Wednesday, December 18, 2013

ဘောလုံးပွဲမှ ရသော သင်ခန်းစာ


ဒီကနေ့ ဘောလုံးပွဲအပြီးမှာ ကျွန်တော်တို့ မြန်မာတွေ ရှုံးသွားသည်။ တစ်ဂိုးရှုံးသည် မဟုတ်၊ တစ်နိုင် ငံကို ရှုံးသည်မဟုတ်။ တချိန်က နာမည် ကြီးခဲ့သော၊ထိုနာမည်ကို ပြန်အဖတ်ဆည်ရန် ကြိုး စားနေသော Sleeping Giant(အိပ်နေသော နဂါးကြီး) ဘ၀ကို ရောက်ဖို့ ကြိုးစားနေသော မြန်မာကို ယနေ့ မြန်မာများလုပ်ရပ်က ရှုံးနိမ့်သွားစေတာဖြစ်ပါသည်။ ဘောလုံးသည် အလုံးကြီးဖြစ်သည်ဟု ကြားဖူးပါသည်။ မည်သည့် အားကစားပွဲ တော်များမှာ မဆို ဘောလုံးပွဲသည် စိတ်ဝင်စား အခံရ ဆုံးပွဲ ဖြစ်ပါသည်။

ကိုယ်မထင်ထားသည့် ပွဲရလဒ်ကို သိလိုက်ရသည့်အခါ လက်မခံနိုင်။ ထိုအခါ တုံ့ပြန်မှု အမျိုးမျိုး ရှိလာပါသည်။ နောက်ခံပညာအရည်အချင်း၊ အရက်သေစာ သောက်စားထားမှု၊ စိတ်ဓာတ်ကြံ့ခိုင် မှုစသည်တို့ အပေါ်မူတည်ပြီး အရှုံးအပေါ်တုံ့ပြန်မှုသည် ကွာခြားသွားတတ်ပါသည်။

ဘောလုံးပွဲ ရှုံးသဖြင့် မကျေနပ်သောကြောင့် ကွင်းအတွင်းမှ ထိုင်ခုံကို ရိုက်ချိုး သောသူကို တိုင်းပြည်ကို ချစ်လွန်းသဖြင့် ပေါက်ကွဲလို့ လုပ်မိတာဟု ဘယ်သူက ခွင့်လွှတ်နိုင်ပါမည်နည်း။ ထို ထိုင် ခုံများသည် တိုင်းပြည်၏ ဘဏ္ဍာငွေဖြစ်ပါသည်။

အာဏာရှင်စနစ်ကို မုန်းသော၊ ခရိုနီများကိုမုန်းသော ရွှေမြန်မာများထဲမှ တချို့ ၏ သုဝဏ္ဍ ကွင်းအ တွင်းမှ ထိုင်ခုံများကို ရိုက်ချိုးနေသောပုံများကို မြင်လိုက်ရသည့်အခါ “သြော်၊သူတို့တွေမှာလဲ အဆိပ်တွေ ကိုယ်စီနဲ့ပါလား”ဟု တွေးပြီး စိတ်မကောင်းဖြစ်မိသည်။

တိုင်းပြည်ကို ချစ်ခြင်း၊အမျိုးကို ချစ်ခြင်းသည် ဘယ်လိုသောအကြောင်းနှင့်မှ မင်းမဲ့စရိုက်သို့ ဦး တည် သွားစရာ အကြောင်း မရှိပါ။ “ဘောလုံးပွဲ ရှုံးတာနဲ့ ထိုင်ခုံကို ရိုက်ခွဲရမယ်။ ရဲဆေးတင်တဲ့ အနေနဲ့ အရက်တွေ ၀ယ်လာကြမယ်။” ဆိုသော သူများမှာ စွမ်းအားရှင်တွေလဲ မဟုတ်ကြ၊ ဘယ်ပါ တီ၊ဘယ်အဖွဲ့မှလဲ မဟုတ်ကြ။ အားလုံးနှင့် သက်ဆိုင်သော “ရွှေ”များသာ ဖြစ်ပါသည်။

Youtube ပေါ်တွင် မြန်မာတွေ ရှုံးလို့ မီးရှို့ကြ၊ခဲနဲ့ ပစ်ကြ၊မီးရှို့ကြသော ဗီဒီယိုဖိုင်များ ပျံ့နှံ့ နေလြေ ပီ တည်း။သူများတွေ တိုင်းပြည်မှာလည်း ဒီလိုပဲ ဖြစ်တတ်သည်ဆိုစေကာမူ “ေ၇ွှ”တိုင်းပြည်သည် ထိုတိုင်းပြည်များထက် ဆင်းရဲနေပါသေးသည်။ ကျွန်တော်တို့ ချွေတာဖို့လိုပါသည်။

ဒီကနေ့ ဘောလုံးပွဲအပြီးမှာ ကျွန်တော်တို့ မြန်မာတွေ ရှုံးသွားသည်။ ဂုဏ်သိက္ခာ အရှုံးဖြစ်ပါသည်။ စည်းကမ်းကျနမှု အရှုံးဖြစ်ပါသည်။ အရက်သေစာ၏ အရှုံးဖြစ်ပါသည်။ ယနေ့ Youtube ပေါ်မှ ပုံများကို နောက်နှစ် ၂၀ကြာသည့်အခါ မြန်မာ့မျိုးဆက်သစ်လူငယ်များသည် မကြည့်ရဲသဖြင့် ဖျက်ဆီးပစ်ကြပါလိမ့်မည်။

ဒေါက်တာလွှမ်းမိုးဟန် (Dr Hlwan Moe Han)

No comments:

Post a Comment