Saturday, December 28, 2013

မြန်မာ့ ရုပ်ရှင်ဆုပေးပွဲ အစီအစဉ်

Popular News
မြန်မာ့ ရုပ်ရှင်ဆုပေးပွဲ အစီအစဉ်မြန်မာ့ရုပ်ရှင် ထူးချွန်ဆု (အကယ်ဒမီ)ပေးပွဲကို ဒီဇင်ဘာ ၂၉ ရက်၊ မွန်းလွဲ ၃ နာရီ အချိန်တွင် စတင်ကျင်းပမည်ဖြစ်သည်။ ၄င်းအကယ်ဒမီ ပေးပွဲတွင် အစီအစဉ်ခုနစ်ချက် ပါဝင်ကြောင်း သိရသည်။ အစီအစဉ်(၁)တွင် 'မြန်မာ့မြန်မာ့ ရုပ်ရှင်' တေးသီချင်းဖြင့် ပဏာမ ဖျော်ဖြေ မည်ဖြစ်ပြီး ညီထွဋ်ခေါင်၊ စည်ဖြိုး၊ စိုးရန်အောင်၊ ဇေရဲထက်၊ ကောင်းပြည့်၊ ဂျွန်ဂို၊ ထိုက်စံမော့စ်၊ စူးရှ၊ ချမ်းမေမြတ်နိုး၊ ဧကရီမှူး ပိုင်၊ဘေဘီမောင်၊ ရှင်ယွန်းမြတ်၊ မီးနို၊ ငြိမ်းစုသာ၊ ထက်ထက်စု လှိုင်နှင့် ရှင်းရှင်း တို့က သီဆိုကြ မည်ဖြစ်သည်။
၎င်းနောက်တွင် The Trees Band နှင့်အတူ ချိုပြုံး၊ ထွန်းအိန္ဒြာဗို၊ မေဆွိ၊ ချစ်စနိုးဦး၊ဝိုင်းစု ခိုင်သိန်း၊ ရန်အောင်၊ မြင့်မြတ်၊ မင်းမော်ကွန်း နှင့် စိုးပြည့်သဇင်တို့က သီဆိုဖျော်ဖြေကြမည်ဖြစ်သည်။ အစီအစဉ်(၂) အဖြစ် ၂ဝ၁၂ခုနှစ်အ တွက် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုကို စတင်ကြေညာ မည်ဖြစ်သည်။ ထို့နောက်တွင် အစီအစဉ်(၃) အဖြစ်၊ ပြန်ကြားရေး ဝန်ကြီး ဌာန၊ ပြည်ထောင် စုဝန်ကြီး ဦးအောင်ကြည်က မိန့်ခွန်းပြောကြား မည်ဖြစ် သည်။ အစီအစဉ်(၄)အရ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက မိန့်ခွန်းပြောကြား မည်ဖြစ်ပြီး အစီအစဉ်(၅) အဖြစ်၂ဝ၁၂ ခုနှစ် အတွက် အကယ်ဒမီထူးချွန် ဆုရသူ များကို စတင်ကြေညာ ပြီး ဆုပေး အပ်မည်ဖြစ်သည်။
၎င်း နောက် တွင် အချိန် အကန့်အသတ် အရ မိနစ်၂ဝစာခန့် ရပ်နားမည်ဖြစ် ပြီး ရပ်နားချိန် ၌ ဇော်ဝင်းထွဋ်၊ စိုင်းစိုင်းခမ်းလှိုင်၊ဖြူဖြူကျော်သိန်း တို့အပါအဝင် သဘင် ကဏ္ဍမှတင် မောင်ဆန်းမင်းဝင်း၊ ဟန်ဇာမိုးဝင်း၊ ဖိုးချစ်၊ စူးရှ၊ကျော်ကျော်ဗိုတို့ က သူတို့၏ ပါဖောမန့် များနှင့် သီဆိုဖျော်ဖြေပေး မည်ဖြစ်ပြီး အစီအစဉ် ၆ အဖြစ် ထူးချွန်ဆုရရှိ သူများကို ဂုဏ်ပြုနှုတ် ဆက်ကြမည်ဖြစ်သည်။

No comments:

Post a Comment