Wednesday, December 18, 2013

ယနေ့ညမှာ ထိုင်းနှင့် ယှဉ်ပြိုင်မည့် မြန်မာအမျိုးသမီးဘောလုံးအသင်း၏ ပွဲကိုကြည့်ရှုရန်လက်မှတ်ဝယ်ယူမှု ဆီးဂိမ်းသမိုင်းတစ်လျှောက် အများဆုံးအဖြစ် စံချိန်တင်

လက်မှတ်လာဝယ်သူများကို မြန်မာအမျိုးသမီးအသင်းမှ
ကစားသမားများ နှုတ်ဆက်နေစဉ်

မြန်မာအမျိုးသမီးအသင်းသည် ယနေ့ ည(၇း၃၀)နာရီတွင်
 မန္တလာသီရိကွင်း၌ အစဉ်အလာ ပြိုင်ဘက် ထိုင်းအသင်းနှင့် 
 ဆီမီးဖိုင်နယ်ပွဲ ယှဉ်ပြိုင် ကစားမည်ဖြစ်ပါသည်။ အဆိုပါ 
ပွဲစဉ်အတွက် တခဲနက် အားပေးမည့် ပရိသတ်များမှာ 
လက်မှတ်များ ရရှိရန် စနစ်တကျ တန်းစီဝယ်ယူခဲ့ကြပြီး 
ကွင်းလုံးပြည့် လာရောက်ကြည့်ရှုကြမည် ဖြစ်ပါသည်။ 
ဆီးဂိမ်းစ် သမိုင်းတလျှောက် အမျိုးသမီး ဘောလုံး ပွဲ
စဉ်များအား ပရိသတ်အားပေးမှုမှာ ယခုနှစ် ဆီးဂိမ်းစ်
သည် စံချိန်တင် များပြားခဲ့ပြီး ပရိသတ် ၃၀၀၀၀
 (သုံးသောင်း) ဆံ့ကွင်းပြည့်လုနီးပါးအထိ ရှိခဲ့သည်။

မြန်မာအမျိုးသမီး အသင်းသည် ယနေ့ ဆီမီးဖိုင်နယ် 
ပွဲစဉ်အား အနီရောင် ဂျာစီဖြင့် ပြိုင်ဘက် ထိုင်းအသင်း
ကို ပရိသတ်ရှေ့မှောက် အနိုင်ရရှိရန် အစွမ်းကုန် ယှဉ်ပြိုင် 
ကစားသွားမည်ဖြစ်ပါသည်။
By MFF

No comments:

Post a Comment