Saturday, December 28, 2013

ပြည်သူလူထုအကျိုးကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်ဖြင့် ဆောင်ရွက်၍ရကြောင်း ဦးသိန်းညွန့် ပြောကြား

အမေပေးတဲ့ဆန်တစ်ခွဲ
တစ်တင်းနဲ့ မလဲဆိုသကဲ့
သို့ ပြည်သူကအပ်နှင်းခဲ့သော
 လွှတ်တော်ကိုယ်စား လှယ်တာ
ဝန်ကို လူတစ်ဦးတစ်ယောက်
ကပေးအပ်သော အစိုးရအဖွဲ့
ရာထူးနှင့် မလဲနိုင်ကြောင်း 
အမျိုးသားဒီမိုကရေစီပါတီသစ်
ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ကဆိုသည်။
"ပြည်သူလူထုအကျိုးကိုလွှတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့ ဆောင်ရွက်လို့ရပါတယ်။သမ္မတဖြစ်မှ လုပ်ပေးနိုင်မယ်လို့တော့ ကျနော့်အနေနဲ့မယူဆပါဘူး။ အမေပေးတဲ့ဆန်တစ်ခွဲ တစ်တင်းနဲ့ မလဲဆို သလို မျိုး ပြည်သူက အပ်နှင်း ခဲ့တဲ့တာဝန်ကို လူတစ်ဦး တစ်ယောက်ကပေးအပ်တဲ့ အစိုးရအဖွဲ့ ရာထူး နဲ့မလဲနိုင် ပါဘူး။ ဒီဘဝအတွက်ကို ဂုဏ်ယူပါတယ်။ ဘာလို့လဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်း ရဲ့သမိုင်းမှာ သမ္မတ ဝန်ကြီးလုပ်ရမယ်ဆိုတာ မရှိပါဘူး။ သူပြောခဲ့တဲ့စကားတစ်ခွန်းက ဝန်ကြီးဆို တဲ့ရာထူးထက် လူထုခေါင်းဆောင်ဆိုတဲ့ရာထူးကိုသာ မက်မောတယ်ဆိုတာပါပဲ"ဟု အမျိုးသားဒီမို ကရေစီ ပါတီ သစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်ကပြောသည်။
ပေါ်ပေါက်လာသောဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် အာဏာရထားသော အစိုးရကို ထိန်းကျောင်းနိုင် ရန် အမှန်ထောက်ပြနိုင်ရန်နှင့် ပြုပြင်နိုင်ရန် လိုအပ်သည်ဟု ယူဆသည့်အတွက် မိမိသည် တာဝန် သိနိုင်ငံရေးသမားကောင်း တစ်ယောက်အနေဖြင့် ဖြတ်သန်းမည်ဖြစ်ကြောင်း ၎င်းကထပ်လောင်းပြော ကြားခဲ့သည်။
ဦးသိန်းညွန့် ၏ယခုကဲ့ သို့ ပြောဆိုမှုကြောင့် ၂၀၁၅တွင် ဖွဲ့ စည်းပုံပြင်ဆင်ရေးဆွဲကာ သမ္မတပြုလုပ် မည်ဟုပြောဆိုခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ NLDပါတီဝင်များမှ ဦးသိန်းညွန့် အား အမြင်စောင်းနေ  ကြကြောင်း သိရသည်။ nay zaw

No comments:

Post a Comment