အဝယ်လုပ်ငန်းကြီးဖြစ်သည့်
ဟွာဆင်ဟန်း Hua Seng Heng Gold Future ကလာမည့်နှစ်တွင် မြန်မာနိုင်ငံ၌
ရွှေဆိုင်များလာရောက်ဖွင့် လှစ် မည်ဖြစ် ကြောင်း ဘန်ကောက်ပို့စ်
သတင်းအရ သိရသည်။ထိုလုပ်ငန်း၏ဦးဆောင်ညွှန်ကြားရေး
မှူး သန်နာရတ်ပိုဆ ဝေါင်က သူတို့သည် အိမ် နီးချင်းမြန်မာ
နိုင်ငံနှင့် စင်ကာပူတို့၌ လုပ်ငန်း များကိုလာမည့်နှစ်တွင်တိုးချဲ့မည်ဟု
ပြောကြား ခဲ့ခြင်းဖြစ်သည်။ ယင်းက ထိုင်း လူမျိုးများ ကဲ့ သို့ပင်
အာဆီယံနိုင်ငံသားများသည် ရွှေစုရာတွင် ဝါသနာထုံကြ ကြောင်း ဆက်လက်ပြော သည်။
”မြန်မာပြည်ကသူတွေဟာအိမ်မှာ ရွှေတွေစုတာသဘောကျတယ်။စင်ကာပူဆိုပိုခေတ်မီတယ်။ ရွှေကို
ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ်ဝယ်ကြတယ်။ အဲဒါကြောင့် သူ
တို့လိုလူတွေရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီမယ့်နည်းပညာတွေကို ကျွန်တော် တို့
ပေးသွားမှာဖြစ် တယ်”ဟု သူက ပြောသည်။
”ရွှေဈေးနှုန်းဟာအမေရိကန်ရဲ့ဖက်ဒရယ်အရန်ဘယ်လိုထားသလဲဆိုတဲ့အပေါ်မှီတည်နေတယ်။ ရွှေဈေးဟာ တစ်အောင်စ ကို ဒေါ်လာ၁၂၅ဝ
ကနေ နှစ်ကုန် ပိုင်းရောက်တဲအခါ ၁၃၄ဝအထိ တက်လာလိမ့် မယ်”ဟု သူကခန့်မှန်းသည်။
”သူတို့လာဖွင့်တာ ကောင်း ပါတယ်။ ပြည်တွင်းက ရွှေတွေကို ဝယ်ပြီး
သူတို့ဒီဇိုင်းနဲ့လုပ်၊ ပြန် ရောင်းဆိုတော့ အရောင်းအဝယ် ဖြစ်တာပေါ့။
ယှဉ်ပြိုင်မှုအနေအ ထားနဲ့ ကတော့ အားကောင်းလာ မယ် လို့ပြောလို့ရတယ်။ ထိုင်းက
ရွှေဆိုင်လုပ်ငန်းရှင် သုံးလေး ဦးလောက် ကျွန်တော်တို့အသင်းမှာ
လာဆွေးနွေးတာရှိတယ်။ အဓိကကတော့ သူတို့ဆီမှာ ရှိတဲ့ပန်း ထိမ်
ဆိုင်အကြီးကြီးတွေ ကို အော်ဒါ ပေးမလား ဆိုတာက များတယ်။
လက်ရှိနိုင် ငံခြား ရင်းနှီး မြှုပ်နှံမှုဥပဒေအရတော့ ဒီကလူနဲ့တွဲလုပ်၊
ဒါမှမဟုတ် ဒီကလူတစ်ဦးရဲ့နာ မည်ခံလုပ်ဆို တာပဲလုပ်လို့ရမယ်ထင်တယ်။
တိုက်ရိုက်ကြီးတော့ အဆင်မပြေသေးဘူး ထင်ပါတယ်” ဟု မြန်မာ
နိုင်ငံရွှေလုပ်ငန်းရှင်များ အသင်းအတွင်းရေးမှူး ဦးကျော်ဝင်း
(ဦးထုံရွှေပန်းထိမ်ဆိုင်)က သုံး သပ်ပြော သည်။
Yangon Media Group
No comments:
Post a Comment