Thursday, December 19, 2013

ဗြိတိန်ကာကွယ်ရေးဦးစီးချုပ်က မြန်မာတပ်မတော်သားများ၏ အရည်အချင်းသည်ကူညီအားပေးမှု၊ ထောက်ပံ့ပေးမှုတို့နှင့် ထိုက်တန်သည်ဟုဆိုကာ နေပြည်တော်တွင် သင်တန်းလာပို့ချပေးမည်

ဗြိတိန်ကာကွယ်ရေးဦးစီးချုပ်က
 မြန်မာ့တပ်မတော်မှ မျိုးဆက်သစ်များ
၏ ကြိုးစားမှုနှင့် အရည်အချင်းသည် 
ကူညီအားပေးမှု၊ ထောက် ပံ့ပေးမှုတို့နှင့် 
ထိုက်တန်သောသူများ ဖြစ်သည်ဟုဆိုကာ
 မြန်မာ့တပ်မတော်ကို ဗြိတိန်က သင်တန်း
များလာရောက်ပို့ချပေးမည်ဟု ဆိုသည်။
မြန်မာ့တပ်မတော်မှ ဗိုလ်မှူးချုပ်အဆင့် ရှိသူများကို ဗြိတိန်တပ်မတော်မှ သင်တန်းပေး ရန်ရှိသည် ဟု မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံ အမတ်ကြီး အန်ဒရူးပက်ထရစ်က ပြောသည်။
ဗိုလ်မှူးချုပ်အဆင့်ရှိ တပ်မတော်သားများကို ဇန်န၀ါရီလ ၇ ရက်နေ့မှ ၁၆ ရက်နေ့အထိ ၁၀ ရက်ကြာ သင်တန်းပို့ချမှုကို နေပြည်တော် တွင် ပြုလုပ် သွားမည်ဖြစ်သည်။
သမ္မတဦးသိန်းစိန် ဗြိတိန်နိုင်ငံသို့ ဇူလိုင်လ

အတွင်း သွားရောက်စဉ်ကလည်း မြန်မာ့တပ်တော်မှ အရာရှိ ၃၀ ကို ဗြိတိန်နိုင်ငံသို့ ခေါ်ယူလေ့ ကျင့်ရန် ကမ်း လှမ်းခဲ့သည်ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်သ် ၏ဗြိတိန်ပါလီမံသို့ တင်ပြ သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဗြိတိန်ကကမ်းလှမ်းထားသည့် အဆို ပါသင်တန်းသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ စီမံခန့်ခွဲမှုအတတ်ပညာနှင့်၊ အုပ်ချုပ်ရေးနှင့်သက် ဆိုင်သည့် သင်တန်းများဖြစ်သည်။

ဗြိတိန်နိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးဆာဒေးဗစ်ရစ်ချက် ၂၀၁၃ ခုနှစ်၊ ဇွန်လအ တွင်း မြန်မာ ပြည် လာရောက်ခဲ့စဉ်က မြန်မာအစိုးရနှင့် တပ်မတော်ခါင်းဆောင်များက ဗြိတိန်နိုင် ငံမှ လုံခြုံရေး ပြုပြင် ပြောင်းလဲမှုနှင့်ဆိုင်သောလုပ်ငန်းများ၊ ရဲဝန်ထမ်းများအတွက် သင်တန်းပေး ရန် ကို စိတ်အားထက်သန် စွာ လက်ခံကြသည်ဟု ဗြိတိန်အခြေစိုက် Financial Times သတင်းစာ ကို ပြောကြားခဲ့သည်။

No comments:

Post a Comment