Wednesday, December 18, 2013

အင်တာနက်ပေါ်မှာ ပျံ့နှံ့နေတဲ့ "သတိမြန်မာဘောလုံးအကြောင်း မပြောရ" ဆိုသော ဆိုင်းဘုတ်ကြောင့် ၀န်ကြီး ဦးရဲထွဋ်ကိုယ်တိုင် ဘောလုံးအကြောင်း မပြောရဲဘဲ ပြန်လာခဲ့ရဟုဆို

အဆိုပါ ဓာတ်ပုံလေးကို စာဖတ်သူတွေ သိပြီးဖြစ် မှာပါ။ ဒါပေမဲ့ ဒီဓာတ်ပုံကို ဘယ်သူရိုက်လာလဲ ဆိုတာကတော့ သိချင်မှာ သိကြမှာပါ။
ယခု အဖြေပေါ်ပါပြီ။ ရိုက်တဲ့လူက နှယ်နှယ်ရရ ပုဂ္ဂိုလ်မဟုတ်ပါဘူး။
အင်မတန် လူသိများတဲ့ ၀န်ကြီး တစ်ပါးဖြစ်တဲ့ ဦးရဲထွဋ်ပဲဖြစ်ပါတယ်။ အဆိုပါ ဆိုင်းဘုတ် က စာသားကြောင့်ဦးရဲထွဋ်ကိုယ်တိုင် ဘောလုံး
အကြောင်း မဟ ရဲဘဲ တိတ်တိတ်လေးပြန်လာ ရတယ် ဆိုတာကို သူ့ရဲ့ Faccbook မှာ ယခု  လို ၀န်ခံထားပါတယ်။
ဒီနေ့မနက် နေပြည်တော်ကို ပြန်ရောက်ပြီး ရုံးကိုအလာ မြို့မဈေးမှာ လေ၀င်ထိုးရင်း ကားပြင်အလုပ်ရုံတစ်ခုမှာတွေ့ခဲ့ရတဲ့ ဆိုင်း ဘုတ်လေးပါ။
ခွင့်တောင်းပြီး ဓာတ်ပုံရိုက်ခဲ့ပါတယ် ။ ဒါပေမယ့် မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းကိုဆက်ပြီးအားပေးဖို့ကိုတော့ ဆိုင်းဘုတ်ကြောင့် မပြောခဲ့ရပါဘူး။

No comments:

Post a Comment