Wednesday, July 24, 2013

သမ္မတ ကတိအတိုင်း နိုင်/ကျဉ်းများကို စလွှတ်ပေးပြီ

ယခုနှစ်ကုန်တွင် နိုင်ငံရေးအကျဉ်းသား (နိုင်/ ကျဉ်း) များ တယောက်မ ကျန် ပြန် လွှတ်ပေးမည်ဟု နိုင်ငံတော် သမ္မတ   ဦးသိန်းစိန်က ၎င်း၏ ဥရောပ ခရီးစဉ်အ တွင်း ကတိပေးပြောဆိုခဲ့ သကဲ့သို့ ကချင်ြ ပည်နယ် ဒုက္ခသည်စခန်းမှ အဖမ်းခံ ခဲ့ရသည့် ဦးဘရန်ရှောင် အပါအဝင် ရှမ်းလက်နက်ကိုင် တပ်ဖွဲ့ ဝင်များ၊ နိုင်/ ကျဉ်းများကိုယနေ့တွင်စတင် ပြန်လွှတ် ပေးခဲ့ သည်။ကချင်ပြည် နယ်  ဒုက္ခ သည် စ ခန်းမှ ဦးဘရန်ရှောင်ကို မြစ်ကြီးနားမြို့နယ် တရားရုံးက မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ
၁၇/၁ နှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပြီးတပတ်အတွင်းမိသားစုဝင်များထံအရောက် ပြန်ပို့ပေး မည် ဟု ပြောဆိုခဲ့သည့်သမ္မတရုံးဝန်ကြီးဦးအောင်မင်း၏ကတိအတိုင်း ပြန်ပို့ပေးခဲ့ခြင်း ဖြစ်ကြောင်း  အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ပြန်ကြားရေးတာဝန်ခံဦးလှမောင်ရွှေက  ပြောသည်။ “ဒီနေ့ တနိုင်ငံလုံးမှာ ရှိတဲ့ နိုင်/ ကျဉ်း အယောက် ၇၀ လောက် လွှတ်ဖို့ရှိပါတယ်။ ကချင်ပြည်နယ်က ၁၇/ ၁ နဲ့ အကျဉ်းကျ ခံရတဲ့သူ စာရင်းကတော့ ၃၁ ယောက်လောက် ပို့ထားပါတယ်။ အဲဒီအထဲက ၂၆ ယောက်လောက်ပဲ ပြန်လွတ်လာမယ်လို့ သိရပါတယ်။ ဦးဘရန်ရှောင်ကတော့ ဦးအောင်မင်း ကိုယ်တိုင် မိသားစုဝင်တွေဆီ ပြန်ပို့ပေးနေပါတယ်” ဟု ဦးလှမောင်ရွှေက ဆိုသည်။ “ဒီနေ့ လွှတ်တာက အဓိက အားဖြင့် ကချင်ဘက်ကနဲ့ လက်နက်ကိုင် အဖွဲ့အစည်းက လူတွေကို လွှတ်တာပါ။ ဒီနေ့ အယောက် ၇၀ ၀န်ကျင် လွှတ်မယ်ဆိုရင်တော့ နိုင်ငံရေး အကျဉ်းသား တရာကျော်လောက် ကျန်မယ်။ ဒီ လွှတ်တဲ့ အထဲမှာတော့ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ ဟံသာ ၀တီ၊ သရက် စတဲ့ ထောင်ကလူတွေ ပိုများပါမယ်” ဟု နိုင်ငံရေး အကျဉ်းသားဟောင်း အဖွဲ့မှ ဦးရဲအောင်က ရှင်းပြသည်။ ယနေ့ ညနေ ၃ နာရီခန့်က နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြန်မာတနိုင်ငံလုံးရှိ အကျဉ်းသား စုစုပေါင်း ၇၃ ဦး ပြန်လွှတ်ပေးခဲ့ရာ နိုင်/ ကျဉ်း ၆၈ ဦး ပါဝင်ကြောင်း သိရသည်။

No comments:

Post a Comment