Friday, December 27, 2013

KIA တပ်မဟာ(၁)မှ အမျိုးသမီး ၇ ဦး တပ်မတော်နှင့် လာရောက် ပူးပေါင်း

၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက်နေ့
တွင် KIA တပ်မဟာ(၁)မှ အမျိုးသမီး 
၇ ဦးသည် နီးစပ်ရာ တပ်စခန်း
သို့ လာရောက် ပူးပေါင်းကာ လက်
နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ခဲ့
 ကြောင်း သိရသည်။
၎င်းတို့၏ ပြောပြချက်အရ KIA အတွင်း အမျိုးသမီးများသည် တန်းတူ ညီမျှသော အခွင့်အရေး များ မရရှိခြင်း၊ အနိုင်ကျင့် ခံရခြင်းများ ကြောင့် ဖြစ်ကြောင်း၊ ထို့ပြင် KIA ခေါင်းဆောင်များ အနေဖြင့် အမျိုးသမီးငယ် များအား ၄င်းတို့ စိတ်ကြိုက် ရွေးချယ်ပြီး ၄င်းတို့၏ အနားတွင် အဖျော်ဖြေခံ ကာမ ကျေးကျွန်း များအဖြစ် ထားရှိကာ ကျန် ကလေးမိခင်များ၊ တစ်ခုလပ် မုဆိုးမ များအား တိုက်ပွဲ ဖြစ်ပွားရာ ရှေ့တန်းစစ်မျက်နှာ များသို့ စေလွှတ်ကာ အသေခံ တိုက်ခိုက်စေခြင်း များကြောင့် ဖြစ်ကြောင်း၊ ၄င်းတို့ အနေဖြင့် အဆိုပါ လုပ်ရပ်များကို မခံမရပ်နိုင်၍ ယခုလို လာရောက် ရခြင်း ဖြစ်ကြောင်း၊ မိမိတို့ အမျိုးသမီး ၇ ဦးတွင် လည်း အပျိုစင် တစ်ဦးမှ မပါရှိဘဲ ကလေးအမေ၊ တစ်ခုလပ် မုဆိုးမများသာ ဖြစ်ပါကြောင်း ရင်ဖွင့် ပြောကြား ကြသည်။
၎င်းတို့နှင့် အတူ အမ်(၂၂) ၂ လက်၊ ၄င်းကျည် ၁၂၀ တောင့်၊ ကျည်အိမ် ၆ ခု။ အမ်(၂၁) ၁ လက်၊ ၄င်းကျည် ၄၀ တောင့်၊ ကျည်အိမ် ၃ ခု၊ တရုတ် လက်ပစ်ဗုံး ၃ လုံး၊ လမ်းလျှောက် စကားပြောစက် ၁ လုံး တို့ ပါရှိကြောင်း သိရှိရသည်။

(စင်္ကာပူဖီး)

No comments:

Post a Comment