Saturday, January 25, 2014
ကျွန်တော် ချစ်သော ကြယ် ၆ ပွင့်
"ရဲရင့်ခြင်းကိုနှစ်သက်ခုံမင်ကြသော
စွန့် လွှတ်ခြင်းကိုရင်ဝယ်ပိုက်လျက်
 သေခြင်းတရားကိုစိန်ခေါ်ခဲ့ကြသော
 (သို့ မဟုတ်) ကျတော်သိပ်ချစ်သော 
 ကျတော်အရမ်းလေးစားသော
 ထိုခြောက်ယောက်"
(၁) အောင်ဆန်းသူရိယ အေးချို (၁၉၄၈) - ဗိုလ်မှူး (ကျဆုံး) / ပြည်ထောင်စု စစ်ရဲတပ်ရင်း (၂၁)
(၂) အောင်ဆန်းသူရိယ တိုက်ချွန်း (၁၉၅၀) - ဗိုလ် (နောင်တွင်ဗိုလ်ကြီး) / အမှတ်(၁) ချင်းသေနတ်ကိုင်တပ်ရင်း
(၃) အောင်ဆန်းသူရိယ လှသောင်း (၁၉၄၉) - တပ်သား (ကျဆုံး) / အမှတ်(၃) ဗမာ့သေနတ်ကိုင်တပ်ရင်း
(၄) အောင်ဆန်းသူရိယ စောမြင့် (၁၉၅၁) - တပ်သား (ကျဆုံး) / အမှတ်(၁)ကရင်သေနတ်ကိုင်တပ်ရင်း
(၅) အောင်ဆန်းသူရိယ စောဘရီ (၁၉၅၁) - အရပ်သား (ကျဆုံး) / အမှတ်(၂) ခြေမြန်တပ်မဟာဌာနချုပ် (တွဲဖက်)
(၆) အောင်ဆန်းသူရိယ စွပ်ဗဟာဒူးရိုင်း (၁၉၅၀) - တပ်သား (ကျဆုံး) / အမှတ်(၄)ခြေလျင်တပ်ရင်း
(၁) အောင်ဆန်းသူရိယ အေးချို
-----------------------------------
လူပုံကဖြူဖြူသေးသေး၊ ပျော်ပျော်နေတတ်သူတစ်ယောက်၊ဒါပေမယ့်ပျော့ညံ့ညံ့တစ်ယောက်တော့မဟုတ်ခဲ့ဘူး။
အမိနိုင်ငံအတွက် နောက်ဆုံးအသက်ထွက်ချိန်ထိ စွန့် လွှတ်ပေးဆပ်ခဲ့သူတစ်ဦးရယ်ပါ။
ဖြစ်စဉ်ကတော့ ၁၉၄၈ သြဂုတ်လအတွင်း ကွန်မြူနစ်တပ်များသည် အင်အားအလုံးအရင်းဖြင့် ရန်ကုန်မြို့ကိုတိုက်ခိုက်သိမ်းပိုက်ရန် ပြည်-ရန်ကုန်ကားလမ်းအတိုင်း ချီတက်လာရာ ၁၉-၄-၄၈ ည ၇ နာရီခန့်အချိန် နတ္တလင်းမြို့အနီးရှိဖိုးသာအောင်ကုန်း တံတားတဘက်သို့အရောက်တွင် နတ္တလင်းတွင်တပ်စွဲထားသော ပြည်ထောင်စုစစ်ရဲတပ်ရင်း (၂၁)၏ တပ်ရင်းမှူးဗိုလ်မှူးအေးချိုသည် အင်အားအဆမတန်မျးပြားသောရန်သူတို့အား မိမိအသက်ကိုပဓာနမထားပဲ ရွပ်ရွပ်ချွံချွံခုခံတိုက်ခိုက်
