Thursday, July 25, 2013

မြန်မာ့ ပြောင်းလဲမှု အားကောင်းဟု ဘန်ကီမွန်း သုံးသပ်

လက်ရှိ မြန်မာ့ ပြုပြင် ပြောင်းလဲမှု အနေ ထားသည် အနာဂါတ် နိုင်ငံရေး တိုးတက် ဖြစ် ထွန်းမှု အတွက် အားကောင်းသည့် အလားအ လာတစ်ရပ် ဖြစ်ကြောင်းကုလသမဂ္ဂအထွေထွေ အတွင်း ရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြီးခဲ့ တဲ့ဇူလိုင်လ(၂၃)ရက်နေ့ရက်စွဲနှင့်၎င်း၏
 ပြောရေးဆိုခွင့်ရှိသူမှတဆင့် ကြေငြာချက် တစ် ရပ်ကို ထုတ်ပြန် ခဲ့သည်။
“ဦးသိန်းစိန် အစိုးရမှ ဖော်ဆောင် နေသည့် အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ် များသည် အစိုးရမှ ထုတ်ပြန် ကြေငြာ ထားသည့် တစ်နိုင်လုံး အတိုင်းအတာ အပစ် အခတ် ရပ်စဲ ရေးနှင့် အမျိုးသား ရင်ကြား စေ့ရေး ပီပြင် လာစေရေး အတွက် အားကောင်းသည့် တွန်းအား တစ်ရပ် ဖြစ်ကြောင်း” ၄င်းကြေငြာချက်၌ ဖော်ပြ ထားပါသည်။
ထို့ပြင် သမ္မတ၏ ဥရောပ ခရီးစဉ် အတွင်း ပြောကြားခဲ့သည့် ကတိ စကားနှင့် အညီ ယခုနှစ် အကုန် နိုင်ငံရေး အကျဉ်းသားများ အားလုံး လွှတ်ပေးမည် ဆိုသည်နှင့် ယမာန် နေ့၌ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေး ခြင်းကိုလည်း ကြိုဆို လက်ခံကြောင်းလည်း ကြေငြာချက်၍ ဖော်ပြ ထားပါသည်။

From:News Collection

No comments:

Post a Comment