Thursday, December 26, 2013

မန္တလေးမောင်းကိန်းရွှေဆိုင်အား သေနတ်ဖြင့် ပစ်ခက်လုယက်သူအား ဖမ်းဆီးရမိ

မန္တလေးမြို့ လမ်း၈၀-၂၉လမ်းထောင့်ရှိ မောင်ကိန်းရွှေဆိုင်အား အမျိုးသားတစ်ဦးမှ သေနတ်ဖြင့် ပစ်ခက်ကာ လုယက်မှု ယနေ့ ညနေ ၅နာရီ မိနစ် ၄၀ခန့်အချိန်တွင် ဖြစ်ပွားခဲ့သည်။
အင်ကျီလက်ရှည်၊ ဘောင်ဘီအရှည်နှင့် မျက်နှာအုပ်ထားသော အမျိုးသားတစ်ဦးမှ ဆိုင်ကယ်ဖြင့် ရွှေဆိုင်သို့လာရောက်ခဲ့ပြီး ဆိုင်အတွင်းသို့ ၀င်ရောက်တာ သေနတ်ဖြင့်ပစ်ခတ် ၍ ရွှေဆိုင် အတွင်းရှိ ရွှေကလစ်မှန်ကောင်တာအားအသင့်ပါ လာသော တူဖြင့် ရိုက်ခွဲကာ ရွှေထည်များအား အသင့်ပါ လာသော အိပ်ထဲသို့ ကောက်ထည့်ခဲ့ကြောင်း ထိုသို့ကောက်ထည့်စဉ် ပစ္စတိုသေနတ်ဖြင့် ဘေဘီသို့ ဦးတည်ချက် မရှိဘဲပစ်ခက်ခဲ့ သဖြင့် ဆိုင်ဝန်ထမ်းများမှာ နီးစပ်ရာအခန်းနှင့် မြေပြင်သို့ ၀ပ်နေခဲ့ရကြောင်း ဆိုင်ဝန် ထမ်းများ၏ပြောပြချက် အရသိရ သည်။
" လူတစ်ယောက်ဝင်လာလာခြင်းမပြောမဆိုသေနတ်နဲ့ပစ်တော့တာပဲ။ ပစ်တာလဲ ဘယ်ကိုပစ်မှန်း
မသိ ဘူး။ ရမ်းပစ်နေတာ။ ရွှေထည်ပစ္စည်းတွေထည့်ရင်းပစ်တာ။ ကလစ်ကောင်တာတစ်ခုထဲက ကလစ်တွေကို သိမ်း ကျုံးထည့်တာ။ ညီမလည်း သေနတ်မှန်မှာကြောက်လို့ အောက်ကိုဝပ်နေရ တယ်။တစ်ခါမှမကြုံဘူးတော့အရမ်းကြောက်တယ်"ဟုဆိုင်ဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောသည်။

ရွှေထည်ပစ္စည်းများကို ယူဆောင်ပြီး ပြန်အထွက်တွင်လည်း သေနက်ဖြင့် ပစ်ခတ်ခဲ့၍ အနီးဝန်း ကျင်ရှိ အမျိုးသားတစ်ဦး၏ ယာဘက်ခြေသလုံးအားထိမှန်ခဲ့ကြောင်း ထိုသေနတ်သမားဆိုင် ကယ်ပေါ် သို့ ခွတက်စဉ် ရွှေဆိုင်မှ ယာဉ်မောင်းဝန်ထမ်း ကိုအာကာမှ ခြေထောက်ဖြင့်ပြေးက န် ကာ ၀င်ရောက်လုံးထွေးခဲ့ကြောင်း အနီးဝန်းကျင်ရှိသူများကပါ ၀ိုင်းဝန်းဖမ်းဆီးခဲ့သောကြောင့် တရားခံအား ချက်ခြင်းဖမ်းမိခဲ့ကြောင်း တရားခံအားဝင်ရောက်ဖမ်းဆီးခဲ့သူ ကိုအာကာနှင့် ကိုယ် တိုင် ကြုံတွေ့ ခဲ့ရသူတို့၏ပြောပြချက်များအရသိရသည်။

ရွှေဆိုင်အား ဒမြတိုက်ခဲ့သူ ကိုင်ဆောင်သည့် သေနတ်မှာ ခဲရောင်ပစ္စတိုအမျိုးအစားဖြစ်ပြီး ကျည် ခွံလေးခွံနှင့် ကျည်တောင့် ၅တောင့် သိမ်းဆည်းရမိထားကြောင်း မည်သည့် သေနက် အမျိုးအ စားနှင့် ကျည်ဆန်အမျိုးအစားဖြစ်သည်ကို မသိရှိရသေးကြောင်း ကနဦးရဲစစ်ချက် များ အရ သိရ သည်။ 

ဖမ်းဆီးရမိသူ တရားခံအား လုယက်မှု၊ လက်နက်ကိုင်ဆောင်မှု၊ နာကျင်အောင်လုပ်ကာ ပစ္စည်း လုယူမှုဖြင့် ကနဦး အမှုဖွင်ထားကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ဦးစိန်ထွန်း က ပြောသည်။ 

ယခုအခါ တရားခံမှာ ၀ိုင်းဝန်းဖမ်းဆီးရာတွင် ရိုက်နှက်ဒဏ်များကြောင့် ဦးခေါင်းကွဲကာ ပွန်းပဲ ဒဏ်ရာ များရရှိထားသောကြောင့် မန္တလေးဆေးရုံကြီးသို့ ရဲလုံခြုံရေးများဖြင့် ပို့ဆောင်ကု သမှုခံ ယူနေပြီး ခြေသလုံးသေနတ်မှန်သူအမျိုးသားမှာလည်း အဆိုပါဆေးရုံကြီး၌ပင် ကုသမှုခံယူနေ ၇ကြောင်း အမှတ်(၈)ရဲစခန်းမှ သတင်းရရှိ သည်။ 

(သတင်း/ဓါတ်ပုံ- ဖိုးလပြည့်)

No comments:

Post a Comment