ခဲ့တယ်။ ရန်သူက အင်အားတစ်ထောင်ကျော်တယ်။ ဒါပေမယ့် ဗိုလ်မှုးအေးချိုရဲ့ တပ်ကိုဖောက်လို့ မရဘူး။ ဗိုလ်မှုးအေးချို ရဲ့ အမိန့် ကပြတ်တယ်
" ငါတို့ ဒီတံတားက ဆုတ်ခွာချိန်ဟာ ငါတို့ အသက်ခန္တာမဲ့ပြီးအချိန်ဖြစ်ရမယ် " တဲ့။ ဗကပတပ်တွေ တံတားကိုမရခဲ့ပါဘူး။ တပ်မတော်ရဲ့ စွန့် လွှတ်စွန်းစားစွာ ခုခံမှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်။ ဒါပေမယ့် တံတားမှုးဗိုလ်မှုးအေးချိုတစ်ယောက်ကတော့ စက်လက်ကို ပိုက်လျက် နိုင်ငံတော်အတွက် သူ့ ရဲ့ အသက်ခန္တာကိုပေးဆပ်ခဲ့တယ်။ ဒါကြောင့်မို့ လို့  နိုင်ငံတော် ၏ရဲစွမ်းသတ္တိဆိုင်ရာအမြင့်ဆုံးဖြစ်သော အောင်ဆန်းသူရိယဘွဲ့ကို ပထမဆုံး ချီးမြှုင့်ခြင်းခံရ သူဖြစ်ခဲ့တယ်။
(၂) အောင်ဆန်းသူရိယ ဗိုလ်တိုက်ချွန်း(သို့ မဟုတ်) အာဂလူ
----------------------------------------------------------------
ဗိုလ်တိုက်ချွန်းဟာ ချင်းအမျိုးသားတစ်ယောက်ဖြစ်တယ်။ ဘာမထီစိတ်ဓါတ်၇ှိတယ်။ ဘယ်ရန်သူကိုမှထီမထင်တတ်ဘူး။စိတ်ဓါတ်ပြင်းပြတယ်။ သေတွင်းထဲကခဏခဏထွက်လာခဲ့သူဖြစ်တယ်။
ရေခဲတိုက်လဲသူရောက်ဘူးတယ်။ သူ့ ကိုအများက သေရွာပြန်လို့ ခေါ်ကြတယ်။ ဗိုလ်မှုးကြီးတစ်ဦးကပြောဘူးတယ် ဗိုလ်တိုက်ချွန်းတို့ လိုလူတွေရှိခဲ့လို့ ငါတို့ ဗကပ ကိုနိုင်ခဲ့တာတဲ့။ဖြစ်စဉ်ကတော့ ၁၉၄၉ ခု ဧပြီလတွင် အင်းစိန်မြို့ကိုအခိုင်အမာစိုးမိုးထားသည့်
ကေအင်ဒီအိုများအား ဗမာ့တပ်မတော်ကတိုက်ထုတ်ချေမှုန်းရာတွင် ၁၆-၄-၄၉ နေ့ နံနက်ပိုင်းတွင် အမှတ်(၁)ချင်းသေနတ်ကိုင်တပ်ရင်း စစ်မျက်နှာရှိ တပ်ခွဲတခွဲအား ရန်သူတို့၏၀ိုင်းဝန်း ပစ်ခတ်ခြင်းကိုခံနေခဲ့ရတယ်။ အင်အား ပစ်အားများလွန်းတာကြောင့် ခေါင်းမဖော်ဝံ့ခဲ့ကြ ဘူး။ မလူးသာမ လွန့် သာအခြေနေရောက်နေခဲ့ရတယ်။ အဲဒီအချိန်မှာ ရန်သူ့ ကြားထဲကို ဘရင်းဂန်းတစ်လက်နဲ့ ဝင်ပြီး မွှေနှောက်ပစ်ခတ်ကာ လက်ပစ်ဗုံးနဲ့ ရန်သူ့ အရေးကြီးနေရာတွေကို ၀င်လုံးခဲ့တဲ့လူတစ်ယောက် ကိုတွေ့ ခဲ့တယ်။ သူကတော့ ဗိုလ်တိုက်ချွန်းပါ။ အဲဒီပွဲမှာသူ့ ရဲ့ ရဲဝံ့ပြီး စွန့် လွှတ်စွန့် စားကာ ပေးဆပ်မှုကြောင့် ရန်သူတွေအထိနာပြီးဆုတ်ခွာခဲ့တဲ့အတွက် နိုင်ငံတော် က အောင်ဆန်းသူရိယ ဘွဲ့ တံဆိပ်ချီးမြှင့်ခဲ့ပါတယ်။
(၃) အောင်ဆန်းသူရိယ လှသောင်း
------------------------------------
လူပုံကဖြူဖြူသွယ်သွယ် အရပ်ရှည်ရှည်။ စိတ်သဘောထားအလွန်ကောင်းတဲ့ တပ်သားလေးတစ်ယောက်ပါ။ စိတ်ဓါတ်ကတော့ အံ့မခန်းလေးစားလောက်ပါတယ်။ အများအတွက် သူတစ်ယောက်သာအသေခံမယ်ဆိုတဲ့စိတ်ဓါတ်ပါပဲ။ ဖြစ်စဉ်ကတော့ ၁၉၄၉ ခု ဧပြီလ ၂၈ရက်နေ့မနက် ၀၃၀၀ နာရီတွင် ဒိုက်ဦးစစ်မျက်နာတွင် အင်အားအဆမတန် များပြားသောကေအင်(န)ဒီအိုများက အမှတ်(၃)ဗမာ့သေနတ်ကိုင်တပ်ရင်း ကွပ်ကဲမှုဌာနချုပ် ကိုဝိုင်းဝန်းတိုက်ခိုက်ရာ မှာ အင်အားမတန်တဆ ကွာဟလွန်းတာက တစ်ကြောင်း၊ ပစ်အားများလွန်းတာကတစ်ကြောင်း ကြောင့် မြန်မာ့တပ်မတော် ဆုတ်ခွာပေးခဲ့ရပါတယ်။ အောင်မြင်စွာ ဆုတ်ခွာနိုင်ဘို့ ဟန့် စစ်ဆင်ရန် လိုအပ်သော်လည်း မိမိဘက်က ဒဏ်ရာရစာရင်းမှာများလွန်းသောကြောင့် ဟန့် စစ်ဆင်ဘို့ တပ်စိတ်တောင် ထုတ်နှုတ်မရနိုင်တဲ့အခြေနေပါ။ ဒါပေမယ့် တပ်သားလှသောင်းဟာ အားလုံးဆုတ်ခွာနိုင်အောင် ဘရင်းဂန်းတစ်လက်နဲ့  စခန်းမှာ ကျည်တစ်တောင့်လူတစ်ယောက်ကျန်သည်အထိ သူတစ်ဦးတည်း
နောက်ချန်ကာ ခုခံပစ်ပေးခဲ့ပါတယ်။ မိမိတပ်ဟာ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပါတယ်။ ဒါပေမယ့် တပ်သားလှသောင်းကတော့ စခန်းထိပ်ကဘန်ကာမှာပဲ ဘရင်းဂန်းတစ်လက်ကို ကျစ်ကျစ်ပါအောင်ဆုတ်ရင်း တပ်မတော်သားတို့ ရဲ့ နောက်ဆုံးသစ္စာကို ပြသ သွားခဲ့ပါတယ်။ ဒါကြောင့် တပ်သားလှသောင်းကို နိုင်ငံတော်က သူရသတ္တိဆိုင်ရာ အမြင့်ဆုံးဘွဲ့ တံဆိပ်ဖြစ်တဲ့
