Wednesday, December 18, 2013

လေးစားပါတယ် ဆရာဇော်

မြန်မာနိုင်ငံဘော်လုံးအဖွဲ့ ချုပ် ဥက္ကဋ္ဌ
 ဦးဇော်ဇော်၏ မြန်မာ ဘော်လုံး ပရိတ်
သတ် အပေါ် တာဝန်ယူမှု့  နဲ့  တာဝန်ခံမှု့ 
အတွက်အထူးပဲ ကျေးဇူးတင်ရှိပါကြောင်း အသိမှတ်ပြုပါရစေ
သူငယ်ချင်းတို့ ရေ.......။ ဘော် လုံး
ပွဲကြောင့် မျိုးချစ်စိတ်နဲ့  ပေါက်ကွဲ
ခဲ့တဲ့ မြန်မာ ပရိတ်သတ်တွေကို 
ရဲက ထိမ်းသိမ်းတယ်....။ နောက်နေ့ 
 မနက် ဦးဇော်ဇော်ကိုယ်တိုင် အဖမ်းခံထားရတဲ့ ဘော်လုံး ပရိတ်သတ် ၉ ဦးကို သင်္ကန်းကျွန်း
ရဲစခန်းကနေ အာမခံနဲ့  ပြန်လွှတ်ပေးဖို့ တောင်းဆိုပြီး ရဲစခန်းကလဲ ခံဝန်ချက် လက်မှတ်ဖြင့် ပြန် လွှတ်ပေးခဲ့တယ်..။ ၈ဦးက ရန်ကုန်က ၊ ၁ ဦးက မန်းလေးက လို့  သိရတယ်..။

ရန်ကုန်က ရှစ်ဦးကို ခရီးစရိတ် တစ်ဦးလျှင်ကျပ် ငါးသောင်း နှင့် မန္တလေးမှ လာရောက် အားပေးသော အမျိုးသား တစ်ဦကို ခရီးစရိတ် ကျပ် တစ်သိန်းကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က ခရီးစရိတ်ပေးခဲ့သေးတယ်...။ “ဘောလုံးကို ချစ်လို့ မရည်ရွယ်ဘဲ ဖြစ်ခဲ့တဲ့ ပြဿနာမှာ ထိန်းသိမ်းခံထားရ တဲ့ ပရိသတ်အတွက် ပြန်လည်လွှတ်ပေးဖို့ ကျွန်တော်ကိုယ်တိုင် မေတ္တာရပ်ခံအပ်တာပါ။ မျိုးချစ်စိတ်ကြောင့်ဖြစ်ရတဲ့အတွက် သူတို့တွေအချုပ် ခန်းထဲမှာရှိနေသရွေ့ကျွန်တော်ဘယ်လိုမှအိပ်ပျော်နိုင် မှာ မဟုတ်ပါဘူး ”ဟုဘော လုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က ရင်ထဲက စကားကို ဖော်ပြခဲ့သေးတယ်...။ သူဟာ ခရိုနီ တစ်ဦး ဆိုပေ မယ့် မြန်မာ ဘော်လုံးလောကကို အောင်မြင်မှု့ တွေ ရရှိအောင် အရင်က မျိုးလှိုင်ဝင်းတို့  ၊ သန်းတိုးအောင်တို့  လက်ထက်ကလဲ မြန်မာ အတွက် အောင်မြင်မှု့ တွေ ကို သူ ကြိုးစားပေးခဲ့ တယ်..အခုလဲ ကြိုးစားနေတုန်းပဲ..။ မြန်မာ ဘော်လုံးဆိုတာနဲ့  ဦးဇော်ဇော်နဲ့  တွဲလျှက် ခုချိန်ထိ သူနဲ့ အတူ ရှိနေတုန်းပဲ..။ငွေအား လူအား အကုန်သူစိုက်ထုတ်ခဲ့တာ ငြင်းလို့ မရပါဘူး ...မြန်မာဆို တဲ့  အောင်မြင် မှု့ အတွက်ပဲ..။
အဲတော့ ခရိုနီတွေထဲမှာမှ ပြည်သူ့ အတွက် အောင်မြင်မှု့ ဆိုတာကို သူ့ ရင်ထဲမှာ ရှိနေတဲ့ အသိလေးကို ကျွန်တော်တို့ တွေ အသိမှတ်ပြုပေးစေချင်တဲ့ ဆန္ဒ သက်သက် အတွက် ဒီ Post ကို တင်လိုက်ရတာပါ..။ ခရိုနီတွေထဲကမှ ဒီတစ်ယောက်ပဲ ကိုယ်တို့  ထုတ်ပြလို့ ရမယ်..အဲဒီအတွက် ကိုယ်တို့ တွေ ၀မ်းသာ ကြိုဆိုရမယ်..။ အခုလဲ ဦးဇော်ဇော်ရဲ့  မြန်မာ ဘော်လုံး ပရိတ်သတ် အပေါ် သူ့ ရဲ့ တာဝန်ယူမှု့  နဲ့  တာဝန် ခံမှု့ ကို ကျွန်တော်တော့ လုံးဝ အသိမှတ်ပြုတယ်ဗျာ..။ ဘော်လုံး ပရိတ်များနှင့် ထပ်တူ လေးစားလျှက် …..
ဘစည်(စင်ကာပူ) 18.12.2013
★ သူဟာ ခရိုနီ တစ်ဦး ဆိုပေမယ့် မြန်မာ ဘော်လုံးလောကကို အောင်မြင်မှု့ တွေ ရရှိအောင် အရင်က မျိုးလှိုင်ဝင်းတို့  ၊ သန်းတိုးအောင်တို့  လက်ထက်ကလဲ မြန်မာ အတွက် အောင်မြင်မှု့ တွေ ကို သူ ကြိုးစားပေးခဲ့တယ်..အခုလဲ ကြိုးစားနေတုန်းပဲ ။
★ မြန်မာ ဘော်လုံးဆိုတာနဲ့  ဦးဇော်ဇော်နဲ့  တွဲလျှက် ခုချိန်ထိ သူနဲ့ အတူ ရှိနေတုန်းပဲ ။
★ ငွေအား လူအား အကုန်သူစိုက်ထုတ်ခဲ့တာ ငြင်းလို့ မရပါဘူး ...မြန်မာဆိုတဲ့ အောင်မြင်မှု့ အတွက်ပဲ ။
ပညာရှိ သတိလက်လွပ် တခါတလေ ဖြစ်တတ်တာမို့ သတိပေးပါရစေ .....
“ ပွဲဆူအောင်လုပ်ပြီး ဖျာခင်းရန် ကြိုးစားနေသူတွေကိုတော့ အထူးသတိထားပါ ဆရာ။ ”

FROM-KO JHON

No comments:

Post a Comment