Friday, January 17, 2014

ဘက်လိုက်သော မီဒီယာ, ဖူလုံသော KIA, ငတ်မွတ်သော ဒုက္ခသည်

မြစ်ကြီးနားမြို့၊ ၀န်းသိုကျောင်းတိုက် ကယ်ဆယ်ရေးစခန်း
                    မီဒီယာများနှင့် ၄င်းတို့အသံသည် ပြည်သူများ၏ ဘက်တော်သား ပြည်သူများ၏ အသံများဖြစ်သင့်ပါသည်။ ပြည်သူလုထုများဘက်မှ အမြဲရပ်တည်သင့်လှသည်။ သံယောင် လိုက်သော မီဒီယာများ မဖြစ်သင့်ပေ၊ အထူးသဖြင့် စစ်တပ်နှင့် လက်နက်ကိုင်အုပ်စုတို့အား ဘက် လိုက်၍သံယောင်လိုက်ခြင်းများမဖြစ်သင့်ပေ၊မြန်မာ့မီဒီယာများသည်ကချင်,ကယားစသော မြန်မာ တိုင်းရင်းသား ပြည်သူလုထုများ၏ ဘက်တော်သားများ ဖြစ်ရပေမည်။  ကချင်ပြည်နယ် အရေးနှင့်  ပက်သက်လာလျှင်ကချင်,ရှမ်းစသောစသောဒေသခံပြည်သူလုထု၏ ဘက်တော်သားများ ဖြစ် သင့်သော်လည်း ယနေ့ အကျွန်ုပ်တစ်ဦးတည်း၏ရှုမြင်သုံးသပ်မှုကို ပြောရလျှင် မီဒီယာများသည် (KIA)ဘက်မှ သံယောင်,ဘက်လိုက် ရေးသားနေကြသည်က များသည်ဟု တည့်ထိုး ရှုမြင် သုံး သပ်လိုပါသည်။ KIA၏ အာဘော်နှင့် သံယောင်များကိုသာစောင်းပေး ဖေါ်ပြနေကြတာ ကို တွေ့ မြင်ရပါသည်။
            ကချင်,ရှမ်း,ဗမာစသော ဒေသခံတိုင်းရင်းသား ပြည်သူလူထု၏ အထူးသဖြင့် ကချင်ပြည်နယ် နေရာအနှံ့အပြားမှာရှိသည့် ပြည်နယ်လူဦးရေ၏  (၁၆) သိန်းကျော်အနက် (၃) သိန်းကျော်သော ဒေသခံ တိုင်းလိုင် တိုင်းခန္တီစသော ရှမ်းလူများ၏ စစ်ကြောင့် ခံစားနေရသည့် အ ထူးသဖြင့် KIA ၏လက်နက်ကိုင် အနိုင်ကျင့်ခြင်း, မတရား ဆက်ကြေးတောင်းခြင်း, အတင်း အဓမ္မ စစ်သားသစ် စုဆောင်းခံရခြင်း, အကြောက်တရားကင်းစွာ လုပ်ကိုင် စားသောက် ခွင့် ပျောက် ဆုံးနေခြင်း, မင်းမဲ့စရိုက်ဆန်ဆန် သတ်ဖြတ်ခံရခြင်းတို့ကို အနည်းအငယ်သာ ဖေါ်ပြကြပြီး လျစ် လျူရှုခြင်း ခံရသည်ဟု ခံစားရပါသည်။
               ဒေသခံ ရှမ်းတိုင်းရင်းသား လူမျိုးများသည် စစ်တပ်နှင့် KIA အပါဝင် မည့်သည့် လက်နက်ကိုင်အဖွဲ့အစည်း၏ အနိုင်ကျင့် ဗိုလ်ကျ စိုးမိုးမှုကို လက်မခံလိုကြပေ။ စစ်တပ်နှင့် KIA တို့သည် ဒေသခံပြည်သူလုထု၏ အသံနှင့် အခက်အခဲ အကျပ်အတည်း ဆင်းရဲဒုက္ခများကို ဦးစားပေးစဉ်းစား၍ တွေ့ဆုံညှိနှိုင်း အဖြေရှာသင့်ပါသည်။ လက်နက်နှင့် ပြဿနာရှင်းသောခေတ် မဟုတ်တော့သည်ဆိုတာကို သတိမူသင့်ပါသည်။ ဒေသခံပြည်သူလူထု၏ ဆင်းရဲဒုက္ခကို မျက် ကွယ်ြ ပု၍ မိမိတို့၏ အနည်းစု ဆန္ဒကို ရှေ့တန်းတင်နေခြင်းသည် လုံးဝလျော်ကန်သင့်မြတ်ခြင်း မရှိလှ ပါ။ 