အောင်ဆန်းသူရိယဘွဲ့ ကိုချီးမြှင့်ခဲ့တယ်။
(၄) အောင်ဆန်းသူရိယ စောမြင့်
--------------------------------
ကရင်လူမျိုးတစ်ဦးဖြစ်တယ်။ စကားနည်းတယ် ။ အလုပ်နှင့်သာသက်သေပြတတ်တဲ့ ရဲဘော်တစ်ဦးဖြစ်တယ်။ စစ်တိုက်တော်တယ်။ အမိန့် နာခံမှုကောင်းတယ်။ စိတ်ဓါတ်ပြင်းပြတယ်။ ဒါကြောင့်မို့ လို့ သူ့ ကို သံတောင်မြို့နယ်၊ ရေသိုးကြီးရွာတွင် ကေအင်ဒီအိုများ၏ ဖမ်းဆီးခြင်း ခံနေရသော ဗိုလ်မှူးကြီးမောင်မောင်နှင့် အဖွဲ့အား ကယ်ထုတ်ရန် အရပ်သားစောဘရီနှင့်အတူ သွားရောက်ကယ်တင်ဘို့ အတွက် ကွန်မန်ဒိုအဖြစ်ရွေးချယ်ခဲ့တယ်။တပ်သားစောမြင့်နှင့်အဖွဲ့သည် (၂၈.၆.၅၁)ရက်နေ့ညတွင် အခက်အခဲမျိုးစုံတို့အားကျော်ဖြတ်ကာ ဗိုလ်မှူးကြီးမောင်မောင်တို့အား ချုပ်ထားသော အချုပ်ခန်းအား ၀င်ရောက်စီးနင်းလျက် အောင်မြင်စွာကယ်ထုတ်ခဲ့သည်။ ယင်းသို့ ကယ်ထုတ်စဉ် ရန်သူတို့၏ ပြင်းထန်စွာ ၀ိုင်းဝန်းပစ်ခတ်မှုကြောင့် ခြေထောက်တွင် ဒဏ်ရာရရှိလဲကျသွားခဲ့သော်လည်း မိမိဒဏ်ရာကို ဂရုမထားပဲ ဗိုလ်မှူးကြီးမောင်မောင်နှင့်အဖွဲ့ကို
ဘေးကင်းရာသို့ ရောက်ရှိသည့်တိုင် ရန်သူများကို ကျည်ကုန်သည်အထိ ပစ်ခတ်ပြီးနောက် မိမိအတွက် ၀န်မလေးစေရန် ကျန်ရှိသည့် လက်ပစ်ဗုံးဖြင့် အသက်ကိုစတေးကာ နိုင်ငံတော်အတွက် အသက်ကိုပေးလှူခဲ့သူဖြစ်သည်။ ရည်မှန်းချက်ကိုအောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သူသာမက စွန့် လွှတ်စွန့် စားသောစိတ်ဓါတ်ကိုပါပြသခဲ့သော တပ်သားစောမြင့်ကို နိုင်ငံတော်က အောင်ဆန်းသူရိယ ဘွဲ့ ချီးမြှင့်ခဲ့တယ်။
(၅) အောင်ဆန်းသူရိယ စောဘရီ
-----------------------------------
ကရင်လူမျိုးတစ်ယောက်ဖြစ်တယ်။ သတ္တိသိပ်ရှိတယ်။ အမဲလိုက်ကောင်းတယ်လို့ နာမည်ကြီးတယ်။ စိတ်ဓါတ်ပြတ်သားတယ်။ ရဲရင့်တယ်။ မြန်မာနိုင်ငံရဲ့ သူရသတ္တိဆိုင်ရာ အမြင့်ဆုံးဘွဲ့ တံဆိပ်ဖြစ်တဲ
