Thursday, December 19, 2013


ဒီနေ့ ကျွန်မ သင်ခန်းစာ တစ်ခု ရခဲ့တယ်။ ကျွန်မတို့ မြန်မာဆို နိုင်ငံတကာက နှိမ်ချင် တယ်။ ဘာကြောင့်လဲ.. ကျွန်မတို့ မှာ တော် ပါတယ်ဆိုတဲ့လူတွေ လက်ညွှန်းညွှန်ပြဖို့ သိပ်နည်းခဲ့တယ်။ ကိုယ့်အမျိုးသားအချင်းချင်းမှာ နိုင်ငံရဲ့ဂုဏ်သိက္ခာကို ကိုယ့်စားနပ်ရိက္ခာ အဖြစ် ပြောင်းနေသူတွေ များတယ်။
ဒါကြောင့် ကျွန်မတို့ အနှိမ်ခံရတယ်။
ဒီတော့.. ဒီနေ့ကစပြီး.. ကျွန်မတို့ နိုင်ငံတကာ

စာမျက်နှာမှာ တိုက်စစ်ဖွင့်ရအောင်ပါ။ ကျွန်မတို့ မြန်မာလူမျိုး အယောက်စီတိုင်းမှာ အရည်အချင်းရှိတယ် ဆိုတာ ကျွန်မတို့ ထုတ်ပြ ရအောင်...။
အနယ်နယ်အရပ်ရပ်က ပညာတတ်အသိုင်းအဝိုင်းဝင် ဆိုသူတွေ. ကိုယ့်နိုင်ငံသိက္ခာကို ကိုယ်မြှင့် တင်ပေး ကြပါတော့။ အချင်းချင်း လှောင်ပြောင်မှုတွေ ရပ်ကြပါတော့။
ဒီနေ့ ဒိုင်ရဲ့ လုပ်ရပ်ဟာ ကျွန်မတို့ကို သင်ခန်းစာပေးခဲ့ပြီ။ ကျွန်မတို့ရဲ့ အရည်အချင်းတွေကို မဟုတ် မမှန်တဲ့ နေရာတွေမှာ မသုံးပါနဲ့တော့။ စစ်မှန်တဲ့ နိုင်ငံအတွက်လဲ အကျိုးရှိအောင် ကြိုးစား ကြ ရအောင်ပါ။
ဂရိကတော့ ဘောလုံးပွဲကြောင့် နိုင်ငံစည်းလုံးရေးကို တည်ဆောက်နိုင်ခဲ့တယ်တဲ့။ ကျွန်မတို့ ရော.. ဒီအရှုံးတွေက ကျွန်မတို့ကို ခွန်အားအဖြစ်ဖြစ်ပါစေတော့လား။

No comments:

Post a Comment