Thursday, December 19, 2013

ဘာကြောင့်အရေးတကြီး လုပ်ဆောင်ချင်နေရတာလဲ ?

From : We Love True
၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး
ကိုဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့  
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်NLDအနေနဲ့ 
ဘာကြောင့်အရေးတကြီးလုပ်ဆောင်နေပါသလဲ။
 ပြည်သူတွေကိုစုစုဝေးဝေး လာရောက်ဖို့ 
ဖိတ်ခေါ်ပြီး ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ
အပေါ် သိက္ခာချပွဲတွေ ကျင်းပနေရပါသလဲ…ဆိုတဲ့မေးခွန်းကိုပြည်သူ
တစ်ဦးအနေ နဲ့မေးချင်ပါတယ်။ ဒီလိုမေးချင်တာအကြောင်းရှိပါတယ်။ အဲဒါကတော့ တည်ငြိမ်အေးချမ်းမှုတွေပျက်ပြားပြီးဆင်းရဲ
သားတွေရဲ့မကျေနပ် မှုတွေပေါက်ကွဲကုန်မှာစိုးရိမ်လို့ပါပဲ။ လူတွေ စုပြုံပြီး လမ်းပေါ်ရောက်လာခဲ့ရင် ချမ်းသာလှတဲ့ ထိုင်းနိုင်ငံ အဖို့ မသိသာလှပေမယ့် ဆင်းရဲနေ တဲ့မြန်မာနိုင်ငံ အဖို့တော့ စိုးရိမ်စရာကောင်းပါတယ်။ ဒါကြောင့်
ဒီမေးခွန်းကို မေးချင်တာပါ။
၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေဘက်ကနေလိုက်ပြီး အကောင်းမြင်ဝါဒနဲ့ ပြောနေတာမဟုတ်ပါဘူး။ ၂၀၀၈ခုနှစ် အခြေခံဥပဒေကို ပြင်ဆင်ဖို့ လွှတ်တော်ကနေ ဆုံးဖြတ်လုပ်ဆောင်နေဆဲ မို့ စောင့် ကြည့် သင့်တဲ့ အနေအထားမှာပဲဖြစ်သင့်ပါတယ်။
မြန်မာနိုင်ငံမှာသင်ခန်းစာယူမယ်ဆိုရင်အများကြီးပါပဲ။ ၁၉၈၈ခုနှစ် ကနေ အနှစ်(၂၀)ကျော် လုံး လုံး စစ်တပ်ကအုပ်ချုပ်သွားတာဟာ တကယ့်တရားခံ အစစ်က ဆန္ဒတွေစောခဲ့လို့ပါပဲ။ လုပ်သင့် တာ ကိုမလုပ်ခဲ့ဘဲ ဆန္ဒတွေစောခဲ့လို့ အဲဒီတုန်းက သမ္မတက(၃)လအတွင်း ရွေးကောက်ပွဲလုပ်ပေး မယ်။ သူတို့အစိုးရတစ်ဖွဲ့လုံးဝင်ပြီး အရွေးမခံဘူးဆိုပြီး ကတိပေးခဲ့တာကို လက်ခံသင့်ပါလျက်နဲ့ လက်မခံဘဲ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆိုးလာ တာကြောင့် စစ်တပ်က နေရာရသွားခဲ့တာပါ။
အဲဒီတုန်းကသာ အာဏာရအစိုးရက ပေးတဲ့အခွင့်အရေးကိုကောင်းမွန်စွာ အသုံးချခဲ့ရင်အခုဆိုရင် ဒီမိုကရေစီရတာနှစ်ပေါင်းအစိတ်ကျော်ပါပြီ။ ဒါဟာသင်ခန်းစာ ယူသင့်တဲ့ကိစ္စတစ်ရပ်ပါ။ ပေးပါ့ မယ် ဆိုတာ ကိုမရဘူး..အခုချက်ချင်းပေးလို့ တောင်းဆိုခဲ့တဲ့အမှားကြောင့် အနှစ်(၂၀)ကျော် လုံးလုံး ဒီမိုကရေစီမရခဲ့တာ ပါပဲ။အခုလဲ ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို တရားဝင်လမ်းကြောင်းကနေလုပ်ကိုင်နေတာ လေးကို NLD အနေနဲ့စောင့်ကြည့် သင့်ပါတယ်။ အခုတော့ဒီလိုမဟုတ်ဘဲ ပြည်သူတွေ စုစုဝေးဝေးနဲ့ ဆူဆူ ပူပူဖြစ်အောင်လမ်းကြောင်းပေး သလိုဖြစ်နေ ပါတယ်။လွှတ်တော်ကလဲပြင်ဆင်မယ်၊ပြည်သူတွေကလဲ ပြင်ချင် တယ်ဆိုရင် ပြင် ဖို့ပဲ ရှိပါတော့တယ်။
NLD အဖွဲ့အနေနဲ့ငွေကြေးအမြောက်အမြားအကုန်အကျခံပြီး အလံတွေလုပ်၊ဆိုင်း ဘုတ်တွေထောင်၊ လူထုတွေစုဝေးခိုင်းပြီး လုပ်နေတာဟာ ပွင့်ပွင့်လင်းလင်းပြောရယင် အပိုအ လုပ်တွေဖြစ်နေပါတယ်။ ၂၀၁၅ ခုနှစ်ကိုရောက်ဖို့ကြားမှာ၂၀၁၄ခုနှစ်၊ တစ်နှစ်လုံးကျန်ပါသေး တယ်။ ပြောရမယ်ဆိုရင်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ အချိန်လုံလုံ လောက်လောက်ရှိနေ ပါသေးတယ်။ NLD အနေနဲ့ဖွဲ့စည်းပုံပြင်ဆင်ရေးကို အကြောင်း ပြပြီးလူထုကိုမဲဆွယ်နေတာလား။ ငြိမ်သက်နေတဲ့ပြည်သူတွေကို စိတ်ခံစားမှုတွေပေးနေတာလား။ ဒါတွေ ဟာမဖြစ်သင့်ပါဘူး။
အခု လဲ လွှတ်တော်ကနေ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်ရမယ့် အချက်တွေထဲကမှ ဘယ်လို ပြင်ဆင်ကြမယ်ဆိုတဲ့အဖြေကို ရှာကြရမှာပါ။
အဲဒီကရလာတဲ့အဖြေပေါ်မူတည်ပြီးမှ NLD က ဆက်လက် လုပ်ဆောင့် သင့်ပါတယ်။ အခုဟာ ကတော့ စစ်မရောက်ခင် ကထဲကမြားကုန်အောင် ပစ်နေသလိုပါပဲ။ လက်ရှိ အစိုးရကလဲ ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြီးကိုမပြင်ဘူးဆိုပြီးသော့ခတ်ထားတာမဟုတ်ပါဘူး။ ဥပဒေ ပြုရေးအာဏာရှိတဲ့ လွှတ်တော်အဆင့်ဆင့်ကလည်း မပြင်ဘူးဆိုပြီး တင်းခံနေတာမ ဟုတ်ပါဘူး။ လူပေါင်း ရာကျော်ပါတဲ့ ကော်မတီတစ်ရပ်ဖွဲ့ပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေးလုပ်နေပါလျက် NLDကဘာကြောင့် အရေး တကြီးလုပ်ဆောင်ချင်နေရတာပါလဲဆိုတဲ့ မေးခွန်းကိုမေးချင်ပါတယ်။
မျိုးချစ်ခင်

No comments:

Post a Comment