Saturday, July 20, 2013

မိုဘိုင်းအင်တာနက်ကို ဖုန်းကတစ်ဆင့်လျှောက်နိုင်မည်

မိုဘိုင်းအင်တာနက် လျှောက်ထားချင်သူတွေ အ တွက် သြဂုတ် လ ၁ ရက်နေ့က စပြီး မက်ဆေ့ခ်ျ နံပါတ်133ကတစ်ဆင့်မိုဘိုင်းအင်တာနက်
 လျှောက်ထား နိုင်ပြီလို့ မြန်မာ့ဆက် သွယ်ရေး သင်တန်း ကျောင်းက ကျောင်းအုပ်ကြီးဦးကျော်
စိုးထံက သိရပါတယ်။
ကနဦးလျှောက်ထားမှုအတွက် ယခင်အင်တာ
နက် လျှောက်တုန်းက နှုန်းထားအတိုင်း ကျပ် တစ်သောင်း ကျသင့်မှာဖြစ်ပါတယ်။ မက်ဆေ့ခ်ျ ပို့ပြီး လျှောက်ထားဖို့အတွက် ဖုန်းထဲမှာ ကြိုတင်ငွေ ကျပ် တစ်သောင်း ရှိဖို့ လိုပါတယ်။
လျှောက်ထားသူတွေအနေနဲ့ မက်ဆေ့ခ်ျနံပါတ် 133 ကို ရိုက်နှိပ်ပြီး လျှောက်ထားရမှာပါ။ စက္ကန့် အနည်းငယ် အတွင်း အင်တာနက်လျှောက်ထားမှုအတွက် လက်ခံရရှိကြောင်းကို စာတို မက်ဆေ့ခ်ျ အနေနဲ့ “You have order data service successfully” ဆိုပြီး မက်ဆေ့ခ်ျ ပြန်ပို့ပေးလာခဲ့ရင် အင်တာ နက် လျှောက်ထားမှု ပြီးမြောက်ပြီဖြစ်ပါတယ်။
မက်ဆေ့ခ်ျရောက်တာနဲ့ တစ်ပြိုင်နက် ဖုန်းမှာ အင်တာနက်ကို အလိုအလျောက် အသုံးပြုနိုင် ပြီဖြစ်ပါတယ်။
အင်တာနက်အသုံးပြုခအတွက် ဂျီအက်စ်အမ်ဖုန်းကို တစ်မိနစ်ကို နှစ်ကျပ် ကျသင့်မှာဖြစ်ပြီး စီဒီ အမ်အေနဲ့ သရီးဂျီဖုန်းအတွက်က တစ်မိနစ်ကို လေးကျပ် ကျသင့်မှာဖြစ်ပါတယ်။
Mordern

No comments:

Post a Comment