Wednesday, January 29, 2014

ရွှေဥမင်ဘုရား စေတီပုထိုး၏ ဘုရားဆင်းတု မျက်နှာတော်တွင် ထူးခြားစွာ ပျားများလာရောက်စွဲ

Tuesday, January 28, 2014
ရှမ်းပြည်နယ် (တောင်ပိုင်း) ၊
 ဓနု ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ၊ 
ပင်းတယမြို့ ၊ ရွှေဥမင် ဘုရား
ပရဝုဏ် ရှေးဟောင်း စေတီပုထိုး
 တစ်ဆူ၏ အရှေ့ဘက်မုခ် အတွင်း 
ကိုးကွယ် ထားသော ဗုဒ္ဓရုပ်
ပွားတော် ၏မျက်နှာ တော်တွင်
 သဘာဝ ပျားများ လာရောက် 
စွဲအုံလျှက် ရှိကြောင်း သိရသည် ။ 
အဆိုပါ သဘာဝပျား များသည် 
ပျားလေး (ခေါ်) တောပျားကြီး များဖြစ်ကြပြီး သစ်ပင် ၊ သစ်ကိုင်း များတွင်သာ စွဲအုံလေ့ ရှိပြီး ပန်းများ ပွင့်သည့် ဆောင်းရာသီ များတွင် ပိုမို များပြားစွာ တွေ့ရှိရသည်။
ယခုကဲ့သို့ ဗုဒ္ဓဆင်းတု ရုပ်ပွားတော် မျက်နှာတွင် ထူးခြားစွာ လာရောက် စွဲအုံခြင်းမှာ ဖြစ်တောင့်ြ ဖစ် ခဲ ဖြစ်ရပ် တစ်ခုဖြစ်ပြီး ထူးဆန်းအံဖွယ် ကောင်းကြောင်း ပျားအုံ တွေ့ရှိသူ ဒေသခံ တိုင်းရင်း သား  တစ်ဦးထံမှ သိရသည် ။
ပင်းတယ မြို့နယ်သည် ရှေးဟောင်း သမိုင်းဝင် စေတီပုထိုးများ ၊ရှေးကျပြီး ထူးဆန်းသည့် နေ ရာ ဒေ သများ ၊ ယဉ်ကျေးမှု အမွေအနှစ်များ ၊ ရှေးဘုရင် အဆက်ဆက်က တည်ထား ကိုးကွယ် ခဲ့သည့် သမိုင်းဝင် စေတီများ အပြင် ရှေးနန်းတွင်း စကား အသုံးအနှုန်း အချို့ ထင်ဟပ် ကျန်ရစ် နေသည့် အရပ်ဒေသ တစ်ခုဖြစ်ပြီး ယခုကဲ့သို့ ထူးဆန်းသော ကိစ္စရပ် များလည်း မကြာခဏ ဖြစ်ပေါ် တတ်ကြောင်း ဒေသခံများ ထံမှ သိရှိရသည်။

No comments:

Post a Comment