာဝန်ထမ်းဆောင်မည့် ပြည် တွင်းပြည်ပ ဝန်ထမ်း များကို သြဂုတ်လအတွင်း စတင်ခေါ် ယူ သွားမည်ဖြစ်ပြီး လက်ရှိ လိုအပ်ချက်ပေါ် မူတည်၍ ခန့်အပ်မည့် ဝန်ထမ်းပမာဏကိုသတ်မှတ်သွားမည် ဖြစ်ကြောင်း၎င်းကပြော ဆိုသည်။ ခန့်အပ်ခံရသော ဝန်ထမ်း များအရည်အသွေးမြှင့်တင်ရန် တာဝန်ထမ်းဆောင်စဉ် ကာလအ တွင်း လေ့ကျင့် သင်ကြားမည်ဟု ၎င်းကဆိုသည်။
“ပြည်ပကို ရောက်နေတဲ့ မြန်မာတချို့ကလည်း တယ်လီနောမြန်မာကုမ္ပဏီမှာတာဝန်ထမ်းဆောင် ချင် တယ်ဆိုပြီး ဆက်သွယ် လာတာတွေရှိပါတယ်။ နောက်ပြီး ပြည်ပပညာရှင်တွေလည်း ခန့်ထား မှာပါ” ဟု ၎င်းကဆိုသည်။ ဝန်ထမ်းခေါ်ယူမှုများကို မီဒီယာများမှ တစ်ဆင့် ကြေညာခေါ်ယူ သွား မည် ဖြစ်ပြီး လိုအပ်သော အရည် အချင်းများကို ယင်းအချိန်တွင် သိရှိရမည် ဖြစ်ကြောင်း တယ်လီနော ကုမ္ပဏီထံမှ သိရှိရသည်။ ယင်းကုမ္ပဏီသည် ပြည်တွင်းဝန်ထမ်း ၉၉ ရာခိုင်နှုန်းခန့်အပ် မည်ဟုဇူလိုင်လ၁၀ရက်နေ့က နေပြည်တော်တွင်ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် ပြောကြား ထားသည်။
“တင်ဒါအောင်တဲ့ ဆက်သွယ်ရေးကုမ္ပဏီတွေ ဘယ်တော့လူခေါ်မလဲ စောင့်နေတာ။ စခေါ်ရင် သွားလျှောက်မှာ။ သူတို့ဆီမှာ လုပ်ချင်နေတာကြာပြီ” ဟု အီလက်ထရွန်နစ် ကုမ္ပဏီတစ်ခုမှ အရောင်းတာဝန်ခံ ဦးကျော်ကျော်လင်းက ပြောဆိုသည်။ တယ်လီနောက လိုင်စင်ရရှိပြီး ရှစ်လ အကြာတွင် မိုဘိုင်းလ်ဝန်ဆောင်မှုများ စတင်ပေးအပ်မည်ဖြစ်ပြီး ဆင်းမ်ကတ် အရောင်းဆိုင် ခုနစ်သောင်းကျော်နှင့် ငွေဖြည့်ကတ်အရောင်းဆိုင်ကိုးသောင်းကျော်ဖွင့်လှစ်မည် ဖြစ်ကြောင်း ကြေ ညာ ထားသည်။နော်ဝေအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီတယ်လီနောသည် ထိုင်း၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ နော်ဝေ၊ ဆွီဒင်၊ မွန်တီနီဂရိုး၊ ဒိန်းမတ်၊ ဟန်ဂေရီ၊ ဆားဘီးယား စသည့်နိုင်ငံတို့တွင် ၎င်း၏ မိုဘိုင်းလ်ဝန်ဆောင်မှု အသုံးပြုသူ အရေအတွက် ၁၄၈ သန်း ရှိသည်။
www.bellbagan.com
No comments:
Post a Comment