Thursday, July 18, 2013

ဆိုတေးအား ထိုင်းတွင်ဆေးကုသမှုခံယူရန် ၄င်း၏ဇနီးမှ တာဝန်ယူပေးမည်ဟုဆို

  ကားအက်ဆီဒင့်ဖြစ်မှုကြောင့်မန္တလေးဆေးရုံတွင်တေးကုသမှုခံယူနေရသောတေးသံရှင်ဆိုတေး၏အခြေအနေမှာမသက်သာပါက ထိုင်းနိုင်ငံရှိဆေးရုံ၌ဆေးကုသမှုခံယူနိုင်ရေး အတွက် ၄င်း၏ဇနီးဆိုသူ မချိုချို(ခ) Cream က တာဝန် ယူကုသပေးသွားမည်ဖြစ်ကြောင်း ပြောသည်။၎င်းနှင့်ဆိုတေး(ခ)အောင်သ က်ပိုင်တို.မှာ မြ ၀တီမြို. တွင်တွေ.ဆုံချစ်ကြိုက်ကာထိုင်းနိုင်ငံ၊ဘန်ကောက်မြို.တွင်အတူပေါင်းသင်းနေ ထိုင်ခဲ.ခြင်းဖြစ် ပြီး ဇွန်လ အတွင်းကဆိုတေးမှ ၄င်း၏ ဇနီးဆိုသူအား၎င်း၏မိသားစုဝင်များနှင့်တွေ. ဆုံပေးခဲ.ကြောင်း၊ ထိုနောက်ဇူလိုင်လ(၄)ရက်နေ.တွင်၎င်းတို.နှစ်ဦးသည်ထိုင်းနိုင်ငံ၊ဘန်ကောက်ရှိ၎င်းဇနီးဟု ဆိုသော အမျိုးသမီးနှင့်အတူသွားရောက်နေထိုင်ခဲ.ကြကြောင်း၊ထို.နောက်ဆိုတေးသည် မြန်မာနိုင်ငံ၌၄င်း လက်ခံထားသောရှိုးပွဲရှိသည်ဟုဆိုကာ၎င်းမှဘန်ကောက်မှရန်ကုန်သို.လေယာဉ်ဖြင့်လည်းကောင်း၊ ၄င်း၏အမျိုးသမီးဖြစ်သူကမဲဆောက်မှ ရန်ကုန်သို.လည်းကောင်းဇူလိုင်(၁၀)ရက်နေ. တွင်ရောက်ရှိ ခဲ.ကြကြောင်း၊၄င်းနောက်ဆိုတေးမှ၎င်း၏အမျိုးသမီးဖြစ်သူအားရန်ကုန်ရှိဟိုတယ်တစ်ခုတွင်ခေတ္တ ထားခဲ.ကာပုဂံမြို.တွင်ရှိုးပွဲရှိ သည်ဟုဆိုကာဇူလိုင်လ(၁၄)ရက်နေ.တွင် တောင်သာမြို.သိုရန်ကုန်-
မန္တလေးအမြန်လမ်းမှသွားရောက်စဉ်ယာဉ်တိမ်းမှောက်မှုဖြစ် ပွားခဲ.ခြင်းဖြစ်ကြောင်း ၄င်း၏အမျိုး သမီးဖြစ်သူ ဟုဆိုသူ မချိုချို(ခ) Cream ကပြောသည်။ ကျွန်မ သူကားမှောက်တယ်လို. သတင်းကြား ကြား ချင်းမန္တလေးဆေးရုံကိုလိုက်သွားပေမဲ. သူမိသားစုတွေကကျွန်မကိုသူနဲ.တွေ.ခွင့် မပေးခဲ.တဲ. အပြင်ကျွန်မတို.နှစ်ယောက်ရဲ. စ္စကိုဘယ်သူမျမသိအောင်နေပေးဖို.သူ.အစ်ကိုကပြောခဲ.တယ်။ 
