အနှစ် ၂ဝ နီးပါး ပိတ်ထားခဲ့သည့် ရန်ကုန် တက္ကသိုလ်တွင် ယခု ပညာသင်နှစ်မှ စတင်ကာ ဘာသာရပ် ၂ဝ သင်ကြားပေးမည်ဖြစ်ပြီး ဘာ သာ ရပ်တစ်ခုလျှင်၁၅ဦးစီသာလက်ခံမည် ဖြစ် သည်။ ဝင်ခွင့်အတွက် အနိမ့်ဆုံးအမှတ်မှာ ၄၃ဝမှတ်ဖြစ်ပြီးအမြင့်ဆုံးမှာ၅၁ဝမှတ်
ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရ သည်။
သင်ကြားပေးမည့် ဘာသာရပ်များမှာ ရူပ ဗေဒ၊ ဓာတုဗေဒ၊ သင်္ချာ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ ဘူမိဗေဒ၊ ကုန်ထုတ်ဓာတုဗေဒ၊ နိုင်ငံတကာ ဆက်ဆံရေးပညာ၊ဥပဒေပညာ၊ပထဝီဝင်၊
သမိုင်း၊ စိတ်ပညာ၊ ဒဿနိကဗေဒ၊ မနုဿဗေဒ၊ ရှေး ဟောင်းသုတေသနပညာ၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ အရှေ့တိုင်းပညာ၊ ကွန်ပျူတာသိပ္ပံနှင့် နိုင်ငံရေး သိပ္ပံတို့ဖြစ်သည်။
ပညာရေးဌာနလုပ်သက် ၃ဝ ကျော်ရှိ ဆရာဦးဟိန်းလတ်က ''ဒီဘွဲ့က အရင်ကB.Sc , B.A တို့လို မဟုတ်ဘူး။ တကယ့်ကို အဆင့်အတန်း မီ နိုင်ငံတကာ အသိအမှတ်ပြုဘွဲ့၊ စံချိန်မီဘွဲ့ပဲ'' ဟု ပြော သည်။
ရန်ကုန်တက္ကသိုလ်က သင်တန်းသားရွေးချယ် ရာ၌တက္ကသိုလ်ဝင် စာမေးပွဲဘာသာများကို သတ် မှတ် ချက်မထားဘဲ မည်သည့်ဘာသာ တွဲကဖြစ်စေ၊ ရမှတ်အပေါ်မူတည်၍ ရွေးမည်ဟု သိရသည်။
ပညာရေးတက္ကသိုလ်မှ ကထိကဆရာ ဦးညွန့် သောင်း (စာရေးဆရာမောင်သာချို)က စိတ်လှုပ် ရှား စရာကောင်းသော အစီအစဉ်ဟု မှတ်ချက်ပြုသည်။
အမှတ်များက ဆေးတက္ကသိုလ်၊ ရန်ကုန် နည်းပညာ တက္ကသိုလ်၊ ရေကြောင်းတက္ကသိုလ် တို့၏ ဝင် ခွင့်နီးနီး မြင့်တက်နေပြီး အင်္ဂလိပ်စာ ဘာသာရပ် လျှောက်ထားလိုသူက စုစုပေါင်း အနိမ့် ဆုံး ရ မှတ် ၅၁ဝ ရမှသာ လျှောက်ထား နိုင်မည်ဟု ကြေညာထားသည်။
ထို့အတူ ရူပဗေဒ၊ ဓာတုဗေဒ၊ သချာင်္၊ သတ္တ ဗေဒ၊ ရုက္ခဗေဒ၊ ဘူမိဗေဒ၊ ကုန်ထုတ် ဓာတုဗေဒ တို့အတွက် အနိမ့်ဆုံးရမှတ် ၄၉ဝ သတ်မှတ်ကြောင်း၊ နိုင်ငံတကာ ဆက်ဆံရေးပညာ၊ ဥပဒေ ပညာ၊ နိုင်ငံရေး သိပ္ပံတို့က အနိမ့်ဆုံး အမှတ် ၄၇ဝ စီဖြင့် ကျန်ဘာသာရပ်တို့က အမှတ် ၄၃ဝ စီ သတ်မှတ်ထားသည်။
''အမှတ်တွေကတော့ ထိပ်တန်း စာရင်းဝင်တွေပါပဲ''ဟု ရန်ကုန်တက္က သိုလ်မှ ကထိက ဆရာတစ် ဦး က သုံးသပ်သည်။ ထို့အပြင် ကွန်ပျူတာ သိပ္ပံဆိုပါက လျှောက်ထားသူသည် သချာင်္ဘာသာရပ် တွင် တက္ကသိုလ် ဝင် အောင်မှတ် ၉၅ မှတ်နှင့် သိပ္ပံဘာသာရပ် ဆိုပါ က ၄င်းနှင့် သက်ဆိုင်သော တက္ကသိုလ်ဝင် ဘာသာရပ်တွင် အနည်း ဆုံး ရမှတ် ၉ဝ ရှိမှ ဝင်ခွင့်ရမည်ဖြစ်သည်။
No comments:
Post a Comment