Thursday, December 26, 2013

တောင်ကြီးမြို့၊ ခရစ်စမတ်နေ့၊လက်လုပ်မိုင်း တခုထောင်ထားသည် ကိုတွေ့ရှိရှင်းလင်း

ဒီဇင်ဘာလ၂၅ရက်နေ့၊တောင်ကြီးမြို့ ၊စိန်ပန်း ရပ်ကွက် ၊ပြည်တော်အေးလမ်းကြားမှာ လက် လုပ်မိုင်းတခုကို၂၅-၁၂-၂၀၁၃ ရက်နေ့ ၁၂ နာရီ၅၅မိနစ်မှာ စည်ပင်သာယာရေးဝန်ထမ်း ကနေ စတင်တွေ့ရှိပြီး သက်ဆိုင်ရာ တာဝန်ရှိ သူများကိုသတင်းပို့ခဲ့ရာမှ တာဝန်ရှိ သူတွေ မှ နေရာတွင်ပင် ဖောက်ခွဲဖျက်သိမ်း လိုက်တယ် လို့ သိရပါတယ်။ဒါဟာတောင်ကြီးမြို့မှာ ငါး မိုင်း ခွဲဖို့ ပါဆိုတဲ့ ဗလီ ဥက္ကဌ အိမ်မှာ လက်လုပ် မိုင်း ပေါက်ကွဲမှု ဖြစ် ပွားပြီး တဲ့ နောက် ဒုတိယ မြောက် တွေ့ ရှိခဲ့ သော မိုင်းလည်းဖြစ်ပါတယ်။တရားခံ ဖမ်းဆီးရမိရေး ကိုတောင်ကြီး မြို့ပေါ် ရှိ လုံခြုံရေးတာဝန်ရှိသူများမှအရေးတကြီး စုံစမ်းဖော်ထုတ်နေတယ်လို့သိ ရပြီးယခင် မိုင်းဖြစ်စဉ်များနှင့်လည်းပတ်သက်နိုင်တယ်လို့တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
တောင်ကြီးမီဒီယာ

No comments:

Post a Comment