Wednesday, December 18, 2013

မြန်မာအမျိုးသမီးဘောလုံးအသင်း၏ ရွှေတံဆိပ်အတွက် ကျော်ဖြတ်ရမည့်အတားအဆီးတစ်ခု

ယနေ့ညနေ (၇း၃၀) တွင် မန္တလာသီရိ
အားကစားကွင်းမှာ ဆီးးမီးဖိုင်နယ် 
ဒုတိယပွဲစဉ်အဖြစ် အိမ်ရှင်မြန်မာ
အမျိုးသမီးနှင့် ထိုင်းအမျိုးသမီးဘော
လုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြမည်
 ဖြစ်ပါတယ်။
အိမ်ရှင်မြန်မာ အသင်းနဲ့ ထိုင်းအသင်းတို့သည် ဆီးဂိမ်းပြိုင်ပွဲများတွင်ခါးသီးပြိုင်ဘက်ကောင်း
များဖြစ်ခဲ့ပါတယ်။ မြန်မာအမျိုးသမီးအသင်း

သည်ဆီးဂိမ်းဘောလုံးပြိုင်ပွဲများတွင် နှစ်တိုင်းဆုရရှိခဲ့ပြီး၊ဒုတိယဆု(၃)ကြိမ် နှင့်တတိယဆု(၄)ကြိမ်ရ ရှိဖူးထားပါတယ်။အာဆီယံချန်ပီယံရှစ်မှာချန်ပီယံနှစ်ခါဖြစ်ဖူးခဲ့ပေမည့်လည်းဆီးဂိမ်းပြိုင်ပွဲမှာ ရွှေ

မရဘူးသေးတဲ့ မြန်မာအနေနဲ့ ဒီနှစ်မှာတော့ရယူသွားနိုင်မယ်လို့မျှော်လင့်ပါတယ်။
ထိုင်းအသင်းသည် တဖက်အုပ်စုမှာ လာအို နဲ့ မလေးရှားတို့ကိုဂိုးပြတ်နိုင်ပြီး အုပ်စု ပထမနဲ့ တက်ရောက်လာတာပါ။ မြန်မာအမျိုးသမီးအသင်းကတော့ ဖိလစ်ပိုင်ကို (၂)ဂိုး ဂိုးမရှိဖြင့်အနိုင်ရပြီး၊ ဗီယက်နမ်ကိုအကောင်းဆုံးယှဉ်ကစားနိုင်ခဲ့သော်လည်း ပွဲအစပိုင်းမှာ ပေးလိုက်ရ တဲ့ပေးဂိုး တစ် ဂိုးကြောင့် ရှုံးနိမ့်ခဲ့ရလို့ အုပ်စုဒုတိယနဲ့ပဲ တက်လာနိုင်တာပါ။လက်ရှိမှာလည်း အကောင်း ဆုံးခြေစွမ်းများရှိနေတာကြောင့်ထိုနှစ်သင်းပြိုင်ပွဲဟာ အကြိတ်အနယ်ရှိမှာပါ။ အထူးသဖြင့်
နှစ်သင်း စလုံးက လာမည့် ၂၀၁၄ အာရှဖလားဘောလုံးပြိုင်ပွဲမှာ ခြေစစ်ပွဲအောင်ထားကြပြီး တစ်အုပ်စုတည်းကျရောက်နေကြပါတယ်။ဒါကြောင့် ယနေ့ပွဲစဉ်ဟာ နှစ်သင်းစလုံးအတွက် ဒီပြိုင်ပွဲမှာလည်းအရေးကြီးသလို နောက်ပြိုင်ပွဲကြိုတင်ပြင်ဆင်မှုနဲ့ယုံကြည်မှုပိုမိုတိုးစေရေးအတွက်

လည်း အရေးပါလှတဲ့ ပွဲတစ်ပွဲဟုခန့်မှန်းမိကြောင်းပါ။

မြန်မာပရိတ်သတ်ကလည်း အရင်နေ့များက အမျိုးသားအသင်းကိုအားပေးတာနဲ့ တန်းတူကြည့်ရှု့ အားပေးကြမည်ဟုသိရပြီး၊ ညအိပ်ပြီးကွင်းဝင်ခွင့်လက်မှတ်ရရှိရေး စောင့်ဆိုင်းအားပေးကြ
ကြောင်းကိုလည်း သိရပါတယ်။ မြန်မာအမျိုးသမီးအသင်းအောင်နိုင်ပါစေ။ရွှေဆုနဲ့လက်တကမ်း
အကွာသို့ရောက်နိုင်ပါစေ..။။

(ပရိတ်သတ်တွေက ကြည့်ဖို့တက်ကြွ၊ မီဒီယာတွေကလည်း ယုံကြည်မှုတွေအတွက်နှိုးဆွ၊ ရင်ခုန်နှုန်းအပြည့်နဲ့ သွားအားပေးကြ၊ နောက်ဆုံးမှာ နောက်တစ်ခေါက် ထပ်ဝမ်းမနည်းချင်ဘူးဗျာ။
သတင်းရေးတဲ့သူလည်း ပိုပြီးခံစားရသလိုကစားသမားအကြောင်းတွေကိုအတော်အသင့်လည်းသိတော့
အမျိုးရင်းတွေ မအောင်မြင်ရင် စိတ်မကောင်းမိဘူး။ဒီနေ့တော့ အရဲစွန်ယုံကြည်ချင်တယ်။ နိုင်မှာ ပါ။ဘာကြောင့်လဲဆိုတော့တစ်ဦးချင်းကော၊အဖွဲ့လိုက်ကောစိတ်ဓာတ်ကောင်းတယ်။ဗီယက်နမ်နဲ့

တုန်း က ရှုံးခဲ့ပေမည့်လည်း ကျေနပ်တယ်ကြိုးစားခဲ့ကြတယ်။ ယနေ့ပွဲတော့တိုက်စစ်မှုးတွေ ဂိုးသွင်းနိုင်ဖို့လိုအပ်နေတယ်။အသင်းမှာ အဓိက အားနည်းချက်ကအက်ဒါဖြစ်နေတယ်။ အောင်မြင် ပါစေ မြန်မာ အမျိုးသမီးများ !!!)
အွန်လိုင်းကအားပေးမည့် ပရိတ်သတ်တွေအတွက်ကတော့channel အားလုံးက ထုတ်လွင့်ပြသမည်ဟုသိရပါတယ်။
http://www.mrtv4.tv/
http://myanmartvchannel.com/mrtv.html
မှာလည်းပြသမည်ဟု သိရပါတယ်။

No comments:

Post a Comment