            ဒေသခံပြည်သူလူထု၏ မတရားသဖြင့် မတန်တဆ ကောက်ခံထားသော ဆက်ကြေးဖြင့် ရပ်တည်နေသော KIA သည် ငြိမ်းချမ်းရေး ပျက်ပြားပြီး နှစ်နှစ်နီးပါးရှိလာသည့် ယနေ့အချိန်ထိ ရပ်တည်နေနိုင်နေခြင်းမှာ အနှစ်နှစ်အလလက ကောက်ခံထားသော  ဒေသခံပြည်သူလူထု၏ ရိက္ခာ ဆက်ကြေးများကြောင့်သာ ဆိုလျှင် ယုံမှားနိုင်စရာ ရှိမည်မထင်၊ ထိုသို့ KIA ထိပ်ပိုင်းခေါင်းဆောင် များက လက်နက်နှင့် ရိက္ခာ ဖူလုံလျှံပယ်စွာဖြင့် ရပ်တည်နေနိုင်သော်လည်း အောက်ခြေ တပ် သားများနှင့်ကချင်ဒုက္ခများသည်အထူးသဖြင့်အမျိုးသမီးနှင့် ကလေးငယ်များသည် စားဝတ်နေရေး ခက်ခဲ ကျပ်တည်း ဆင်းရဲနေရပါသည်။
ဒါကို ငြိမ်းချမ်းရေး ယူထားစဉ် အနှစ်(၂၀) ကာလအတွင်း အကြီးအကဲဖြစ်လာရရှာသည့်     KIA ထိပ် ပိုင်းခေါင်းဆောင်များသည် ငတ်ပြတ်စွာ ရင်ဆိုင်တိုက်ခိုက်နေရရှာ သည့် အောက်ခြေ တပ်သား များ၏ ဘ၀နှင့်ဒုက္ခသည်များ၏ ခံစားချက်ကို နားလည်နိုင်ရှာမည် မဟုတ်ချေ။
              စစ်၏အနိဋ္ဌာရုံ ဒုက္ခသုက္ခများကို ကချင်ပြည်နယ် ဒေသခံပြည်သူလူထုမှအပ မည်သူမှ နားလည်နိုင်ရှာမည် မဟုတ်တန်ရာ၊ မီဒီယာများကလည်း ၄င်းဒေသခံများ၏ အထူးသဖြင့် တိုင်းလိုင်, တိုင်းခန္တီစသော ဒေသခံရှမ်းလူမျိုးများ၏ နီးရာဓါးကြောက်နေရသည့်  အထူးသဖြင့် KIA ၏ လက်နက်ကိုင်အနိုင်အကျင့်၊ ဖမ်းဆီးခေါ်ဆောင်ခံနေရသည့် အခြေအနေများကို လေ့လာ စုံး စမ်းထောက်လှမ်းပြီး ဘက်မလိုက် မီဒီယာများနှင့် ပြည်သူဘက်တော်သား မီဒီယာ များ ဖြစ်ချေ သင့်သည်။ KIA ထိပ်ပိုင်း   ခေါင်းဆောင်များကလည်း အောက်ခြေတပ်သားများနှင့် ကချင်ဒုက္ခ သည် ပြည်သူလူထုကို စာနာသင့်သည်။ ဖက်ဒရယ်မူအရ တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်ပြ ဌာန်းအုပ်ချုပ်ခွင့် တောင်းဆိုလျှင် မိမိတို့ကိုယ်တိုင်ကဒေသခံ ရှမ်း,ဗမာစသော ဒေသခံ တိုင်းရင်း သားလူမျိုးများအပေါ် ဘာသာရေး, လူမျိုးရေး ခွဲခြားဆက်ဆံခြင်း၊ လက်နက်ကိုင် အနိုင်ကျင့် ဖမ်းဆီးခေါ်ဆောင်ခြင်းကို ရှောင်ရှားပါလို့ သုံးသပ်     တင်ပြလိုက်ပါသည်။
https://www.blogger.com/blogger.g?blogID=4967975746611959720#editor/target=post;postID=3796420342881322549

No comments:

Post a Comment