Monday, December 30, 2013

သမိုင်းကို အဆိပ်မခတ်ပဲ အဖြေတွက်ကြမယ်ဆိုရင် ...

မြန်မာပြည် ဆင်းရဲတွင်း နက်ခဲ့ရသော အဖြစ်ရဲ့
အခြေခံအကျဆုံး အကြောင်းတရားကို ဖော်ပြပါ
ဟုဆိုလျှင် မညီညွှတ် လို့ ဟု ... ခပ်တိုတို ပြတ်ပြတ်
 ပြောရလိမ့်မည် ထင်ပါသည် ။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရ ပြီးနောက် . ၃ လ 
အကြာတွင် စတင်ခဲ့သော ပြည်တွင်းစစ်မီးမှာ 
ယနေ့ ထက်တိုင် မီးကြွင်းမီးကျန် များ ကတော့
 ရှိနေဆဲ ဖြစ်ပါသည်။

စစ်ဖြစ်နေလျှင် စစ်တပ်က အရေးပါနေမည်
 ဖြစ်ပါသည်. စစ်ပွဲ ၏ အဟုန်က ကြီးမားလေ ..
စစ်တပ်၏ အခန်းကဏ္ဍ က ကြီးမားလေ ဖြစ်ပါ
သည် ... အနှစ် ၆၀ လုံးလုံး စစ်မီး မငြိမ်းခဲ့သော 
တိုင်းပြည်တွင် ....စစ်တပ်၏ အခန်း ကဏ္ဍမှာ .... 
မည်မျှ ထိုးဖောက် နေရာယူထားပြီး ဖြစ်မည်ကို ... 
ခန့် မှန်း ချင့်တွက်နိုင်ပါသည်။

ဝါဒရေးရာ နှင့် လူမျိုးရေး အစွန်းရောက်မှု ၏ ဂယက်ကို ... ပြင်းပြင်းထန်ထန် ခံစားလိုက်ရသော .... မွေးကင်းစ နုနုနယ်နယ် တိုင်းပြည်လေး၏ ဒီမိုကရေစီ မှာ ... ၁၅ နှစ် သက်တမ်းအကြာတွင် ...
တော်လှန်ရေးကောင်စီက အာဏာကို လွှဲယူလိုက်ခြင်းဖြင့် .... တစ်ချက်တည်း ကိစ္စတုံး ဖြစ်ခဲ့ ရပါ သည် ။

၁၉၆၂ တော်လှန်ရေးကောင်စီ တက်လာသည့် ကိစ္စ သည် . အကြောင်းကြောင့် အကျိုး ဖြစ်ရသည် ဟု ဆိုလျှင် . လက်မခံနိုင်သောသူ အတော်ပင်များပါလိမ့်မည်…။

စစ်တပ်ကို ပုတ်ခတ်ချင်ဇောဖြင့် ၁၉၄၈ မှ ၁၉၆၂ အတွင်းေ၇ွှပြည်ကြီး သာခဲ့သယောင် သမိုင်းကို ခပ်ခဲ့သော အဆိပ်ကို အဆိပ်ဖြေဆေးသောက် ၍ မြင်အောင် ကြည့်မည်ဆိုရင် ထိုအချိန်ကာလ အတွင်း…

၁။ တိုင်းပြည်၏ ဧရိယာ အများအပြားမှာ လက်နက်ကိုင် အဖွဲ့ များ၏ သိမ်းပိုက်နယ်မြေ များ ဖြစ်ပါ သည် ။

၂။ ကျေးရွာများသည် အမျိုးစုံလင်လှသော လက်နက်ကိုင် အဖွဲ့ ပေါင်းစုံ၏ နှိပ်စက်ညှင်းပမ်းမှုကို ခံနေရပါသည်။

၃။ နေ၀င် မီးငြိမ်း အထုပ်သိမ်းကာ ဘယ်အချိန် ဓားပြ အဖွဲ့ ရောက်လာမလဲ အထိတ်တလန့် နေ ရသော ကာလလည်း ဖြစ်ပါသည်။

၎။ တိုင်းပြည်၏ စီးပွားရေး ပညာရေးမှာ အင်္ဂလိပ် လက်ကျန် အရှိန်ဖြင့် အရှိန်မပျက် လည်ပတ်သယောင် ရှိသော်လည်း ရေရှည်တွင် စစ်ကြောင့် တဖြည်းဖြည်း ကျဆင်း လာလျက် ရှိနေပါသည်။

၅။ နိုင်ငံရေးသမား အားလုံးနီးပါးသည် ကိုယ်ပိုင်လက်နက်ကိုင်တပ်ဖွဲ့ များ ထားရှိကြပါသည်။

