Tuesday, December 31, 2013

လိုင်စင်မဲ့ ဆိုင်ကယ်များအား စစ်ဆေးဖမ်းဆီးနေသည့် ရဲတပ်ဖွဲ့ဝင် တစ်ဦးနှင့် ထွေ/အုပ်စာရေးတစ်ဦး ကတ်ကြေးဖြင့် အထိုးခံရကာ လေထိုးပိုက်ဖြင့် ရိုက်နှက်ခံရမှု အင်းစိန်မြို့နယ်တွင်ဖြစ်ပွား

ထိုသို့ ဖမ်းဆီးနေစဉ် နံနက် ၁၀ နာရီ တွင် ဒညင်းကုန်း လမ်းဆုံအနီး၊ ပြင်စည်မင်းသားကြီး လမ်းမပေါ်တွင် စည်းကမ်းမဲ့ ရပ်နားထားသည့် အနီရောင် ဆိုင်ကယ်တစ်စီးအား တွေ့ရှိစစ်ဆေးရာ ဆိုင်ကယ်စီးနင်းသည့် ၃၆ ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်နေ မောင် --- ၃၅ နှစ်မှ ကတ်ကြေးဖြင့်ထိုးကာ အတူပါလာသည့် မောင် ----မှာလည်း လေထိုးပိုက်ဖြင့် ရိုက်နှက်ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၂၉ ရက် နံနက် ၈ နာရီခန့်က အင်းစိန်မြို့မ ရဲစခန်း နယ်မြေအတွင်း စည်းကမ်းမဲ့၊ လိုင်စင်မဲ့ ဆိုင်ကယ်များ ဖမ်းဆီးရေးအတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့စု (၁၄)၊ အင်းစိန်ရဲစခန်း၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရာအိမ်မှူးများ ပါဝင်သော အဖွဲ့သည် အင်းစိန်မြို့နယ်အတွင်း စည်းကမ်းမဲ့ ဆိုင်ကယ်များ လိုက်လံဖမ်းဆီး ခဲ့ကြောင်း သိရသည်။
ထိုသို့ ကတ်ကြေးဖြင့် အထိုးခံရမှုကြောင့် ရဲဒုတပ်ကြပ် ကျော်ကျော်လှိုင်တွင် ရင်ညွန့်ထိုးသွင်း ဒဏ်ရာတစ်ချက်၊ ၀ဲလက်ခုံ ပြတ်ရှဒဏ်ရာ တစ်ချက်ရရှိခဲ့ပြီး အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ စာရေးဖြစ်သူ ဦးအာကာမှာ ကျောပြင် ယာဘက် ထိုးသွင်းဒဏ်ရာ၊ လက်ပြတ်ရှဒဏ်ရာ၊ လက်မောင်းပြတ်ရှ ဒဏ်ရာများရရှိကာ အင်းစိန်ဆေးရုံတွင် အတွင်းလူနာ (မစိုးရိမ်ရ) အဖြစ် ကုသနေရကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှ ကျူးလွန်သူ နှစ်ဦးအား အင်းစိန်မြို့မ ရဲစခန်းက (ပ) ၁၃၄၅/၁၃ ပြစ်မှုပုဒ်မ ၃၃၃/၁ ၁၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

No comments:

Post a Comment