ATM စက်များတွင် ATM ကတ်များဖြင့် ငွေသားထုတ်ယူရာတွင် အင်တာနက် ပြတ်တောက်ခြင်း၊ စက်ထဲ တွင် ငွေသားမရှိခြင်း
စသည့်အဆင်မပြေမှုများ ကြုံတွေ့နေရခြင်းကြောင့် သုံးစွဲသူများ အနေဖြင့်
အခက်အခဲများ ကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။“ATM ကတ်တွေ ကို
သုံးစွဲတဲ့ အခါ အများဆုံး ကြုံတွေ့ရတာကတော့ အင်တာနက် အဆင်မပြေလို့
ငွေထုတ်လို့မရတာက အများ ဆုံး ဖြစ်ပါတယ်။ ATM စက်တိုင်းဖြစ်တာ မဟုတ်ရင်တော့
အွန်လိုင်းဖြစ်နေတဲ့ ATM စက်ကို လိုက် ရှာပြီး ငွေထုတ်ရတာပေါ့။ ဒါပေမဲ့
ဖြစ်နိုင်ရင်တော့ ကိုယ်နဲ့နီးစပ်တဲ့ ATM စက်မှာ တစ်ခါတည်း အဆင်ပြေဖို့
လိုတာပေါ့။ မဟုတ်ရင် အချိန်တွေကြန့်ကြာပြီလေ။ တစ်ခါတလေ ထုတ်နေရင်း
လိုင်း ကျလို့ဆိုပြီး ငွေလည်းထွက်မလာ၊ ကတ်လည်း ပြန်ထွက်မလာဘဲ
အသိမ်းခံလိုက်ရတာတွေလည်း ရှိတယ်။ ကိုယ့်ကတ်ရဲ့ စာရင်းထဲကနေ ငွေနုတ်သွားပြီး
ငွေကထွက်မလာတဲ့ အခါ တော်တော် များ များ က ATM ကို မသုံးချင်တော့လောက်အောင်
စိတ်ပျက်သွားကြတယ်။ ငွေအရေအတွက်များရင် ဘဏ်ကိုသေသေချာချာ ပြောပြပြီး
ရက်အနည်းငယ်စောင့်ရင် ငွေပြန်ထုတ်လို့ ရပေမယ့် ငွေ နည်း နည်းပါးပါး
ထုတ်တဲ့အခါမျိုးမှာ ကြုံရရင် အလုပ်ရှုပ်ခံပြီး မလုပ်ချင်ကြတော့ဘူး” ဟု ATM
ကတ်ြ ဖင့် ငွေထုတ်စဉ် အခက်အခဲများ ကြုံတွေ့ခဲ့ရသော ကိုကိုရဲက ပြောပြသည်။“နောက်ကြုံရတာ တစ် ခုကတော့ တော်တော်ဆိုးတယ်။ ATM အတွက်ထားတဲ့ ဆာဗာက
အင်တာ နက် ပြတ်တောက်သွား တာလို့ ထင်ပါတယ်။ သွားထုတ်တဲ့ ATM စက်မှာသာမက တခြား
ATM စက်တွေမှာ လည်း ငွေစစ် တာ၊ ငွေထုတ်တာတွေ ဘာမှလုပ်လို့ မရတော့ဘူး။
အဲဒီအချိန်မျိုးကတော့ အဆိုးဆုံးပါပဲ” ဟု ATM စက်များတွင် ငွေမကြာခဏ
ထုတ်ယူလေ့ရှိသူ တစ်ဦးက ပြောပြသည်။
“တစ်ခါတလေမှာ Connection ကြောင့် အဆင်မပြေတာတွေ ကြုံရနိုင်ပါတယ်။ စက်ထဲမှာ ငွေ ကုန်နေ တာကတော့ Monitoring System ရှိလို့ ဘဏ်ကအချိန်မီ သိနိုင်ပါတယ်။ အဆင်မပြေတာ ကြုံရရင် ဘဏ်ကိုသတင်းပို့ပေးပါ။ အင်တာနက်ပိုင်းက ဆက်သွယ်ရေးနဲ့ဆိုင်တော့ ပြော ရခက် တယ်။ ပိုက်ဆံထွက်ခါနီးမှာ Connection ကျ သွားတဲ့အခါ ငွေထွက်မလာဘဲ ပြန်သိမ်းသွားတာမျိုး ကြုံရရင် သုံးစွဲသူတွေက စိုးရိမ်တတ်ပါတယ်။ ဒါမျိုးဖြစ်ရင် ဘဏ်ကနေပြန် စစ်ပြီး ငွေပြန် ထုတ်ပေး ပါတယ်။ Telenor တို့ ပေါ်လာရင်တော့ ဒါတွေက ပြေလည်သွားမယ်လို့ ထင်ပါတယ်။ အခုက အင် တာ နက် မကောင်းတဲ့ကြားက လုပ်ရတာဖြစ်လို့ နားလည်ပေးစေချင်တယ်။ တစ်ပတ်ကို ကျပ်နှစ် ဘီလျံလောက် ATM စက်တွေထဲ ငွေပြန်ဖြည့်ပေးနေရတာကိုကြည့်ရင် သုံးစွဲမှုများနေတာ သိသာ ပါတယ်” ဟု CB ဘဏ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

No comments:
Post a Comment