၆။ ရွေးကောက်ပွဲ ကာလတွင် ထိုတပ်ဖွဲ့ များက နိုင်ငံရေးလူသတ်မှုများ အများအပြား ကျူးလွန်ကြပါသည်။
ဥပမာ ။မြိတ် ဆီတောင်အိုင်ရွာ လူသတ်မှုတွင် ရွာသား ၂၀ ခန့် အား စက်လှေဝမ်းတွင်း အသေပိတ်ကာ စက်လှေအား ဘရင်းဂန်းနှင့် ပစ်မြှပ် ပစ်ခဲ့ပါသည်။ အာဏာရ ပါတီဝင် အချို့  ပါဝင်ပတ်သက်နေသဖြင့်
ရဲတပ်ဖွဲ့ ကလည်း မသိချင်ဟန်ဆောင်နေပါသည်။ ဒီလောက်ဆို တရားဥပဒေ စိုးမိုးမှု အခြေအနေက မြင်သာပါသည် ။

၇။ အစိုးရ က နိုင်ငံခြားမှ ပညာရှင်များ ဌားရမ်းပြီး ပြည်တော်သာ စီမံကိန်း ကဲ့ သို့ စီမံကိန်းကြီးများ
အကောင်အထည်ဖော်ခဲ့သော်လည်း အောင်မြင်ခဲ့ခြင်း မရှိပါ....

၈။ ပြည်နယ်များ တိုင်းပြည်မှ ခွဲထွက်မယ် ...ခွဲမထွက်ဘူး ဟူသောကိစ္စမှာ အတော် အငြင်းပွားဖွယ်ရာ ကိစ္စ ဖြစ်သော်လည်း ခွဲထွက်ဖို့ ကြိုးစားနေသည်ဟု တစ်ဖက်မှ ထင်လောက်စရာ အကြောင်းတရားများ ရှိခဲ့သည်ကို တော့ . လက်ခံနိုင်လောက်မည် ထင်ပါသည် ပြောရရင်တော့ အများကြီးဖြစ်ပါသည်….။

အဓိက ပြောချင်သောအကြောင်းမှာ . စစ်တပ်က နေရာယူ တွင်ကျယ်လာသော ကိစ္စ ၏ အကြောင်းအရင်းမှန်ကို... သိသာမြင်သာစေရန် ဖော်ပြလိုခြင်းဖြစ်ပါသည်... အနာ ကို သိမှ ဆေးကို ရှာလို့ ရမည်ဖြစ်ပါသည်... ကင်ဆာရောဂါသည်ကို ချောင်းဆိုးပျောက်ဆေး သွားပေးနေလို့ မရပါ။

၁၉၆၂ ခုနှစ် တော်လှန်ရေးအစိုးရ ၏ . တိုင်းပြည်ကို ဆိုရှယ်လစ်စနစ်နှင့် ချီတက်တော့မည်ဟု ....
ဆုံးဖြတ်ချက် ချလိုက်ခြင်းသည် . ၂၀၁၃ခုနှစ် အနေဖြင့် ပြန်မျှော်ကြည့်ပါက . ထူးဆန်းအံ့ သြဖွယ် ကိစ္စကြီး တစ်ခု ဖြစ်သော်လည်း . ကမ္ဘာနှင့်အ၀ှမ်း စစ်အေးတိုက်ပွဲတွင် ဆိုဗီယက်အုပ်စုက အသာရနေပြီး ....
တစ်နိုင်ငံပြီး တစ်နိုင်ငံ တော်လှန်ရေးများ တလကြမ်းဖြစ်ကာ . ကွန်မြူနစ် ဆိုရှယ်လစ် အရောင် တစ်ဖိတ်ဖိတ်လက်ပြောင် နေခဲ့သော. ထိုခေတ် ထိုအချိန်ကာလက တော့ ဒီအဖြစ်အပျက်သည် အမှန်တရား မဟုတ်သည့်တိုင် . နားလည်ပေးလို့ ရသော ကိစ္စတစ်ခု ဖြစ်ပါလိမ့်မည် ။

အာဏာရှင် စနစ်သည် . တိုင်းပြည်ကို ဖွံ့ ဖြိုးတိုးတက်အောင် စွမ်းဆောင်ဖို့ အတော်ခက်ခဲသော်လည်း တည်ငြိမ်အေးချမ်းမှု ရအောင် ဖန်တီးဖို့  အကောင်းဆုံး စနစ်တစ်ခု ဖြစ်သည်ကို ဘယ်သူမှ အငြင်းပွားနိုင်မည်မထင်ပါ ဘယ်နိုင်ငံမှာပဲ ဖြစ်ဖြစ် မငြိမ်မသက်ဖြစ်မှုများသည် အတိုင်းအတာ တစ်ခုထက် ကျော်လွန်လာခဲ့လျှင်. အာဏာရှင် စနစ်ကို အကန့် အသတ်ဖြင့် ကျင့်သုံးကာ . တည်ငြိမ်မှုရအောင် လုပ်ဆောင်ရပါသည်။

