Friday, July 26, 2013

မန္တလေးမြို့ရှိ ရတနာပုံခေတ်နှောင်းပိုင်းလက်ရာ သီပေါမင်း၏ကောင်းမှုတော် ရွှေနန်းတော်ကျောင်းအား မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ် လာရောက်လေ့လာ

မန္တလေးမြို့ရှိ ရတနာပုံခေတ် နှောင်းပိုင်း လက် ရာသီပေါမင်း၏ ကောင်းမှုတော် ရွှေနန်းတော်
 ကျောင်းအား မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဒဲရစ်မစ်ချယ်သည် ဇူလိုင်လ ၂၅ ရက် နံနက် ပိုင်း က လာရောက် လေ့လာခဲ့ကြောင်း သိရ သည်။အဆိုပါ ရွှေကျောင်းတော်အား မူလလက် ရာမပျက် ပြန်လည် ပြုပြင်ရန်အတွက် အမေရိ ကန်နိုင်ငံမှ Ambassadors Fund for the Cultural Preservation က ယဉ်ကျေးမှု ၀န်ကြီးဌာနနှင့် ပူးပေါင်းပြီး ပြုပြင်ထိန်းသိမ်းမှုများကို နှစ်နှစ်ခန့် အချိန်ယူ လုပ်ဆောင်သွားမည် ဖြစ်သည်။ ''အမေရိကန်အစိုးရကယဉ်ကျေးမှုဝန်ကြီးဌာနနဲ့ပူးပေါင်းပြီးတော့ရွှေကျောင်းတော်ကြီး ရေရှည်တည်
တံ့နိုင် စေဖို့အတွက် နည်းပညာ အကူအညီပေးပြီးတော့ ထိန်းသိမ်းသွားမှာ ဖြစ်ပါတယ်'' ဟု ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန(မန္တလေး)မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ရွှေကျောင်းတော်ကြီးကို ပြန်လည်ထိန်းသိမ်းမှုများ ပြုလုပ်ရာတွင် အမေရိကန်နိုင်ငံမှ နည်းပညာ အကူ အညီ များဖြင့် ရွှေကျောင်းတော်ကြီးမှ သစ်သားစ နမူနာများကို ယူဆောင်ကာ ဓာတ်ခွဲစမ်း သပ် မှုများ ပြုလုပ်သွား မည်ဖြစ်သည်။ အဆိုပါ ဓာတ်ခွဲစမ်းသပ်ရာတွင် သစ်သား၏ ကြာမြင့်သည့် သက်တမ်းနှင့် နောက်တွင် ရေရှည် တည်တံ့နိုင်သည့် သက်တမ်းကိုပါ ထည့်သွင်းလုပ်ဆောင် သွား မည် ဟုလည်း သိရပါသည်။ ရွှေကျောင်းတော်ကြီးအား ပြုပြင်ထိန်းသိမ်းရေး စီမံချက်တွင် အစားထိုး ပြုပြင်ထိန်းသိမ်းခြင်း၊ကျန် ရှိနေ သည့် မူလလက်ရာများ ရေရှည်တည်တံ့ နိုင်စေရေး၊မူလလက်ရာမကျန်ရှိသည့် အဆောက် အ အုံ၏ လစ်လပ် နေရာများတွင် မူလလက်ရာအတိုင်း ဖြည့်စွက်ထိန်းသိမ်းရန် ဘာသာရပ်ဆိုင်ရာ ကျွမ်း ကျင် ပညာရှင်များဖြင့် ထိန်းသိမ်းမှုများကို လုပ်ဆောင်သွားမည် ဖြစ်သည်။

No comments:

Post a Comment