Thursday, December 26, 2013

ပုဂံတွင်ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ပထမဆုံး အစည်းအဝေးတွင် သတင်းရယူမည့် မီဒီယာ သမားများ အဆင်ပြေစေရေး

မြန်မာနိုင်ငံက အာဆီယံဥက္ကဌ
တာဝန်ယူဆောင်ရွက်ရာတွင် 
ပထမဆုံးကျင်းပမည့် အာဆီ
ယံနိုင်ငံခြားရေး ဝန်ကြီးများ
အစည်းအဝေး ASEAN Foreign
 Minister’s Meeting Retreat,
 AMM ( Retreat ) ကို ၂၀၁၄
 ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့
မှ ၁၈ ရက်နေ့အထိ ပုဂံမြို့တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
အဆိုပါ အာဆီယံ နိုင်ငံခြားရေး

ဝန်ကြီးများအစည်းအဝေးကျင်းပပြုလုပ်ရာတွင် သတင်း ရယူကြမည့် ပြည်တွင်း၊ ပြည်ပ သတင်းထောက်များနှင့် နိုင်ငံခြားသတင်းထောက်များအသင်း (Foreign Correspondents’ Club) အနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ ဦးရဲနိုင် (အထွေထွေ မန်နေ ဂျာ) ၀၆၇-၄၁၂၁၁၉၊ ၀၉-၈၃၀၆၂၅၈ သို့လည်းကောင်း၊ ဦးလှိုင်မြင့် (ညွန်ကြားရေးမှူး) ၀၆၇-၄၁၂၁၂၆၊ ၀၉-၄၉၂၀၅၀၀၄ npemoi@gmail.com သို့လည်းကောင်း ဆက်သွယ်၍ အမည် စာရင်း ပေးပို့ကြရမည် ဖြစ်သည်။ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းမှ သတင်းထောက် ကတ်များ ထုတ်ပေးမည် ဖြစ်သည်။
နိုင်ငံတကာသတင်းထောက်များ အနေဖြင့် ဗီဇာလျှောက်ထားရာတွင် နီးစပ်ရာ သံရုံးများမှ တစ် ဆင့် လျှောက်ထားကြ ရမည်ဖြစ်သည်။ ပြည်တွင်း/ ပြည်ပမှ သတင်းထောက်များ အနေဖြင့် သတင်းထောက် ကတ် လျှောက်ထားရရယူရန် လျှောက်လွှာပုံစံအား ASEAN Webportal ဖြစ်သော www.asean2014.gov.mm events ခေါင်းစဉ်အောက်ရှိ ၊ asean 2014 summit, more detail, ASEAN Foreign Minister’s Meeting’s Retreat, AMM ( Retreat)တွင် ဗီဇာ ပုံစံကို download ရယူ နိုင်ပါသည်။
အဆိုပါ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေး၊ သတင်းထောက် ကတ်ရရှိရေးနှင့် ပတ် သက်၍ သိရှိ လိုပါက ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ ဦးလှိုင်မြင့် (ညွန် ကြားရေးမှူး) ထံသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သတင်းရရှိသည်။

FROM-MOI WEBPORTAL MYANMAR

No comments:

Post a Comment