Tuesday, July 23, 2013

ဘဏ်အချင်းချင်း နိုင်ငံခြားငွေ ရောင်းဝယ်သည့်စနစ် သြဂုတ် ၅ ရက် စမည်


ပုဂ္ဂလိကဘဏ် အချင်းချင်း အမေ ရိ ကန် ဒေါ်လာလွတ်လပ်စွာရောင်း ဝယ်နိုင်သည့်စနစ်(Inter Bank  Market) ကို သြဂုတ်လ ၅ ရက်နေ့ တွင် စတင်မည်ဖြစ်ကြောင်း မြန် မာနိုင်ငံတော် ဗဟိုဘဏ် နိုင်ငံခြား သုံးငွေ စီမံခန့်ခွဲရေးဌာန အကြီး တန်း အရာရှိ တစ်ဦးက The Voice သို့ ပြောကြားသည်။
အဆိုပါစနစ် ပြုလုပ်ခြင်းကြောင့်
 မြန်မာ ကျပ်ငွေနှင့် အမေရိ ကန် ဒေါ်လာကို ပုဂ္ဂလိက ဘဏ်များက ၎င်းတို့ နှစ်သက်သည့် ဈေးနှုန်းဖြင့် အရောင်းအဝယ်   ပြုလုပ်ကြမည်ဖြစ်ပြီးဗဟိုဘဏ်ကလည်း နေ့စဉ် ပြုလုပ်လျက်ရှိသည့် လေလံစနစ်ကိုဆက်လက်   ပြုလုပ် မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
ပုဂ္ဂလိကဘဏ်အချင်းချင်း ရောင်းဝယ်သည့် ဈေးနှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကဝင်ရောက်  သတ်မှတ်မည် မဟုတ်ဘဲ ဈေးကွက် အတွင်း ဒေါ်လာဝယ်ခြင်း၊ ရောင်းခြင်းဖြင့်သာ ငွေကြေး ဈေး ကွက် တည်ငြိမ်အောင် ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
နေ့စဉ် ထုတ်ပြန်နေသော ဗဟိုဘဏ် ရည်ညွှန်း ငွေလဲနှုန်းများကိုလည်း ဆက်လက် ထုတ်ပြန်သွား မည့် အပြင် ဘဏ်အချင်းချင်းကြား အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းများကိုပါ နေ့စဉ် မွန်းလွဲ ပိုင်းတွင် ဗဟိုဘဏ်က ထုတ်ပြန်မည်ဖြစ်ကြောင်း အဆိုပါ အကြီးတန်း အရာရှိက ဆိုသည်။
“အခုလို လုပ်လိုက်တော့ ဒေါ်လာဈေးက တကယ့် ဈေးကွက် ဝယ်လိုအား ရောင်းလိုအားပေါ်မှာ မူ တည်တဲ့ ဈေးနှုန်း ဖြစ်လာတာပေါ့” ဟု အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် အုပ်ချုပ်မှု ဒါရိုက်တာ ဦးရဲမင်းဦးက ပြောကြားသည်။
ယင်းကဲ့သို့ လွတ်လပ်စွာ အရောင်းအဝယ် ပြုလုပ်နိုင်ပါက ပြင်ပ ဈေးကွက် တွင် နိုင်ငံခြားငွေဝယ် ယူခြင်း လျော့နည်းလာနိုင် ပြီး ပြင်ပ ငွေကြေး ဈေးကွက် အနည်းငယ် အားပျော့သွားနိုင်ကြောင်း ပုဂ္ဂလိက ဘဏ်လုပ်ငန်းရှင်များနှင့် ပြင်ပ ငွေကြေး ဈေးကွက်တွင် ဝင်ရောက် လုပ်ကိုင်နေသူများ က သုံးသပ်ကြသည်။
ယခု အစီအစဉ်မှာ နိုင်ငံခြား ငွေကြေး ဈေးကွက်အတွက် ပထမ ခြေလှမ်းဖြစ်ပြီး ဗဟိုဘဏ် က ငွေကြေး ဈေးနှုန်းကို အမိန့်များဖြင့် ထိန်းကျောင်းခြင်းမျိုး မလုပ်ဘဲ ဈေးကွက် သဘော တရားဖြင့်သာ စနစ်တကျ ထိန်းသိမ်းရေးမှာ အလွန် အရေးကြီးကြောင်း စီးပွားရေး ပညာရှင် တစ်ဦးက ပြောကြားသည်။
Inter Bank Market ပြုလုပ်ခြင်းမှာ ဗဟိုဘဏ် လုပ်ဆောင်သင့်သည့် လုပ်ငန်းတစ်ခုဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံ အခြေအနေမှာ ပြည်ပမှ သွင်းကုန် ပမာဏ များပြားနေခြင်း၊ နိုင်ငံခြား အရန် ငွေကြေး ဒေါ်လာ ၈ ဘီလီယံခန့် သာရှိခြင်း၊ ယခင်ကထက် ငွေကြေး ဈေးကွက် ပိုမို ကျယ်ပြန့်လာခြင်းကြောင့် ငွေလဲနှုန်း တည်ငြိမ်ရေးကို အထူး သတိထား လုပ်ဆောင်ရန် လိုအပ်ကြောင်း စီးပွားရေး မူဝါဒရေးရာ ပညာရှင် ဒေါက်တာ အောင်ကိုကိုက ပြောကြားသည်။
Inter Bank Market ဖော်ဆောင်ရာတွင်လည်း ဘဏ်တစ်ခုနှင့် တစ်ခု ငွေကြေး တောင့်တင်းမှု ကွာဟချက်များ ရှိခြင်း၊ ပြင်ပ ငွေကြေး ဈေးကွက်၏ သတင်း အချက်အလက်များ အချိန်နှင့် တပြေးညီ သိရှိရန် လိုအပ်ခြင်းတို့ကို သတိထား လုပ်ဆောင်သင့်ကြောင်း ၎င်းက အကြံပြု ပြော ကြားသည်။
FROM-THE VOICE

No comments:

Post a Comment