Wednesday, July 24, 2013

ဗုဒ္ဓဂါယာကို ဗုံးနှင့်တိုက်ခိုက်၍ ကော့စ်ဘဇားတွင် ဘာသာကြီး သုံးရပ်မှ ငြိမ်းချမ်းစွာ ဆန္ဒပြ၊?????

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကော့စ်ဘဇား
 ခေါ် ဖလောင်းချိတ် ခရိုင်မြို့တွင် 
ခရစ်ယာန်၊ ဟိန္ဒူနှင့် ဗုဒ္ဓဘာသာ
ဝင်များကလက်ချင်းချိတ်ပြီးအိန္ဒိယ 
 နိုင်ငံ ဗုဒ္ဓဂါယာအား ဗုံးခွဲတိုက်ခိုက် မူကို ဆန့်ကျင် ကန့်ကွက်သည့်  အနေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြ သည်။၎င်းဆန္ဒုပြပွဲအားခရစ်ယာန်၊ ဟိန္ဒူနှင့် ဗုဒ္ဓဘာသာ ညီညွှတ်ရေး အဖွဲ့မှဦးဆောင် ပြုလုပ်ခြင်း ဖြစ်ပြီး ယမန်နေ့ ( တနင်္ဂနွေ)နေ့ နံနက် ၁၀ နာရီမှ စတင်ပြီး ကော့စ်
ဘဇားမြို့ ခရိုင် ကောင်စီ ရုံးရှေ့တွင် ပြုလုပ်ခဲ့ကြသည်။
ဆန္ဒပြပွဲတွင်ဇူလိုင်လ၇ရက်နေ့ကဗုဒ္ဓဂါယာရှိ မြတ်ဗုဒ္ဓပွင့်တော်မူရာမဟာဗေါဓိနှင့်တစ်ခြား  နေရာ နှစ် ခုအား ဗုံးခွဲတိုက်ခိုက်မူကို မိမိတို့ ရှုတ်ချကြောင်း၊ သက်ဆိုင်ရာ အိန္ဒိယ နိုင်ငံ အနေဖြင့် အမြန်ဆုံး တရားခံများအား ရှာဖွေ ဖေါ်ထုတ်ဖမ်းဆီးရန် လိုအပ်ကြောင်း၊ ဘင်္ဂလာဒေခ်ျ့ အစိုးရ အနေဖြင့် လည်း နိုင်ငံတကာ အဖွဲ့အစည်း များနှင့်ပူးပေါင်း၍တရားခံများကိုဖမ်းဆီးရရှိရေးကူညီရန် တောင်း ဆိုကြောင်း စသဖြင့် ဆန္ဒပြ ခေါင်းဆောင်များက ပြောကြားသည်။
ဆန္ဒပြပွဲသို့ ရခိုင်ခေါင်းဆောင်များ ဖြစ်ကြသည့် ဦးကျော်သိန်း၊ ဒေါက်တာ မယဉ်နုနှင့် ရခိုင်အမျိုး သမီး များ တက်ရောက်ခဲ့ကြသည်။
(နိရဉ္စရာ- ၂၂ ဇူလိုင် ၂၀၁၃)

No comments:

Post a Comment