့အောင်ဆန်းသူရိယဘွဲ့ ကို တစ်ဦးတည်းသော အရပ်သားအဖြစ် ရယူခဲ့သူဖြစ်တယ်။ ဖြစ်စဉ်ကတော့ စောဘရီသည် သံတောင်မြို့နယ်၊ ရေသိုးကြီးရွာတွင် ကေအင်ဒီအိုများ၏ ဖမ်းဆီးခြင်း ခံနေရသော ဗိုလ်မှူးကြီးမောင်မောင်နှင့် အဖွဲ့အား ကယ်ထုတ်ရန် တပ်သားစောမြင့်နှင့်အတူ (၈.၆.၅၁)နေ့တွင် သွားရောက်ပြီး ဗိုလ်မှူးကြီးမောင်မောင်နဲ့ အဆက်အသွယ်ယူခဲ့ကာ (၂၄.၆.၅၁)တွင် ရန်သူ့နယ်မြေအတွင်း ထပ်မံဝင်ရောက်နိုင်ခဲ့သည်။ စောဘရီဦးဆောင်သော အဖွဲ့သည် (၂၈.၆.၅၁)ရက်နေ့ညတွင် အခက်အခဲမျိုးစုံတို့အားကျော်ဖြတ်ကာ ဗိုလ်မှူးကြီးမောင်မောင်တို့အား ချုပ်ထားသော အချုပ်ခန်းအား ၀င်ရောက်စီးနင်းလျက် အောင်မြင်စွာကယ်ထုတ်ခဲ့သည်။ သူတို့ ကယ်ထုတ်သွားတာကို သိတဲ့ ရန်သူတွေက သူတို့ နောက်ကိုထပ်ကြပ်မခွာလိုက်တော့မှာကိုသိလို့ 
စောဘရီဟာ ဗိုလ်မှုးကြီးမောင်မောင်နဲ့  သူ့ အဖွဲ့ တွေကို အရင်ပြေးခိုင်းပြီး သူတစ်ဦးတည်း စခန်းထိပ်မှာကျန်ခဲ့ကာ ကျည်ကုန်သည်အထိ ခုခံပစ်ခတ်ရင်းတိုင်းပြည်အတွက် အသက်ပေးလှုခဲ့သူတစ်ဦးဖြစ်ခဲ့တယ်။ ဒါကြောင့်သူ့ ကိုနိုင်ငံတော်က အောင်ဆန်းသူရိယဘွဲ့ ချီးမြှင့်ခဲ့တယ်။
(၆) အောင်ဆန်းသူရိယ စွပ်ဗဟာဒူးရိုင်း
-------------------------------------------
သူ့ အကြောင်းကြားရင် ကျတော်အမြဲတမ်းကျက်သီးထတယ်။သူ့ ရဲ့ လုပ်ရည်ကိုင်ရည် ဖြတ်ထိုးညာဏ်နဲ့ 
ရဲစွမ်းသတ္တိဟာ မြန်မာတင်မက ကမ္ဘာမှာပါစံတင်လောက်တယ်။ စွပ်ဗဟာဒူးရိုင်းလို့ပြောတာနဲ့ ကျတော်
ကတော့ ရန်သူတစ်ရာကျော်အလောင်းတွေရဲ့ အလယ်မှာ ဘရင်းဂန်းကိုင်ပြီးကျဆုံးနေတဲ့ စစ်သူကြီးတစ်ဦးအဖြစ်သာမြင်မိပါတယ်။ တကယ်တော့သူဟာ စစ်သူကြီးလဲမဟုတ်ပါဘူး။ အရာရှိတစ်ယောက်လဲမဟုတ်ပါဘူး မြန်မာ့တပ်မတော်က သာမာန်ရဲဘော်လေးတစ်ယောက်ပါပဲ။
ဖြစ်စဉ်ကတော့ ၁၉၅၀ ခု ဇွန် ၁၇၊၁၈ ရက်တို့တွင် အမှတ်(၄)ခြေလျင်တပ်ရင်း၏ (ဃ)တပ်ခွဲသည် ရှမ်းပြည်တောင်ပိုင်း တာလေမှပန်ခီသို့ချီတက်စဉ် အင်အားအဆမတန်များပြားသော ရန်သူတရုတ်ဖြူ
