ဗုဒ္ဓဘာသာဝင် မြန်မာအမျိုး

"ဦးဇင်းဆီ လာရောက်အပ်နှံတဲ့အားလုံးပေါင်းက ၉ သိန်း ၇ သောင်းကျော်တယ်၊ လွန်ခဲ့တဲ့ ၁ဝ ရက်လောက်က ဦးဇင်းဆီမှာ ၅ သိန်းကျော်ရတုန်းက အောက်မြန်မာပြည် အရှင်ပညာဝရက
၁ သန်း ခွဲကျော်ကျော်ရထားတာပေါ့၊ အားလုံးပေါင်း ၂ သန်းကျော်ပြီ၊ အခုထပ်ပြီး
ဦးဇင်း ၃ သိန်းကျော်ကျော်ထပ်ပို့လိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး အားလုံးက ၂
သန်းကျော်တယ် ဆိုတာသေ ချာတယ်"
ဒီဥပဒေကိုထောက်ခံကြောင်း လက်မှတ်တွေကို အထက်မြန်မာပြည်အတွက် မစိုးရိမ်တိုက်သစ်ရဲ့ နာယကဆရာတော် ဦးဝီရသူက ဦးဆောင်ကောက်ယူနေပြီး အောက်မြန်မာပြည်အတွက် ဆရာတော် ဦးပညာဝရက ကောက်ယူနေတာဖြစ်ပါတယ်၊၊
လက်မှတ်ကောက်ခံမှုကို ဇူလိုင် ၁၇ ရက်နေ့ ဒီကနေ့ နောက်ဆုံးရက်အဖြစ် သတ်မှတ်ထားပြီး နိုင်ငံရေးပါတီတွေကလဲ ကူညီစုဆောင်းပေးခဲ့တယ်လို့ သိရပါတယ်။ ကောက်ခံရရှိတဲ့ လက်မှတ်တွေ ကို အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက် ဆရာတော်ထံပေးပို့ပြီး မျိုးစောင့်ဥပဒေ မူကြမ်းနဲ့အတူ လွှတ်တော်ကို တင်ပြမှာဖြစ်ပါတယ်။
မျိုးစောင့်ဥပဒေကို အတည်ပြုပြဌာန်းရေးကို ဇွန်လ၂၇ ရက်ကကျင်းပတဲ့ သံဃာ့ညီလာခံက ဆုံးဖြတ်ခဲ့တာဖြစ်ပြီးလူ့အခွင့်အရေးလှုပ်ရှားသူတွေကတော့ဒီဥပဒေဟာလူ့အခွင့်အရေး ချိုးဖောက် မှု တစ်ရပ်ဖြစ်တယ်ဆိုပြီး ကန့်ကွက်နေကြပါတယ်။

From:rfa
No comments:
Post a Comment