Tuesday, January 28, 2014

ပွင့်ပွင့်လင်းလင်းပြောရလျှင်

မောင်သိန်းညွန့် (ကော့ကရိတ်)
၁၉၅၄ ဥပဒေ ဘာလဲ - ဘယ်လဲ
အခုတလောမှာ ကျွန်တော် မကြာခဏဖြေကြားရတဲ့ ဥပဒေတစ်ရပ်အကြောင်း ရေးသားတင်ပြ လိုပါတယ်။ အဲဒီဥပဒေကတော့ “၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင်မိန်းမ များ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေ”ပါပဲ။
သည်ဥပဒေဟာ ပြဋ္ဌာန်းဥပဒေပါ။  ဥပဒေအာနိသင်ရှိတဲ့ ဓလေ့ထုံးတမ်းများကဲ့သို့မဟုတ်ပါ။ အဲဒီဓလေ့ထုံးတမ်းများဟာ ပြဋ္ဌာန်းဥပဒေမဟုတ်တဲ့အတွက် ယေဘုယျအားဖြင့် ဥပဒေရေးဆွဲ ရန်မလိုပါ။ ဒါပေမဲ့ ထူးခြားတဲ့အခြေအနေအရ ဓလေ့ထုံးတမ်းတစ်ရပ်ရပ်နဲ့ပတ်သက်ပြီး လိုအပ် လာတဲ့အခါမှာ “၁၉၅၄ ခုနှစ်၊ ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုအက်ဥ ပဒေ” မျိုးကို ရွေးဆွဲပြဋ္ဌာန်း ခဲ့ပါတယ်။
အဲဒီဥပဒေရဲ့ သမိုင်းကြောင်းကို လေ့လာတင်ပြပါရစေ။ မူလအစက အင်္ဂလိပ်ဘာသာဖြင့်ပြဋ္ဌာန်း ခဲ့တဲ့ “ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုအက်ဥပဒေ”ပါ။ မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ ၁၉၃၉ ခုနှစ်က ပြဋ္ဌာန်းခဲ့ပါတယ်။ အက်ဥပဒေအာဏာတည်မှုကိုတော့ ၁၉၄၀ ပြည့်နှစ်၊ ဧပြီလ (၁) ရက်နေ့ သတ်မှတ်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်နှင့် အခြေအနေအရပ်ရပ်ကြောင့် ဗုဒ္ဓဘာသာဝင် မိန်းမများဟာ အဲဒီဥပဒေရဲ့ အကာအကွယ်ကို မရခဲ့ပါဘူး။
ဒါကြောင့် အချုပ်အခြာအာဏာပိုင် ပြည်ထောင်စုမြန်မာနိုင်ငံ တည်ထောင်လာတဲ့အချိန်မှာ ကိုလိုနီခေတ်ဥပဒေကို ရုပ်သိမ်းခဲ့ပါတယ်။ ပြီးတော့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ ၂၁၊ (ခ) ပြဋ္ဌာန်း ချက်ကို လက်တွေ့အသက်ဝင်ရန် “၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင်မိန်းမများအထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုအက်ဥပဒေ” ကို ပါလီမာန်က ပြဋ္ဌာန်းခဲ့ပါတယ်။
အလျဉ်းသင့်လို့ ရပ်ဆိုင်းသွားတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (၁၉၇၄) ပုဒ်မ ၂၁၊ (ခ) ပြဋ္ဌာန်းချက်ဘာလဲဆိုတာ တင်ပြပါရစေ။ “ဗုဒ္ဓဘာသာ သာသနာတော်သည် နိုင်ငံတော်၏
နိုင်ငံသားအများဆုံးကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့်ဘာသာကြီး ဖြစ်သည်ဟု
ပြည်ထောင်စုမြန်မာနိုင်ငံတော်က အသိအမှတ်ပြုသည်” အဲဒီပြဋ္ဌာန်းချက်အတိုင်းပါပဲ။ “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)” ပုဒ်မ ၃၆၁ မှာလည်း ထပ်တူ ပြဋ္ဌာန်းထားခဲ့ပါတယ်။
ဂုဏ်ထူးဝိသေသနှင့်ပြည့်စုံတဲ့နှင့်ပြည့်စုံတဲ့ ဗုဒ္ဓဘာသာကိုကိုးကွယ်သူ “ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုအက်ဥပဒေ” မှာ ပုဒ်မပေါင်း (၃၁) ခုရှိပါတယ်။ ပြီးတော့ ထိမ်းမြား လိုကြောင်း အကြောင်းကြားစာပုံစံ (က) (ခ) ဇယားများ၊ ပုံစံ ဂ ထိမ်းမြားကြောင်း သက်သေခံ မှတ်ပုံတင် စာအုပ်ပုံစံများလည်း ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။
အဲဒီဥပဒေရဲ့ရည်ရွယ် ချက်ကို “ဒေါ်စောနှင့်ကွယ်လွန်သူအီးအမ်မက်ထွန်းပစ္စည်းကိစ္စ၊ ၁၉၆၆၊ မတစ-၈၁ မှာ အောက်ပါအတိုင်း စီရင်ထုံးပြုထားပါတယ်” ဗုဒ္ဓဘာသာဝင်မိန်းမများမှာ အခြားဘာသာဝင် ယောက်ျားများနှင့် နှစ်ပေါင်းများစွာပေါင်းသင်းနေထိုင်ကာ သားသမီးတစ် ကျိပ်ပင် ထွန်းကားစေခဲ့ကာမူ တရားဝင်မယားမဖြစ်ဘဲ အမြှောင်၊ အပျော်မယားအဆင့်၌သာ တင်းတိမ်ခဲ့ရပြီး လူမှုရေး၊ စီးပွားရေး စသည့် အဘက်ဘက်၌ နစ်နာဆုံးရှုံးခြင်းခံခဲ့ရသဖြင့် အဆိုပါ ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းခြားမှုနှင့် အမွေဆက်ခံမှုအက်ဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပေသည်။”

