သေနတ်ပစ်ဖောက်ကာ ဓားပြတိုက်မှု ကျူးလွန် ရာတွင် အသုံးပြုခဲ့သည့် သေနတ်
ကျူးလွန်သူမှာ လောက်ကိုင်မြို့တွင် နေထိုင်သူ ကိုးကန့်လူမျိုး အားရှန့် (၃၀ နှစ်)၊ (ဘ) ဦးလီကွမ်ရီ ဟု သိရပြီး မန္တလေးမြို့သို့ လုပ်ငန်းကိစ္စဖြင့် မကြာခဏ လာရောက်လေ့ရှိကာ မြို့သစ် (၁) ရပ် ကွက်၊ ၆၄ လမ်း၊ သိပ္ပံလမ်းတောင်ဘက်ရှိ အဒေါ်ဖြစ်သူ နေအိမ်တွင် တည်းခိုလေ့ရှိကြောင်း သိရ သည်။
ကျူးလွန်သူ အားရှန့် အသုံးပြုခဲ့သည့် သေနတ်အမျိုးအစားမှာ အီတလီနိုင်ငံလုပ် PIETRO BERETTA ပစ္စတိုခဲရောင်ဖြစ်ကာ ကျည်ခွံခြောက်တောင့်နှင့် ကျည်ဆန်ခုနစ်တောင့် သိမ်းဆည်းရ မိခဲ့သည်။
“ကျောက်အရောင်းအ၀ယ်လုပ်တာ အဆင်မပြေတဲ့အတွက် ငွေလိုလို့လုပ်တာလို့ ကနဦး ထွက်ဆို ထားတယ်။ ကျူးလွန်စဉ်မှာ အရက်သောက်ထားပါတယ်။ နောက်ပြီး ပုံမှန်စိတ်အခြေအနေလား၊ မူးယစ်ဆေးဝါး သုံးစွဲထားလားဆိုတာသိအောင် ဆေးစစ်မှာပါ။ သာမန်လူတစ်ယောက် အနေနဲ့ ကျူးလွန်ဖို့ ခဲယဉ်းတဲ့ အရာကို ပြုလုပ်သွားတာဖြစ်လို့ မိုက်ရူးရဲ ဆန်ပါတယ်။ သတိရလိုက် မေ့သွား လိုက်နဲ့မို့ ဖြည်းဖြည်းချင်းစစ်ဆေးနေရတာပါ”ဟုတိုင်းရဲတပ်ဖွဲ့မှူးရုံးမှဒုတိယရဲမှူးကြီး ဇော်မင်းဦးက ဆိုသည်။
အဆိုပါ ပြစ်မှုကျူးလွန်သူ အားရှန့်အား ၀ိုင်းဝန်းလုံးထွေး ဖမ်းဆီးခဲ့ခြင်းကြောင့် ဦးခေါင်းပေါက်ပြဲ ၊ နှာခေါင်းသွေးထွက်၊ ယာဘက်မျက်လုံးညိုမည်း (သတိမရ) ဖြင့် ဖမ်းမိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အားရှန့်အား မန္တလေးပြည်သူ့ ဆေးရုံကြီးတွင် ဆေးကုသမှု ပေးလျက်ရှိပြီး (ပ) ၅၅၆/၂၀၁၃ ပြစ်မှု ပုဒ်မ ၃၈၆/ ၃၀၇ အရ ချမ်းအေးသာစံမြို့နယ် မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်နိုင်ရန် စစ်ဆေးနေကြောင်း သိရ သည်။
No comments:
Post a Comment