Friday, December 27, 2013

အာရှဖလားပြိုင်ပွဲသို့ ဝင်ရာက်ယှဉ်ပြိုင်မည့်မြန်မာ ယူ-၂၂ အသင်း

အသက်၂၂ နှစ်အောက်အာရှဖလားပြိုင်ပွဲသို့ ဝင်ရာက်ယှဉ်ပြိုင်မည့်မြန်မာ ယူ-၂၂ အသင်းသည် ယနေ့ညနေ ၄နာရီတွင် ဧရာဝတီယူနိုက်တက်အသင်းနှင့် အောင်ဆန်းကွင်းတွင်ခြေစမ်းပွဲယှဉ်ပြိုင် ကစားခဲ့ရာ ၄ဂိုး ၁ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။ အိုမန်နိုင်ငံတွင်ကျင်းပမည့် အဆိုပါ အာရှဖလား ယူ-၂၂ ပြိုင်ပွဲတွင် အရှေ့တောင်အာရှဒေသမှ မြန်အသင်းတစ်သင်းသာခြေစစ်ပွဲအောင်မြင် ခဲ့ခြင်းဖြစ် သည်။မြန်မာ ယူ-၂၂ အသင်းသည် ထိုင်းနိုင်ငံသို့ သွားရောက်လေ့ကျင်မည်ဖြစ်ပြီး ထိုင်းပရီးမီးယား လိဂ်မှ အသင်းအချို့ဖြင့်ခြေစမ်းပွဲများကစားသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

No comments:

Post a Comment