Wednesday, July 17, 2013

သွေးစုပ်ဖုတ်ကောင် သင်္ချိုင်းနေရာဟောင်း မနုဿဗေဒပညာရှင်များ ရှာဖွေတွေ့ရှိ

အလယ်ခေတ်က သွေးစုပ်ဖုတ်ကောင် ယုံကြည်မှု ကျယ်ပြန့် ချိန် တွင် သုတ်သင်ခံရသော ဖုတ်ကောင် စာရင်း ဝင်များကို ယခု သင်္ချိုင်း ၌ စုရုံး မြှုပ်နှံခဲ့ကြောင်း သုတေသီများက ကောက် ချက် ချခဲ့သည်။ အလောင်း များတွင် ဦးခေါင်းကို ဖြတ်တောက်ကာ   ခြေထောက်များကြား ထည့်သွင်း၍ မြေမြှုပ်ခဲ့ခြင်း ဖြစ်သည်။
မနုဿဗေဒ ပညာရှင်များသည် ပိုလန်နိုင်ငံတွင် သွေးစုပ် ဖုတ်ကောင်များ မြှုပ်နှံ ထားသည်ဟု ယူဆရသော သင်္ချိုင်းနေ ရာဟောင်း တစ်ခုကို ဖော်ထုတ်နိုင်ခဲ့သည်။ အလယ်ခေတ် က သွေးစုပ် ဖုတ်ကောင် ယုံကြည်မှု ကျယ်ပြန့်ချိန်တွင် သုတ်သင် ခံရသော ဖုတ်ကောင် စာရင်းဝင်များကို ယခုသင်္ချိုင်း၌ စုရုံး မြှုပ်နှံ ခဲ့ကြောင်း သုတေ သီများက ကောက်ချက်ချခဲ့သည်။ အလောင်း များတွင် ဦးခေါင်းကို ဖြတ်တောက်ကာ ခြေထောက် များကြား ထည့်သွင်း၍ မြေမြှုပ်ခဲ့ခြင်း ဖြစ် သည်။ (၁၆)ရာစုနှင့် (၁၇)ရာစုများက အသုံးပြုခဲ့သည်ဟု ယူဆ ရသော သင်္ချိုင်းမြေနေရာဟောင်း တွင် အခြားသော သင်္ချိုင်းဟောင်းများကဲ့သို့ အဖိုးတန် လူ့ အသုံး အဆောင် များကို ထည့်သွင်ြး မှုပ်နှံထားမှုလည်း မရှိဟု ဆိုသည်။
ထိုခေတ်က သွေးစုပ်ဖုတ်ကောင်များကိုသတ်ဖြတ်ပြီးပါက ပြန်လည်ရှင်သန်လာလေ့ရှိသောကြောင့်   ခေါင်းဖြတ် ကာ ခန္ဓာကိုယ်နှင့် ကင်းကွာအောင် ပြုလုပ်ရသည်ဟု ယုံကြည်မှုမျိုး ပေါ်ပေါက်ခဲ့သည်။ အလယ်ခေတ်က သွေးစုပ်ဖုတ်ကောင်ဟု စွပ်စွဲခံရသူ များစွာတို့ကို သတ်ဖြတ်မှုများ ရှိခဲ့သည်။ ဂီးလ်ဝစ်မြို့ အနီးတွင် သုတေသီများသည် ခေါင်းဖြတ်ကာ ခြေထောက်များကြား၌ နေရာချ   မြှုပ်နှံခြင်းခံရသည့်ရုပ်ကြွင်း(၄)ခုကိုရှာဖွေ တွေ့ရှိခဲ့သည်။သမိုင်းပညာရှင်များကယင်းသည်  သွေးစုပ်ဖုတ်ကောင် ယုံကြည်မှု၌ အပြီးသတ် သုတ်သင်မှုအတွက် သေချာစေရန် လုပ်ဆောင်ရသည့် ဓလေ့ထုံးစံ တစ်ခု ဟု ပြောကြားခဲ့သည်။
ယခုတွေ့ရှိသော အရိုးစု ရုပ်ကြွင်းများ ကြုံတွေ့ခဲ့ရသော ကံကြမ္မာကို တိတိကျကျ မသိရသေးသော်လည်း သွေးစုပ်ဖုတ်ကောင် စွပ်စွဲချက်များနှင့် ဆက်နွယ်နေမည်ဟု သမိုင်းသုတေသီများက ယုံကြည်နေသည်။ "ဒီသင်္ချိုင်းရဲ့ ထူးခြားတဲ့ အခြေအနေတွေအတွက် အဖြေထုတ် ပြောနိုင်ဖို့ကတော့ ခက်ခဲနေတုန်းပါ"ဟု သုတေသီ တစ်ဦးဖြစ်သော ဒေါက်တာ ဂျာဆက်ပီရာဇက်ခ်က မှတ်ချက်ပြုခဲ့သည်။ "တခြား သင်္ချိုင်းဟောင်းတွေမှာ သေသူတွေအတွက် အနာဂတ် ဘဝမှာ အသုံးပြုဖို့ အဖိုးတန် ပစ္စည်းတွေ ထည့်မြှုပ်တာမျိုး ရှိတတ်တယ်။ ဒီမှာ ဘာမှ မတွေ့ရဘူး"ဟုလည်း ၎င်းက ဆိုသည်။
ယမန်နှစ်က ဘူလ်ဂေးရီးယားတွင် မနုဿဗေဒ ပညာရှင်များက သွေးစုပ်ဖုတ်ကောင် ရုပ်အလောင်းနှစ်ခုကို ဖော်ထုတ် တွေ့ရှိကြောင်း ကြေညာခဲ့သေးသည်။ ပင်လယ်နက် ဆိပ်ကမ်းမြို့ တစ်ခုဖြစ်သည့် ဆိုဇိုပိုးလ်ရှိ ဘုရားကျောင်းဟောင်း တစ်ခုအနီး တူးဖော်ရာတွင် သက်တမ်း နှစ်ပေါင်း(၈၀၀)ကျော်ပြီဖြစ်သော ရုပ်ကြွင်းများကို တွေ့ရှိခဲ့သည်။ ၎င်းတို့၏ ရင်ဘတ်တွင် ကြီးမားလေးလံသည့် သံချောင်းကြီးများ စိုက်ထားသည်ကို တွေ့ရသည်။ ယင်းသည် သွေးစုပ်ဖုတ်ကောင်များကို ပြန်လည်နိုးထခြင်း မရှိအောင် တားဆီးနိုင်သည့် နည်းလမ်းဟု ရှေးက ယုံကြည်မှုများ ရှိခဲ့သည်။
ဥရောပ အလယ်ခေတ် သင်္ချိုင်းဟောင်းများတွင် သွေးစုပ်ဖုတ်ကောင် ယုံကြည်မှုနှင့် ဆက်နွယ်သော ရုပ်ကြွင်းများ တွေ့ရှိရမှုမှာ အဆန်းမဟုတ်တော့ချေ။ ချက်နိုင်ငံတွင် သင်္ချိုင်းဟောင်း နေရာအချို့၌ ပါးစပ်ကိုဖြဲကာ ကျောက်တုံးကြီးများ ဆို့လျှက်သား ထည့်သွင်းခံထားရသည့် သွေးစုပ်ဖုတ်ကောင်ဟု စွပ်စွဲသတ်ဖြတ်ခံရသော အရိုးစုများကိုလည်း တွေ့ရှိခဲ့ဖူးကြောင်း သိရှိရသည်။
Planet Myanmar Network

No comments:

Post a Comment