Friday, December 20, 2013

သွေးရဲသည့် မြန်မာလက်ဝှေ့ကစားသမားများမှ ၇ ဦးတိတိ ဗိုလ်လုပွဲတက်၊ အစဉ်အလာပြိုင်ဘက် ထိုင်းနှင့် ရေကုန်ရေခမ်း ဗိုလ်လုရမည်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် 
လက်ခံကျင်းပသည့် ၂၇
ကြိမ်မြောက် SEA Games ပြိုင်
ပွဲတွင် ပါဝင်သည့် မွေ (အာဆီ
ယံမွေ) ပြိုင်ပွဲကို ဒီဇင်ဘာ ၁၇ 
ရက်နေ့က စတင်ယှဉ်ပြိုင် ခဲ့ကြ
ရာ လက်ရှိ အချိန်တွင် မြန်မာ့ရိုး
ရာလက်ဝှေ့သမားများဖြစ်
ကြသော စောငမန်း ၇၅ ကီလို၊
တူးတူး ( မောင်တူး ) ၆၇ကီလို ၊ ထွန်းထွန်းမင်း ၇၁ကီလို ၊ စောမိုက်ရိုင်း ( စောဒါပုတ် ) ၅၄ကီလို ၊ သူဇာဟန် ၆၀ကီလို ၊ လှယဉ်မေ ၄၈ ကီလို နှင့်ဂရေ့စ် ၅၁
ကီလို တို့ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ကြပြီ ဖြစ်သည်။
အမျိုးသမီး ၄၈ ကီလိုတန်းတွင် ယှဉ်ပြိုင်ရမည့် အင်ဒိုနီးရှား ကစားသမားကို ၎င်းတို့ အားက စား ကော် မတီက ယှဉ်ပြိုင်ရန် ခွင့်မပြုသောကြောင့် လှယဉ်မေသည် ဗီယက်နမ် ကစားသမား ThiQuynh Bui နှင့် ဗိုလ်လုရမည်ဟု မြန်မာမွေအဖွဲ့ နည်းပြချုပ် ဦးကျော်စိုးက ပြောကြားသည်။
လှယဉ်မေနှင့် ယှဉ်ပြိုင် ထိုးသတ်ရမည့် ဗီယက်နမ် ကစားသမားမှာ အရှေ့တောင်အာရှ မွေအင် အားကြီး ထိုင်းနိုင်ငံမှ ကစားသမားကို ကွာတားဖိုင်နယ်တွင် အစီးထိုးသတ်နိုင်ခဲ့ပြီး လာအို ကစား သမားနှင့် ယှဉ်ပြိုင်သည့် အကြိုဗိုလ်လုပွဲတွင်လည်း လာအို ကစားသမားကို ပထမအချီ၌ပင် ဒိုင်ပွဲ ရပ်ဖြင့် အနိုင်ရခဲ့သူ ဖြစ်သည်။
ဝဏ္ဏသိဒ္ဓိ မွေ အားကစားရုံတွင် ဒီဇင်ဘာ ၁၈ ၇က်နေ့က ကျင်းပခဲ့သည့် အမျိုးသမီး ၅၁ ကီလိုတန်း အကြိုဗိုလ်လုပွဲတွင်လည်း ဂရေ့စ်က ထိုင်းကစားသမားကို အစီးထိုးသတ်နိုင်ခဲ့ကာ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။
ယင်းအားကစားရုံ၌ ဒီဇင်ဘာ ၁၇ ရက်နေ့က ကျင်းပသည့် အမျိုးသား ၅၇ ကီလိုတန်း တွင်စောဝီလျှံ ထူးက မလေးရှားကစားသမားကို အမှတ်ဖြင့်ရှုံးခဲ့ရခြင်းကြောင့် ဗိုလ်လုပွဲသို့ တက်ရောက်ခွင့် ဆုံးရှုံး ခဲ့ရသော်လည်း ၅၄ ကီလိုတန်း ပြိုင်ပွဲ၏ ကွာတားဖိုင်နယ် အဆင့်တွင် ထိုင်းကစားသမားကို အစီး ထိုးသတ်ပြီး အနိုင်ရခဲ့သည့် မိုက်ရိုင်း (ခ) စောဒါးပို့မှာ ဒီဇင်ဘာ ၁၈ ရက်နေ့၌ ဆက်လက် ယှဉ်ပြိုင်ရ သည့် အကြိုဗိုလ်လုပွဲတွင် လာအို ကစားသမားကို အစီးထိုးသတ် နိုင်ခဲ့သောကြောင့် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။
အမျိုးသား ၄၈ ကီလိုတန်း၏ အကြိုဗိုလ်လုပွဲတွင် ကညောဖိုး (ခ) မျိုးမြင့်က ထိုင်းကစားသမားကို အမှတ်ဖြင့် ရှုံးခဲ့ရခြင်းကြောင့် ဗိုလ်လုပွဲသို့ တက်ရောက်ခွင့် ဆုံးရှုံးခဲ့ပြီး တတိယနေရာ အတွက်သာ ယှဉ်ပြိုင်ရတော့မည် ဖြစ်သည်။
ဒီဇင်ဘာ ၁၉ ရက်နေ့ ညနေသုံးနာရီတွင် ၆၃.၅ ကီလိုတန်း ပြိုင်ပွဲ၏ ကွာတားဖိုင်နယ် ( ဒီဇင်ဘာ ၁၇ ရက်နေ့ ) အဆင့်တွင် မလေးကစားသမားကို အစီးထိုးသတ်ပြီး အနိုင်ရခဲ့သည့် စိုးလင်းဦးက ထိုင်းက စားသမားကိုလည်းကောင်း ၊ ဇင်မာခိုင်က ထိုင်းကစားသမား ကိုလည်းကောင်း အမှတ်ဖြင့် ရှုံးခဲ့ ရခြင်းကြောင့် ဗိုလ်လုပွဲသို့ တက်ရောက်ခွင့် ဆုံးရှုံးခဲ့ပြီး တတိယနေရာ အတွက်သာ ယှဉ်ပြိုင်ရတော့ မည် ဖြစ်သည်။ ကျန်မြန်မာမွေကစားများဖြစ်သော တူးတူးက လာအို ကစားသမားကို လည်းကောင်း၊ ထွန်းထွန်းမင်းက ဗီယက်နမ် ကစားသမားလည်းကောင်း ၊ သူဇာဟန်က လာအို ကစားသမားကိုလည်းကောင်း အသီးသီး အနိုင်ယူခဲ့ကြသဖြင့် ၂၁ ရက်နေ့ ဗိုလ်လုပွဲ ဆက်လက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
မြန်မာ့လက်ဝှေ့ကျော်များ SEA Games မွေဗိုလ်လုပွဲတွင် မွေအင်အားကြီးနိုင်ငံ ထိုင်း ကိုအနိုင်ရ ကာ ဆိုင်ရာဝိတ်တန်းများအလိုက် ရွှေတံဆိပ်များအသီးသီး ဆွတ်ခူးနိုင်ခဲ့ပါက မြန်မာ့ဘောလုံး အတွက် ရှုံးကြွေးဆပ်နိုင်မည်ဟုသည်ရသည် ။

No comments:

Post a Comment