ဒီနေရာမှာ ... ဗိုလ်ချုပ်အောင်ဆန်း စကားလေး ပြန်မျှပေးလိုက်ချင်ပါတယ်။
" ဘာ လူထု လဲ။ ခင်ဗျားတို့ တစ်ယောက်နှစ်ယောက် ထင်တာလုပ်နေတာ လူထုလား။ ကျုပ်သိတယ်။ ဘာ လူထု လဲ။ လူထု စကားပြောပြီး မုန်လာဥ လာလုပ်လို့ မရဘူး။ "
ကိုယ့်လုပ်တဲ့အလုပ်တိုင်းကို တာဝန်ယူတတ်တဲ့၊ တာဝန်သိတတ်တဲ့ စိတ်ဓာတ်သည် ဒီမိုကရေစီစနစ်၏ အနှစ်သာရပါ။
ဒီမိုကရေစီ ချည်းနင်းကန်အော်ပြီး ပါးစပ်က ကွမ်းတံတွေး တစ်ပျစ်ပျစ် တွေ့ကရာ လိုက်ထွေးနေရင် မဟုတ်သေးပါဘူး။
ခု ... ခင်ဗျားတို့ အော်နေတာက " ဒီမိုကရေစီ " ၊ လုပ်ပုံက " ကွန်မြူနစ် "
နိုင်ငံရေး အမြတ် ထုတ်ချင် တဲ့ သူတွေက ၀ိုင်းမြှောက်ပေး။
ကျောင်းသားအဖေ အရွယ်တွေက ၊ ကျောင်းသားသမဂ္ဂ ဆိုပြီး ပလက်ဖောင်းရှာ ၊ လုပ်ချင်တာ လုပ်။
ခွပ်ဒေါင်းတွေပါ ဒေါင်းဆိုတာ ခွပ်ရမယ်။ ဘာညာလျှောက်ပြော။ ခံရတော့ ပြည်သူတွေ။
ပာလိုက်တော့ တိုင်းပြည်ကောင်းစားရေး ၊ လုပ်နေတာက တိုင်းပြည် မွဲဆေးဖော်ရေး။
ပြည်သူတွေရဲ့  ရေချိန်ကိုကြည့်ပါဗျာ။ ဖြစ်သင့်ဖြစ်ထိုက်တာကိုသာ တွန်းကြပါ။
အပျက်ပျက်နဲ့  နှာခေါင်းသွေးထွက် ရင် ငါတို့ နိုင်ငံ ၊ ငါတို့ လူမျိုး ၊ ငါတို့ တွေဘဲ ခံရမှာ။
ဘေးကဆိုင်းတီးတဲ့ ၊ ငါတို့ ကို ပျက်ရာပျက်ကြောင်း ဖြစ်စေချင်တဲ့ ၊ သူတွေက လက်ခုပ်တီးပြီး ပျော်နေမှာပါ။
ဒီနေ့ထိ ခင်ဗျာတို့ အတွေးကြီးက " ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ပစ္စုပါန်နဲ့ ၊ အနာဂတ် ပျောက်နေပြီး ၊ အတိတ်မှာဘဲ ရေသောက် ၊ ဗိုက်မှောက်နေရမဲ့ လူပိန်းကြိုက် ၊ အလကား ၊ အချောင်သမား အတွေးကြီးပါ။ အဲ့ဒါကြီးကို ရပ်ကြပါတော့။ "
မဖြစ်နိုင်သေးတာကို မဖြစ်နိုင်သေးကြောင်း အသိအမှတ်ပြု လက်ခံရန်၊ ဦးတည်ချက်ကို တဖြည်းဖြည်းချင်း (စိတ်ခံစားချက်များကို ရှေ့တန်းမတင်ပဲ) ဆောင်ရွက်နိုင်မှသာ ပွတ်တိုက်မှုနဲနဲဖြင့် အောင်မြင်နိုင်သည့် အခွင့်အလမ်းများ ရပါမည်။
လူမိုက်တွေစွာ ၊ အချောင်သမား လူလိမ်တွေ ရမ်းကားနေတဲ့ ဒီမိုကရေစီခေတ်မှာ နိုင်ငံတော်အစိုးရအနေနဲ့  လူမိုက်တွေ ၊ အချောင်သမား လူလိမ်တွေ ၊ လူရမ်းကားတွေကို ထိထိရောက်ရောက် အရေးယူ အပြစ်ပေးဖို့  တောင်းဆိုလိုက်ပါတယ်။

No comments:
Post a Comment