Tuesday, December 24, 2013

We are Burma လို့  ဘယ်သူ အငြင်းပွားခဲ့သလဲ???

ဖောက်ခဲ့တဲ့ မီးပန်းတွေက တရုပ် ဖြစ်တယ်ထား ….
ခင်ဗျားတို့ လက်ထက် မှာ ကုလား လုပ် ကို သုံးမလား ….

မျက်နှာကို အလံချယ်တယ်…
ခေါင်းမှာ နဖူးစည်း စည်းတယ်…
အသံဝင်နေတဲ့  မိန်းကလေး တစ်သိုက်ကို ….
ခြေ ဥ ပြင်မလား သွားမေးမိတော့ ….
အရူး လို့ ဟောက်လွှတ်ခံရတယ်….

ဖက်ဒရယ်တော့ မစစ်သေးဘူး ..
ဒါပေမယ့် ၁၃၅ မျိုးထဲက ကစားသမား တစ်ချို့ က ….
ရွှေအစစ်တွေ ယူပေးခဲ့ကြတယ်… ပြည်ပရောက် မြန်မာ အလုပ်သမား တစ်ယောက် က…
ဒါ ကျုပ်တို့  နိုင်ငံလို့  …
မျက်နှာ ချီပြီး ပြောခွင့်ရတဲ့  အရသာကို…..
ဘယ်သူ ကိုယ်ချင်းစာ ခဲ့ဖူးလို့ လဲ …

၅၉ စလုံးကို ပြင် ပြင် မပြင်ပြင် ….
ကျွန်တော်တို့  ဒုတိယ နေရာကို ပြန်ရောက်ခဲ့ကြတယ် …

ကိုယ့်ကိုယ်ကို မရှက်စတမ်း ပြန်မေးကြေးဆိုရင် …
ကေအိုင်အေ က တောင် သေနတ်ဘေးချပြီး …
မြန်မာအသင်းကို လက်ခုပ်တီး အားပေး နေချိန်မှာ ….
ဘယ် အုပ်စုက သွေးတက်နေခဲ့သလဲ ….?

ပြည်သူ သိတယ်….
ကစားသမားတွေ သိတယ်…
နောက် မျိုးဆက်တွေ လဲ သိကြတယ်…

ပိတ်ပွဲ အပြီး …
တပ်မတော်သားဟောင်း သမ္မတကြီး ပြန်တော့ ….
အားလုံးက မတ်တပ်ရပ် ….
တခဲနက် ကောင်းချီးပေးကြတယ်…

သမ္မတကြီး …….
WE ARE MYANMAR !!!!!!!!! ……။ ။

( ရဲမိုး )

FROM-YE MOE

No comments:

Post a Comment