Tuesday, December 24, 2013

အမျိုးသမီးဘောလုံးအသင်းစိတ်ဓာတ်ကို ဂုဏ်ပြုမည်

1509211_516202358477600_1002794800_n

(၂၇)ကြိမ်မြောက် ဆီးဂိမ်း အကြိုဗိုလ်လုပွဲတွင် ထိုင်းအမျိုးသမီးဘောလုံးအသင်းနှင့် ရဲရဲဝံ့ဝံ့ ယှဉ်ပြိုင်အ နိုင်ယူခဲ့သည့် ပြည်သူကပေးသည့် ချန်ပီယံရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့သော မြန်မာ အမျိုးသမီးဘောလုံးအ သင်း၏ အသင်းစိတ် ဓာတ်ကို ဂုဏ်ပြုရန် ဒီဇင်ဘာ ၂၃ ရက်က စတင် ပြီး “လူပေါင်းတစ်သိန်းထံမှ သိန်း တစ်ထောင် ကျပ်ရရှိရေး” လှုပ်ရှားမှုကို ၀ါရင့်ဘောလုံးသမား
အမျိုးသမီးအသင်းအုပ်ချုပ်သူဦးသန်း
တိုး အောင် အပါအ၀င် လူအချို့စုပေါင်းပြီး စတင် ကောက်ခံနေပြီဖြစ်ကြောင်း အဆိုပါအဖွဲ့တွင် ပါဝင်သူ ဦး တင်မင်းလတ်က မဇ္ဈိမကို ပြောသည်။
အဆိုပါဂုဏ်ပြုမှုအစီအစဉ်ကို ဒီဇင်ဘာ ၂၃ ရက်မှ ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီ ၂ ရက်အထိ ကောက်ခံ သွား မည်ဖြစ်ပြီး ရရှိသည့် ဂုဏ်ပြုချီးမြှင့်ငွေများကို ဇန်န၀ါရီ ၃ ရက်တွင် မြန်မာနိုင်ငံဘောလုံးအ ဖွဲ့ချုပ်မှ အမျိုး သမီးအသင်းအုပ်ချုပ်သူ ဦးသန်းတိုးအောင်က ပေးအပ်သွားမည်ဖြစ်သည်။
ဦးတင်မင်းလတ်က “ကျွန်တော်တို့ အခုလိုကောက်ခံတယ်ဆိုတာ အဓိက မြန်မာနိုင်ငံသား သန်း ၆၀ က မြန်မာအမျိုးသမီး ဘောလုံးအသင်းကို ဂုဏ်ပြုတယ်ဆိုတာကို ပြသချင်လို့ပါ။ အခုလို ဂုဏ်ပြုဖို့ သန်း ၆၀ လုံး ပါဝင်ဖို့ မဖြစ်နိုင်လို့ လူတစ်သိန်းလောက်ကနေ ဂုဏ်ပြုနိုင်ဖို့အတွက်ပါ။ ကျွန်တော်တို့ က ပိုက်ဆံကို အဓိကထားချင်တာမဟုတ်ဘူး။ သူတို့ကို အားလုံးပါဝင် ဂုဏ်ပြုစေချင်တာ။ တစ်ဦးကို တစ်ထောင်ဆိုပေ မယ့် အဲဒီထက်နည်းရင်လည်း လက်ခံသွားမှာဖြစ်သလို များရင်လည်း လက်ခံ သွားမှာပါ။ အကယ်၍ တစ် သိန်းထည့်ရင်လည်း လူ ၁၀၀ ကို ကိုယ်စားပြုတယ်လို့ သတ်မှတ်မှာပါ။ ဒီနေ့ပဲ ဘဏ်အကောင့်တွေဖွင့် ပြီး စတင်လက်ခံနေပါပြီ”ဟု ပြောသည်။
အဆိုပါအစီအစဉ်တွင်ပါဝင်သူများက ကျပ်သုံးသောင်းမတည်ကာ စတင် ကောက်ခံနေခြင်ြး ဖစ်ပြီး မြန်မာ နိုင်ငံ အမြို့မြို့အနယ်နယ်အပြင် စင်ကာပူနိုင်ငံ၊ အင်္ဂလန်နိုင်ငံတို့မှ မြန် မာနိုင်ငံသားများကလည်း ဂုဏ်ပြု ကြမည်ဖြစ်ကြောင်း သိရသည်။
မြန်မာအမျိုးသမီးဘော လုံးအသင်း သည် အကြိုဗိုလ်လုပွဲအဖြစ် ဒီဇင်ဘာ ၁၈ ရက်တွင် မန္တလေးမြို့ မန္တ- လာသီရိ ဘောလုံးကွင်းတွင် ထိုင်းနိုင်ငံ အမျိုးသမီးဘောလုံးအသင်းနှင့် အကြိတ်အနယ် ယှဉ်ပြိုင် ခဲ့ပြီး ဒု တိယမြောက် ပင်နယ်တီ အပြန်အလှန်ယှဉ်ပြိုင်ရာတွင် လွဲချော်ခဲ့ရ၍ တတိယနေ ရာ ရရှိခဲ့သည်။
ဂုဏ်ပြုချင်သူများသည် ကမ္ဘောဇဘဏ်(ကျွန်းတောလမ်း)Junction Square Branchရှိ ဘဏ်အကောင့်  အမှတ်- ၀၅ ၇၁၀ ၂၀၅၇ ၀၀၉၈ ၉၇၀၁ ရှိ ဦးသန်းတိုးအောင်၊ ဖုန်း-၀၉ ၈၃၀ ၄၆၀၆၊ ဦးတင်မင်းလတ် ဖုန်း-၀၉၇၃၁ ၉၅၄၈၈၊ ဒေါ်မြတ်မျိုး ဖုန်း-၀၉ ၇၃၀ ၀၉၇၁၆၊ ဦးသက်ဝင်းလှိုင် ဖုန်း-၀၉ ၄၄၄ ၀၀၇၃၉၉ သို့ ဆက်သွယ်နိုင်သည်။

No comments:

Post a Comment