Saturday, January 18, 2014

ရန်ကုန်လေဆိပ်တွင် လက်ကိုင်ဖုန်း ကျပ် သိန်း ၃၀၀၀ ဘိုး မနေ့ကဖမ်းမိ

116.1.2014 မနေ့က နေ့လည်ပိုင်းတွင် စင်္ကာပူ မှလာသော MAI လေကြောင်းလိုင်းမှ ခရီးသည်တင်အဲယားဘတ်စ်ဖြင့် လိုက်ပါလာသော ခရီးးသည် အောင်ခိုင်မြတ်ဆိုသူသည် ၄င်းယူဆောင်လာသည့် လကဆွဲအိတ် ၈ အိတ် ခရီးဆောင်   အိတ် ၅ အိတ်ဖြင့်သယ်ယူလာ ပြီး လေဆိပ်အကော်ကခွန် လမ်းကြောင်းမှ ဖြတ်သန်းသယ်ဆောင်မှုမပြုဘဲ ရှောင်         ကွင်း သယ်ယူရန်ကြိုးစားစဉ် ဖမ်းဆီးရမိခဲ့ပါသည်။ အဆိုပါအိတ်အတွင်း လက်ကိုင်ဖုန်းဟန်း ဆက် ၆၇၅ လုံး၊ Memory Stick 16G -32G 500ခု ကာလတန်ဘိုး ကျပ်သိန်း
သုံးထောင်ခန့် အား သိမ်းဆည်းရမိခဲ့ပါသည်။ အဆိုပါဖြစ်စဉ်သည် လေယာဉ်အမှုထမ်းများ၊ လေဆိပ်လုံခြုံရေးဝန်ထမ်းများ ၊ အကောက်အခွန် ၀န်ထမ်းများ ပါဝင်ပတ်သတ်နေသည်ဟုသတင်းများထွက်ပေါ်နေပါသည်။
လေဆိပ် လုံခြုံရေး ၀န် ထမ်းများ ပါဝင်မှုမရှိပါ ကရန်ကုန်လေဆိပ်လုံခြုံရေးအခြေနေမှာ စိုရီမ်ဖွယ် ရာအနေအထားတွင်ရောက်ရှိနေသည်ဟုထင်ရပါသည်။ သမ္မတကြီးဟိုနေ့ကလုပ်သွားတဲံ့ အခွန် စည်းကြပ်ရေးမှာ ယခုလိုဖမ်းမိခြင်းမရှိဘဲ ညှိနှိုင်းကာ တာဝန်ရှိသူများလွတ်ပေးလိုက်သည့် အကော် က အခွန်မဲ့ပစ္စည်းများ မည်မျှရှိနေသည်ကို ယခုဖြစ်စဉ်က မီးမောင်းထိုးပြလိုက်ခြင်းပင်ဖြစ်ပါသည်။

No comments:

Post a Comment