၁၉၆၂ မှ ၁၉၈၈ ကာလအတွင်း . တိုင်းပြည် ဆုတ်ယုတ်ခဲ့သည့် အကြောင်းကို ပြောကြေးဆိုလျှင်. ထို ကာလ အတွင်း . ပြည်တွင်းသောင်းကျန်းမှု အားလုံးကို နယ်စွန်နယ်ဖျားအရောက် တွန်းပို့ ရှင်းလင်းပြစ်ခဲ့ ပြီး ကွန်မြူနစ် သူပုန်များ ကို အမြစ်ပြတ် ချေမှုန်း နိုင်ခဲ့ခြင်းကိုပါ ထည့်ပြောမှ . တရားမျှတရာ ရောက်ပါလိမ့်မည်။

ပြသနာက အာဏာရှင် စနစ်များသည် အပြန်အလှန် ထိန်းချုပ် ကွပ်ကဲသော အခြား မဏ္ဍိုင် များ မရှိသဖြင့် ... အချိန်ကာလတစ်ခု ကြာမြင့်လာသည့်အခါ ... အာဏာရှင်များ ကိုယ်တိုင် . လူ့ သဘောသဘာဝ အရ ပျက်စီးသွားတတ်ကြခြင်းပင် ဖြစ်ပါသည်။

ယနေ့  မြန်မာ့နိုင်ငံ၏ အဓိက အရေးအကြီးဆုံးအချက်မှာ တိုင်းပြည် တည်ငြိမ် အေးချမ်းရေး ဟုသာ ရူမြင်ပါသည် မည်သည့် နိုင်ငံရေး လိုလားချက် ပင် ဖြစ်ပါစေမည်မျှလောက် အရေးကြီးသည့် ကိစ္စပင် ဖြစ်ပါစေ တိုင်းပြည် တည်ငြိမ် အေးချမ်းရေး ထက် . ပိုအရေးကြီးသည့် ကိစ္စ မရှိဟု ခံယူပါသည်။

ဒီထက်ရှင်းအောင် ပြောရလျှင် ဒီမိုကရေစီ ဆိုသည်မှာပင် တိုင်းပြည် တည်ငြိမ် အေးချမ်းမှ ပြောလို့ ရမယ့် အရာဖြစ်ပါသည်။

တပ်မတော် ၏ နေရာက စဉ်းစားလျှင် ယခု လက်ရှိ တည်ငြိမ် အေးချမ်းမှုအား နှစ်ပေါင်းများစွာ ..
အချိန်ပေါင်းများစွာ သူတို့ ရဲဘော်ရဲဘက်တို့ ၏ အသက်ပေါင်းများစွာ တို့ နှင့် တည်ဆောက် ရယူထားပါသည် .. ဒီ ..တည်ငြိမ် အေးချမ်းမှု ကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ဖို့  . လွှတ်တော်ထဲတွင် သူတို့ ရာခိုင်နူန်း တစ်ခု ၀င်ယူထားခဲ့ပါသည်။

ကြိုက်ကြိုက် မကြိုက်ကြိုက် လက်ခံခံ မခံခံ လက်ရှိတော့ ဒီအခြေအနေအတိုင်း ပင် ဖြစ်ပါသည်။

ဒီမိုကရေစီ မကျဟု ဆိုကာ ၂၅ ရာခိုင်နူန်းအား ဇွတ်ဖယ်ထုတ်ဖို့ ကြိုးစားနေခြင်းထက် အခြား တိုင်းပြည် ဖွံဖြိုးတိုးတက်မှု လုပ်ငန်းများကိုသာ အာရုံစိုက် အလုပ်လုပ်ကြခြင်းက လက်ရှိအခြေအနေနှင့် ပိုမို သင့်လျှော်လိမ့်မည် ဖြစ်ကြောင်း . နိုင်ငံရေးသမားများအား အလေးအနက် တိုက်တွန်းလိုပါသည်။

တစ်ချိန်ချိန်တွင် သူတို့ ဖာသာ ထွက်သွားကြ ပါလိမ့်မည် ပြီးတော့ သူတို့ လည်း ပြည်သူတွေပဲ ဖြစ်ပါသည် 

 ( တည်ငြိမ် အေးချမ်းရေး အဓိက ၀ါဒီ ရဲမိုး )

No comments:

Post a Comment