တည်ဆဲဥပဒေများကို လွှမ်းမိုးနိုင်တဲ့ပြဋ္ဌာန်းချက်များပါဝင်သဖြင့် အမျိုးသမီးအခွင့်အရေး များကို တစ်စုံတစ်ရာကာကွယ်နိုင်ကြောင်းကို “ဒေါ်ကြည်ကြည်နှင့် မလွင်မေရီစိန်၊ ၁၉၇၁ မတစ-၅၂” ၌ အောက်ပါအတိုင်း စီရင်ထုံးပြုလမ်းညွှန်ခဲ့ပါတယ်။
“၁၉၅၄-ခုနှစ် အထူးအက်ဥပဒေသည် ဗုဒ္ဓဘာသာဝင်မိန်းမကို တရားဝင်ထိမ်းမြားပြီးသည့်မယား အဖြစ် အသိအမှတ်ပြု၍ အခြားတရားဝင်မယားများရှိနေလျင် မြန်မာဓလေ့ထုံးတမ်းဥပဒေအရ တန်းတူရည်တူလင့် အမွေကိုဆက်ခံနိုင်ခွင့်ရှိသည့် တရားဝင်မယားပြိုင်အဖြစ်ကိုပေး၍ အထူးဥ ပဒေ က ပေးသောအခွင့်အရေးကိုတရားရုံးက နှုတ်ပယ်၍မရ” လင်ဖြစ်သူ၏ သေတမ်း စာဖြင့် ဖျက် ၍မရ။ အပြည့်အ၀ခံစားရမည်သာဖြစ်သည်။”

သို့ကလို အထူးဥပဒေတစ်ရပ်ဖြစ်သော်လည်း ယနေ့ဆိုလျှင် နှစ်ပေါင်းခြောက်ဆယ်သက်တမ်း
ရောက်လာပါပြီ။ နိုင်ငံလွတ်လပ်သော်လည်း လူထုဆင်းရဲတွင်းနက်မှုကြီးမားဆဲပါ။ တရားဝင်စာရင်းအရပင် ၂၀% ကျော် ဆင်းရဲမွဲတေမှုမျဉ်းအောက်၌ရှိနေဆဲ။ တရားမ၀င်စာရင်းဇယားအရလည်း ဘ၀ရပ်တည်မှု ယိမ်းယိုင်နေမှုများပြားနေဆဲပါ။
သည်ပြင် ပထ၀ီနိုင်ငံရေးအရလည်း လူဦးရေသန်းထောင်ကျော်ရှိတဲ့နိုင်ငံကြီးများ၊ နိုင်ငံသေးငယ် ပေမဲ့ လူဦးရေပေါက်ဖွားမှုများပြားတဲ့နိုင်ငံများနှင့် အိမ်နီးချင်းဖြစ်နေရတဲ့အခြေအနေ၊ တို့သွေးတို့သားမဟုတ် တဲ့သူများက လွန်စွာချမ်းသာကြွယ်ဝနေပြီး ဗုဒ္ဓဘာသာဝင်အမျိုးသမီးငယ်တစ်ချို့မှာ လူခန္ဓာကိုယ်ကလွဲပြီး ဘာမျှမပိုင်တဲ့ဘ၀မျိုးမှာ နိုင်ငံရဲ့ အနာဂတ်ရှေ့ရေးအတွက် အလေးအနက်စဉ်းစားကြရပါမယ်။ ဘယ်သူတွေဘာပြောပြော နိုင်ငံတည်တံ့ရေးအတွက် အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေးဟာ မနေ့က အရေးကြီးသလို ယနေ့လည်း အဓိကအမျိုးသားရေးတာဝန်ပါ။ ဒါကြောင့် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအတွက် တည်ဆဲ “၁၉၅၄ ခုနှစ်၊ ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုအက်ဥပဒေ” ဟာ ခေတ်နှင့်အညီ ပြန်လည်ပြင်ဆင်ရေးဆွဲပြဋ္ဌာန်းရမယ့်
ဥပဒေတစ်ရပ် ဖြစ်ကြောင်း ပြောပါရစေဗျား

No comments:

Post a Comment