နောက်ထပ်သိရတာက သူနဲ.အတူပါသွားပြီးဆုံးသွားတဲ.မိန်းကလေးက အရင်ကျွန်မနဲ.စတွေ.စဉ် တုန်းက ပါလာခဲ .ပေမဲ. သူကို.မေးကြည့်တော့သူကသူနဲ.ဘာမှ မပတ်သတ်ဘူးလို .ပြောခဲ.ပြီး ကျွန်မ ကို ချစ်ရေးဆိုခဲ. လို. သူ.အချစ်ကိုလက်ခံခဲ.ပြီးအတူပေါင်းသင်းနေထိုင်ခဲ.တာ။နောက်ပြီးဒီ ကိစ္စကို သူမိသားစုတွေလည်းသိတယ်။အခုသတင်းတွေထွက်တော့သေဆုံးသွားတဲ.မိန်းကလေးကသူ.ဇနီးဆိုပြီးသတင်းတွေ ထွက်နေတာနဲ .ကျွန်မအပေါ်သူမိသားစုက ဆက်ဆံတာမကြိုက်လို. အခုလိုပြောရတာပါ။ဟု ၄င်းက ဆို သည်။ ထို.အပြင် မန္တလေးဆေးရုံသို.ဆိုတေး၏အခြေအနေအားကြည့်ရန်သွားရောက်စဉ် ၄င်း၏ အကို  ဖြစ်သူ ကိုဇာနည်ဆိုသူမှဆိုတေးနှင့်ပတ်သတ်သောကိစ္စများအားအခြားမည်သူကိုမှ မပြော ရန်ပြော ဆိုခဲ.သည်ဟုသူမကထပ်မံပြောသည်။ ကျွန်မအနေနဲ.ဆိုတေးကိုတကယ်ချစ်ခဲ.တာပါ။သူ ဘာသာကျွန်မအပေါ်ဘယ်လိုပဲလိမ်လိမ်ကျွန်မအနေနဲ.သူ.အပေါ်မှာစိတ်ဆိုးမိသလိုအရမ်းလည်းသ နားမိတယ်။.အပေါ်ထားတဲ. အချစ်တွေလည်းပျောက်သွားမှာမဟုတ်ပါဘူး။အခုမန္တလေးဆေး၇ုံမှာ သူ.အခြေအနေမကောင်းရင်ဘန်ကောက်ကဆေးရုံမှာသူရောဂါလုံးဝပျောက်ကင်းသွားတဲ.အထိဆေး ကုပေး သွား ဖို.အထိစီစဉ် ထား တယ်ဟု၎င်းကထပ်လောင်းပြောသည်။ အဆိုပါသတင်းနှင့်ပတ် သတ်၍တေးသံရှင်ဆိုတေး၏ဇနီးဖြစ်သူဟုဆိုသောမချိုချို(ခ)Cream၏ခွင့်ပြုချက်ဖြင့်ဖော်ပြခြင်းဖြစ် ပြီးအသေးစိတ်သိရှိလိုပါက၄င်းအားဆက်သွယ်မေးမြန်းနိုင်ကြပါသည်။အထက်ပါသတင်းတွင်ဖောပြ ထားသောဓာတ်ပုံများမှာလည်းကာယကံရှင်၏သဘောတူခွင့်ပြုချက်ဖြင့်ဖော်ပြခြင်းဖြစ်ကြောင်း ထပ်လောင်းအသိပေး အပ်ပါသည်။
 တေးသံရှင်ဆိုတေးနှင့်၎င်း၏ဇနီးဆိုသော မချိုချို တို.ကားအက်ဆီဒင့်မဖြစ်မှီယခုနှစ်ဇူလိုင် လ အ တွင်း ထိုင်းနိုင်ငံ ဘန်ကောက်တွင်အမှတ်တရရိုက်ကူးထားသောဓာတ်ပုံအချို.
From:ရဲရင့်ငယ်

No comments:

Post a Comment