ဟုတ်မဟုတ်တော့မသိဘူးဘက္ထရီအဟောင့်နဲ့စမ်းကြည့်ပေါ့
(ဘက်ထရီ အဟောင်းလေးတွေနဲ့အရင်စမ်းကြည့်ဦးနော်)
◆ ပုံမှန်သုံးလာတဲ့ လက်ကိုင်ဖုန်းဘက်ထရီဟာ တဖြည်းဖြည်း နဲ့  အသုံးမခံတော့တာတွေ့ ရတတ်ပါတယ်။ အားသွင်းထားပေ မယ့်လည်း ခဏလေးနဲ့  အားကုန်သွားတာဟာ ဘက်ထရီ မကောင်းတော့လို့ ဖြစ်ပါတယ်။ အဲ့ဒီဘက်ထရီကို အသုံး ခံအောင် အားပြည့်လာအောင် လုပ်ကြရအောင်ပါ။
◆ အသုံးပြုရမယ့်ပစ္စည်း
(၁) သတင်းစာစက္ကူအပွစား
(၂) ကတ်ကြေး (လက်နဲ့ ဖြတ်လည်းရပါတယ်)
(၃) သားရေကွင်း
(၄) ပလပ်စတစ်အိတ်(ဟင်းထုပ်အိတ်အရွယ်)
(၅) ရေခဲသေတ္တာ
◆ ပြုလုပ်ပုံအဆင့်ဆင့်
(၁) သတင်းစာစက္ကူအပွစားကို (A4) အရွယ်ရဲ့  တစ်ဝက်စာလောက် အရွယ်ကို ဖြတ်ပါ။ (ဘက်ထရီ အကြီးအသေးပေါ်မူတည်ပြီးစက္ကူကိုဖြတ်ပါ)လက်ကိုင်ဖုန်းဘက်ထရီအဟောင်းကို ဖြတ်ထားတဲ့စက္ကူ တစ်ရွက် နဲ့  အထပ်ထပ်ထုပ်ပါ။
(၂) သားရေကွင်းနဲ့ စည်းပါ။
(၃) စက္ကူနဲ့ ထုပ်ထားတဲ့ဘက်ထရီကို ပလပ်စတစ်အိတ်နဲ့  လိပ်ပတ်ပြီးပြန်ထုပ်ပါ။
(၄) ထုပ်ပြီးသား လက်ကိုင်ဖုန်းဘက်ထရီကို ရေခဲသေတ္တာထဲက ပုံမှန်အခန်းမှာ(၃)ရက်ထည့်ထားပါ။
(၅) ရေခဲသေတ္တာထဲမှာ (၃) ရက်ပြည့်ပြီးနောက်ပြန်ထုတ်ပါ။ ပလပ်စတစ်အိတ်နဲ့ စက္ကူကို ဖြေပါ။
(၆) ပုံမှန်အပူချိန်ရှိတဲ့ မိမိနေအိမ်ရဲ့ တစ်နေရာရာမှာ (၃) ရက်ထားပါ။
(၇) ၃ - ရက် ထားပြီးနောက် အဲ့ဒီဘက်ထရီကို (၈) နာရီကြာ အားသွင်းပါ။
( အဲ့ဒီလိုအားသွင်းပြီးရင်တော့ အသုံးခံတဲ့ ဘက်ထရီဖြစ်လာပါလိမ့်မယ် )
◆ မူရင်းတင်သူဆီကပို့ စ်ကိုသတ်ပုံလေးပြင်..ဟိုဟာနည်းနည်းဒီဟာနည်းနည်းစီပြင်ပြီး
ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။
credit:informationmanic
www.bellbagan.com
No comments:
Post a Comment