Thursday, December 19, 2013

ဘာကြောင့် အိမ်ရှင်နိုင်ငံ ကို ဒိုင်တွေ ညစ်သလဲ ?

    အာရှနိုင်ငံတွေဟာ အိပ်ပျော်နေတဲ့ လူသန်ကြီး
 နိုးထလာမှာ သိပ်ကြောက်နေကြရှာတယ်။ 
ဘာကြောင့်လဲဆိုတော့ ပထ၀ီဝင် နိုင်ငံရေးတွေ 
နဲ့ ဆက်နွယ်တော့ အားလုံးသဘောပေါက်မယ်
လို့ထင်ပါတယ်။ဒီဆီးဂိမ်းမှာမျက်နှာဖုံးတွေက 
 ကွာကျတယ်။ ၁၆ ရက်နေ့ ပွဲ ၊ ဒီနေ့ ပွဲတွေကြည့်
လိုက်ရင် ဒိုင်တွေဟာ မြန်မာ ကို Focus ထားပြီး 
သမ နေတယ်ဆိုတာ သံသယ တောင် ရှိစရာမ
လိုဘူး ။ဘာကြောင့်လဲဆိုတော့ အတိတ်မှာ 
မညီညွတ် ခဲ့ကြတဲ့ ၊ မစည်းလုံး ခဲ့ကြတဲ့ အတွက် ကျွန်တော်တို့ဟာ အရာရာ နောက်ကျနေပြီး သူများနိုင်ငံ ရဲ့ မထီမဲ့မြင် လုပ်တာကို ခံရတာပဲ ။
ကိုယ့်အိမ်ရှင် ဘောလုံးကွင်းထဲမှာ ကိုယ့်လူမျိုးကို ပါးရိုက်သွားတာလဲ ဖန်သားပြင်မှာ အရှင်းကြီး
မြင်ရဲ့သားနဲ့ ဒိုင်ကို ဆဲယုံနဲ့ စိတ်ဖြေခဲ့ရတယ်။ကိုယ့်ဂိုးက အာပလာ ဖြစ်ပြီး ၊ သူ့ ဂိုး မှ အသက်ဝင်သွားတဲ့ အဖြစ် ၊ ဒိုင်က လည်း ပရိတ်သတ်ကို ဆွတယ် ၊ ကစားသမားတွေကလည်းမြန်မာ အသင်းကို ဆော်တယ် ။ ဘာပဲဖြစ်ဖြစ် ဆူပူမှု ဖြစ်လာရင် ဒိုင်ပွဲရပ် နဲ့ အနိုင်ပေးလိုက်မှာလည်း ဖြစ်သလို ၊ နိုင်ငံရေး အရလည်း မြန်မာ နိုင်ငံဟာ ကမ္ဘာ့ နိုင်ငံတွေ အလယ်မှာ အရှက်ကွဲ သိက္ခာကျမယ် ။ ချစ်ကြည်ရေးတွေ ၊ စည်းလုံးရေးအတွက် တွေ အတွက်ကန်ပါတယ်လို့ ဘယ်လိုပဲ ပြောပြော အမျိုးသားအကျိုးစီးပွါး ဆိုတဲ့ ခေါင်းစဉ် အောက်ကိုပဲ နောက်ဆုံးတော့ ဘူတာ ဆိုက်တာချည်းပဲ ။ဒါပေမယ့် ဆီးဂိမ်းမှာ
အမျိုးသားရေး စိတ်ဓာတ် ဆိုတာ ကို ပြင်းပြင်းပြပြတွေ့ရလို့ အရှုံးထဲက အနိုင်လို့လဲ ပြောလို့ရပါတယ်။အတိုက်အခံရော စစ်တပ်ရော တိုင်းရင်သားရော ၃၀၀၀ တန် လက်မှတ်ကို ၃၀၀၀၀ ပေးကြည့်ခဲ့ကြတယ် ။ကလေးလူကြီး ၊ ကြီးကြီး ငယ်ငယ် ရွယ်ရွယ်လတ်လတ် မြန်မာ ဟေ့လို့ သံပြိုင်အော်ခဲ့ကြတယ်။

ဒီလိုအချိန်နဲ့ ကြုံဆုံရတာ အရမ်းစိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ဒါပေမယ့် မြန်မာတွေဟာ အရေးကြီးမှ သွေးစည်းကြတယ် ။ ကျွန်တော် ဒီစကားပုံကို မကြိုက်ဘူး ။အရေးကြီးကာ မှ သွေးစည်းတာထက် ၊ ထာဝရ သွေးစည်းခြင်းက ပိုကောင်းတယ်လို့ မြင်မိတယ်။အရေးကြီးမှ
သွေးစည်းမယ်ဆိုတာ သူများလက်ထဲ ပါမှ ပြန်တိုက်ယူတာမျိုးလား ။ကုသခြင်းထက် ကာကွယ်ခြင်း က ပိုထိရောက်ပါတယ်။ မြန်မာ ညီရင် အာရှ မှာ အသံအကျယ်မြည် နေမှာပါ ။မြန်မာ ကွဲရင်တော့ အာရှမှာ ထာရ၀မွဲသွားလိမ့်မယ်။ဒါကြောင့် ညီညာဖျဖျ လက်တွဲထားကြရင်ဖြင့် ရွှေပြည်တော် ဘယ်မဝေး လှမ်းကြစို့လေး....လို့ ဆိုရမှာ အသေအချာပါပဲဗျာ။

မြန်မာ ပြည်ကြီး စည်းလုံး ငြိမ်းချမ်းပါစေဗျာ :pray

ဦးစစ်မင်း'S  Facebook စာမျက်နှာမှ ကူးယူဖော်ပြသည်။

No comments:

Post a Comment