Friday, July 12, 2013

အဂ်ါဂြိုလ်ပေါ်မှ အမျိုးသမီးသည် မြန်မာဖြစ်ကြောင်း အခိုင်အမာပြောပြီ

 ကဲဘာပြောကြမလဲ...ဒါတော့ဟုတ်မဟူတ်ကျနော်မသိပါ

အမေရိကန်နိုင်ငံ NASA အာကာသလေ့လာေ၇း 
ဌာနမှ အဂ်ါဂြိုလ်လေ့လာရေးအတွက် လွှတ်တင် ထားသော ကျူရီယိုစီတီလေ့လာရေးယာဉ်မှ ပြန် လည်ပေးပို့လိုက်သော၊ Facebook, Twitter အစ ရှိသည့် လူမှုကွန်ရက် ၀က်ဆိုက်များတွင် ပျံ့နှံ့ နေသော ဓါတ်ပုံ (ပူးတွဲပါပုံ)တွင် ပါရှိသည့် အမျိုး သမီးသည် မြန်မာအမျိုးသမီးဖြစ်ကြောင်း ဦးအောင် (အတွင်းေ၇းမှူး) (Myanmar Waitzar Association) မှ ယနေ့အခိုင်အမာ ဖွင့်ချပြော ဆိုလိုက်သည်။
မနုကျယ်ဓမ္မသတ်ကို စီရင်ရေးသားခဲ့သည့် မနုစာရီမင်းသမီးသည်ဟန်လင်း၊ သရေခေတ္တ ရာ စသည့် ပျူနိုင်ငံများ ထွန်းကားခဲ့စဉ်က ပုပ္ပါးနယ် တ၀ိုက်တွင် ခေတ်ပြိုင်ပေါ်ထွန်းခဲ့သည့်အင်အားကြီးမားသော ရှေးဦးပြူနိုင်ငံတစ်ခု၏

မင်းသမီးတစ်ပါးဖြစ်ပြီး အင်း၊ အိုင်၊ ခလှဲ့၊ လက်ဖွဲ့ လောကီအတတ်များနှင့် အဂ္ဂိရပ်အတတ် ပညာ များတွင် တဖက်ကမ်း ခတ် ကျွမ်း ကျင် လှ သည့် မင်းသမီးတစ်ပါးဖြစ်သည်။
မနုစာရီမင်းသမီးသည် ကြီးမားသောဖိုရုံကြီးများကို နန်းတော်အတွင်းတည်ဆောက်၍ အဂ္ဂိရပ်ဓါတ် တို့၏ သဘော ကိုစောကြောနိုင်ရန် အမြဲပင်ဓါတ်ကစား၍ ပျော်မွေ့နေလေ့ရှိသည်။
တစ်နေ့ တွင် တိဘတ်ကုန်သည်များ ဆက်သလာသည့် အဂ္ဂိရပ်နည်းလမ်းတစ်ခုကို စမ်းသပ်ရန် ဓါတ် ပစ္စည်း အသစ်များပေါင်း စပ်၍ ဖိုကစားရာမှ ကြီးမားသော ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်ပြီး ယဉ်ကျေးမှု သိပ္ပံပညာများ ထွန်းကားလှသည့် မနုစာရီမင်းသမီး၏ ပျူနိုင်ငံတော်ကြီးမှာလည်း ကမ္ဘာ့မြေပြင်ပေါ်မှ သမိုင်းမကျန်အောင် အဆုံးတိုင်ပျောက်ကွယ် သွားလေသည်။ (ယနေ့ ခေတ် ဘူမိဗေဒ ပညာရှင်များက ပုပ္ပါးနယ် တ၀ိုက်တွင် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာကယနေ့  ကမ္ဘာပေါ်ရှိ နျူကလီးယားပေါက်ကွဲမှုများထက် အဆပေါင်းများစွာ ပြင်းထန်သော ပေါက်ကွဲမှု တစ် ခု ဖြစ်ပွားခဲ့ကြောင်း အဆိုပါဒေသရှိ ကျောက်များကို လေ့လာရာမှ ရှာဖွေတွေ့ရှိပြီး ဖြစ်သည်။)
မနုစာရီမင်းသမီးမှာ ပေါက်ကွဲမှုကြောင့် အသက်ဓါတ်ကြွေပျက်သွားသော်လည်း ဖိုကစားစဉ် ရွတ်ဖတ်ခဲ့ သည့် မန္တန်များအစွမ်းကြောင့် ရုပ်ခန္ဓာ မပျက်စီးပဲ ပေါက်ကွဲမှုအရှိန်ဖြင့် ကမ္ဘာ့အပြင်သို့ လွင့်စင်သွားပြီး အဂ်ါဂြိုလ်ပတ်လမ်းအတွင်း ရောက်ရှိ သွားသောအခါ ဂြိုလ်ဆွဲအားကြောင့် မင်းသမီး၏ ကြွင်းကျန်ရစ်သော ခန္ဓာသည် မပျက်စီးပဲ ဂြိုလ်ပေါ်သို့ သက်ဆင်း သွားလေသည်။
(တရုတ်နိုင်ငံသည် တိဘတ်ကို သိမ်းပိုက်ပြီး ရရှိလာသော တိဘတ်ရှေးဟောင်း ကျမ်းစာများကို လေ့ လာခြင်းဖြင့် နျူလက်နက် ပိုင်ဆိုင်သော နိုင်ငံဖြစ်လာသည်ဟု ၀ီကီလိခ်မှ ဖွင့်ချပြီးဖြစ်သည်။)
ယနေ့ကမ္ဘာတွင် အပြင်းအထန်အငြင်းပွားနေသည့် အဂ်ါဂြိုလ်မှ အမျိုးသမီးသည် မြန် မာဖြစ်ကြောင်း ဖွင့်ချသွားသူ ဦးအောင် (ဘိုးဘိုးအောင်) သည် မြန်မာဝိဇ္ဇာအဖွဲ့အစည်း ( MWA ) ၏ အတွင်းရေးမှူးဖြစ်ပြီး ပုပ္ပါးတောင် ဓါတ်စခန်းတွင် ဓါတ်စီးစဉ် ပြတ်ပြတ်သားသား အခိုင်အမာ ပြော ကြားသွားခြင်းဖြစ်သည်။
မည်သည့်လူသားမျှ ခြေမချနိုင်သေးသည့် အဂ်ါဂြိုလ်ပေါ်သို့ ပထမဆုံး ခြေချသူသည် မြန်မာဖြစ်ရုံ သာမက အမျိုးသမီးလည်းဖြစ်ခြင်းကြောင့် ဒီသတင်းကိုကမ္ဘာက သိစေဖို့ ရွှေမြန်မာတို့ရေ ဂုဏ်ယူ စွာဖြင့် ထပ် ဆင့်ပြော ပပေးကြ ပါဦးလားဗျာ။
(Aye Myozatt - ပုပ္ပါးတောင် ဓါတ်စခန်း မှ တိုက်၇ိုက်သတင်းပေးပို့သည်)
FROM- GENERAL KNOWLEDGE

No comments:

Post a Comment