သောင်းကျန်းသူ များနှင့်တွေ့ဆုံတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ရန်သူဟာ အလစ်အငိုက်ချုံခိုတိုက်ခိုက်ခဲ့တဲ့
အတွက် မိမိတပ်ဟာ ပါလာတဲ့ စစ်ကားခုနှစ်စီးပေါ်ကစစ်သည်အားလုံးနီးပါးကျဆုံးခဲ့ပါတယ်။ အဲအချိန်မှာ အသက်ရှင်ကျန်သူကတော့ စွတ်ဗဟာဒူးရိုင်းပါပဲ။ သူသာကျဆုံးရင် ဒီရိက္ခာတွေ ကားတွေလက်နက်တွေ ၇န်သူ့ လက်ကိုပါမှာပါ။ ပြန်တိုက်ရင်လည်းမနိုင်နိုင်ပါဘူး။ ရန်သူကတစ်ရာကျော်တယ်။ အဲ..ထွက်ပြေးရင်တော့လွတ်နိုင်တာပေါ့။ ဒါပေမယ့်သူ့ ဆုံးဖြတ်ချက်ကပြတ်သားပါတယ်။ သူသေမှ ဒါတွေပေးမယ်ဆိုတဲ့ဆုံးဖြတ်ချက်ပါပဲ။ ပထမဆုံးသူဟာကားပေါ်က သေနတ်တွေကိုအောက်ကိုဆွဲချတယ်။
ပြီးတော့ အဲသေနတ်တွေကို ရင်ဘောင်တန်းဖြန့် ခင်းလိုက်တယ်။ နောက်တော့ ဆက်သွယ်ရေးစက်နဲ့ နောက်တန်းကို အကြောင်းကြားတယ် ။ ပြီးတာနဲ့ သူဟာ ဒီဘက်ထိပ်ကနေစပြီးသေနတ်ကိုပစ်ပါတယ်။ ပစ်တယ်ဆိုတာ ပါးစပ်ကပါ အော်ပစ်တယ်။
" ဘယ်ဘက်ကပစ်ဟေ့"
နောက်တော့ ညာဘက်ကိုသူပြေးတယ် ထပ်အော်တယ်
" ညာဘက်ကပစ်ဟေ့"
နောက်တော့ အလယ်ကနေ လက်ပစ်ဗုံးထပ်ပစ်တယ်။
" မြန်မာ့တပ်မတော်ကွ မင်းတို့ လူအင်အားလောက်တော့မမှုဘူး"
အပ်နှင်း ခဲ့ပါတယ်။
ဟုတ်ကဲ့ဒီခြောက်ယောက်အကြောင်းကို စာတစ်အုပ်ထဲမှာကျတော်မဖတ်ဘူးပါဘူး။ တစ်ယောက်ခြင်းစီရဲ့ 
အကြောင်းတွေကနေထုတ်နှုတ်ပြီးပြန်ရေးသားဖော်ပြတာဖြစ်ပါတယ်။ ဘာပဲပြောပြော နိုင်ငံတော်အတွက်
တိုင်းပြည်အတွက် တပ်မတော်သားတို့ ရဲ့ သစ္စာလေးချက်ကို အတိအလင်း လက်တွေ့ ပြခဲ့တဲ့ ဒီခြောက်ယောက်ကို ကျတော်အရမ်းလေးစားမြတ်နိုးတန်ဖိုးထားပါတယ်။ကျတော်ခဏခဏပြောဘူးပါ
တယ်။ ကျတော့်မှာပိုက်ဆံရှိရင် ဒီခြောက်ယောက်အကြောင်း ရုပ်ရှင်ရိုက်ချင်ပါတယ်။
ထူးဝေ
No comments:
Post a Comment