Wednesday, December 18, 2013

ရန်ကုန်ကနေ ဘန်ကောက်ကို ကားဖြင့် ၁၂ နာရီနဲ့ အရောက်ပို့မဲ့ အဝေးပြေးမော်တော်ယာဉ်လိုင်းပေါ်ထွက်လာ

 

ဘန်ကောက်က ခရီးသည် ပို့ ဆောင်ရေး ကုမ္ပဏီ တခုက ၂ ထပ်အဲကွန်း ဘတ်စ်ကား၊ ဓာတ်ပုံ-vntbusinessgroup Yangon Air Bus Taxi ဆိုတဲ့ မော်တော်ယာဉ် လိုင်း သစ်ကနေ လာမယ့် ၂၀၁၄ ခုနှ စ် မြန်မာ-ထိုင်း နှစ်သစ် ကူး ပွဲတော် အမီ ပြေးဆွဲသွားမယ့် လူ ၁၂၀ ဆန့်တဲ့၂ ထပ် အဲကွန်း ဘတ်စ်ကားတွေနဲ့ မြန်မာနိုင်ငံ
သား ခရီးသည် တဦးကို ကျပ် ၃ သောင်း၊ နိုင်ငံခြားသား ခရီး
သည် တဦးကို အမေရိကန်ဒေါ်လာ ၄၀ နှုန်းနဲ့ပြေး ဆွဲပေးမှာဆိုတဲ့ အကြောင်း ဒီကနေ့ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြထားပါတယ်။
ခရီးစဉ်ကတော့ ရန်ကုန်- သထုံ- ဖားအံ- ကော့ကရိတ်- မြဝတီ- မဲဆောက်- ဘန်ကောက်ဖြစ် ပြီး မောင်းနှင် ချိန် ၁၂ နာရီနဲ့ နေ့ချင်း အရောက် ပို့ဆောင်ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံ ဘန်ကောက်ကို ဈေးဝယ်ထွက်ချင်သူ၊ အလည်သွားချင်သူတွေနဲ့ ထိုင်းနိုင်ငံက တဆင့် မြန်မာနိုင်ငံ ရန်ကုန်မြို့ကို ဘတ်စ်ကားနဲ့ အလည်သွားချင်သူတွေ၊ ခရီးလမ်း တလျှောက် တောတောင် သဘာဝအလှတွေကို ကြည့်ရှု ခံစားလိုသူတွေအတွက် သတင်းကောင်း တပုဒ် ဖြစ်ပါလိမ့် မယ်။

အိမ့်သံစဉ် ~

No comments:

Post a Comment