Thursday, December 19, 2013

မျှတကောင်းမွန်မှန်ကန်တဲ့ အဖြေ

  မေး-သမ္မတဦးသိန်းစိန်က 
သူ့ရဲ့လက်ထက်မှာ ပုံရိပ်ကောင်း
ရနိုင်ဖို့ဒီပွဲကိုကျင်းပတာ လို့
 ပြောကြပြန်တယ်။ ဒါကိုရော 
ဘာပြောလိုပါသေးလဲခင်ဗျ။
ဖြေ-ကျွန်မတစ်ခု ပြောပါ့ မယ်။ ကျွန်မတို့က အတိုက်အခံပါတီပါ။
အတိုက်အခံ ဆိုတာ က အစိုးရ လုပ်တိုင်း အတိုက်အခံလိုက်လုပ်နေရတာမဟုတ်ပါဘူး။ ကျွန်မတို့ကအစိုးရရဲ့ ပျော့ကွက်၊မှား ကွက် ရှိတာကို ထောက်ပြဝေဖန်ပြရမယ့် ပါတီပါ။ကောင်းတယ် ဆိုတဲ့ဟာ ကို လည်းကောင်း တယ်လို့ ပြောရမယ့်ဝတ္တရားရှိပါတယ်။
ဦးသိန်းစိန် သမ္မတ ဖြစ်လို့ ဒီပွဲကြီးပဲလုပ်လုပ်၊ ကျွန်မ တို့ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် ပဲ သမ္မတ ဖြစ် လို့ လုပ်လုပ် ဒါကလုပ်ကိုလုပ်ရမယ့် အလုပ်ဆိုရင် မည်သည့် အစိုးရပဲဖြစ်ဖြစ် လုပ်ရ မှာပဲ။တာဝန် ကျလာတယ် ဆိုရင် အောင်မြင်အောင် လုပ်ရမှာ က သူ့တာဝန်ပဲလေ။ဒါဆိုကျွန်မတို့ က ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မှ ဒီပွဲလုပ်တာကိုအားပေးရ မှာလား။
ဦးသိန်းစိန်လုပ်လို့ အားမပေးရတော့ဘူးလား။
ဒေါ်စန္ဒာမင်း(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) -

No comments:

Post a Comment